ၾကားသိသမွ်

စစ်အုပ်စု၏ စာမေးပွဲဖြေဆိုထားသူများကို တက္ကသိုလ် ဝင်ခွင့် လက်မခံဟု ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီထုတ်ပြန်

စစ်အုပ်စု၏ စာမေးပွဲဖြေဆိုထားသူများကို တက္ကသိုလ် ဝင်ခွင့် လက်မခံဟု ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီထုတ်ပြန်

MFP ၊ ဧပြီ – ၂

စစ်အုပ်စုက ပြုလုပ်သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူများကို ဝင်ခွင့်လက်ခံသွားမည်မဟုတ်ဟု ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

ရတနာပုံတက္ကသိုလ်သည် စစ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်တော်လှန်ခဲ့သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသား ရာနှုန်းပြည့်နီးပါးက CDM တွင် ပါဝင်ထားကြသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး၏ တော်လှန်ရေးဖြစ်ရပ်များကို မျက်ကွယ်ပြု၍ မိမိ၏ အကျိုးစီးပွားအတွက် စစ်ကောင်စီဖွင့်လှစ်သော အတန်းများအား တက်ရောက်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ဝင် စာမေးပွဲများကို ဖြေဆိုခြင်းများကို ပြုလုပ်နေကြသူများအား တွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တော်လှန်ရေးကို မျက်ကွယ်ပြုကာ စစ်အုပ်စုထောက်တိုင်များအဖြစ် ပါဝင်ကြသူ မည်သူကိုမဆို ရတနာပုံတက္ကသိုလ်က ပြင်းထန်စွာ ရှုတ်ချပြီး စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုထားသူများအား ရတနာပုံတက္ကသိုလ်က သစ္စာဖောက်လောက်ကောင်များအဖြစ် သတ်မှတ်၍ တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျောင်းသားကျောင်းသူ သုံးသိန်းကျော် ဝင်ရောက်ဖြေဆိုမည်ဟု စာရင်းပေးခဲ့သည့်အနက် သုံးသောင်းကျော်(၁၀ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများ၊ အကျဉ်းကျနေသူများ၊ CDM ဝန်ထမ်းများနှင့် မြေပေါ် မြေအောက် တော်လှန်နေကြသူများကို ငဲ့ကွက်၍ စစ်ကောင်စီက ဖွင့်လှစ်သော ကျောင်းသင်တန်းများနှင့် စာမေးပွဲများကို သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

စစ္အုပ္စု၏ စာေမးပြဲေျဖဆိုထားသူမ်ားကို တကၠသိုလ္ ဝင္ခြင့္ လက္မခံဟု ရတနာပုံတကၠသိုလ္ ယာယီတကၠသိုလ္ေကာင္စီထုတ္ျပန္

MFP ၊ ဧၿပီ – ၂

စစ္အုပ္စုက ျပဳလုပ္သည့္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေျဖဆိုထားသူမ်ားကို ဝင္ခြင့္လက္ခံသြားမည္မဟုတ္ဟု ရတနာပုံတကၠသိုလ္ ယာယီတကၠသိုလ္ေကာင္စီက ယေန႔ထုတ္ျပန္သည္။

ရတနာပုံတကၠသိုလ္သည္ စစ္အာဏာသိမ္းမႈကို ပထမဆုံး ဆန႔္က်င္ေတာ္လွန္ခဲ့သည့္ တကၠသိုလ္တစ္ခုျဖစ္ၿပီး ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသူေက်ာင္းသား ရာႏႈန္းျပည့္နီးပါးက CDM တြင္ ပါဝင္ထားၾကသည္။

စစ္အာဏာသိမ္းၿပီးေနာက္ တစ္နိုင္ငံလုံး၏ ေတာ္လွန္ေရးျဖစ္ရပ္မ်ားကို မ်က္ကြယ္ျပဳ၍ မိမိ၏ အက်ိဳးစီးပြားအတြက္ စစ္ေကာင္စီဖြင့္လွစ္ေသာ အတန္းမ်ားအား တက္ေရာက္ျခင္း၊ စစ္ေကာင္စီလက္ေအာက္ခံ တကၠသိုလ္ဝင္ စာေမးပြဲမ်ားကို ေျဖဆိုျခင္းမ်ားကို ျပဳလုပ္ေနၾကသူမ်ားအား ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ေတာ္လွန္ေရးကို မ်က္ကြယ္ျပဳကာ စစ္အုပ္စုေထာက္တိုင္မ်ားအျဖစ္ ပါဝင္ၾကသူ မည္သူကိုမဆို ရတနာပုံတကၠသိုလ္က ျပင္းထန္စြာ ရႈတ္ခ်ၿပီး စစ္ေကာင္စီ၏ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုထားသူမ်ားအား ရတနာပုံတကၠသိုလ္က သစၥာေဖာက္ေလာက္ေကာင္မ်ားအျဖစ္ သတ္မွတ္၍ တကၠသိုလ္ဝင္ခြင့္ လက္ခံမည္မဟုတ္ဟု ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

စစ္ေကာင္စီ၏ တကၠသိုလ္ဝင္စာေမးပြဲကို တစ္နိုင္ငံလုံးအတိုင္းအတာႏွင့္ ေက်ာင္းသားေက်ာင္းသူ သုံးသိန္းေက်ာ္ ဝင္ေရာက္ေျဖဆိုမည္ဟု စာရင္းေပးခဲ့သည့္အနက္ သုံးေသာင္းေက်ာ္(၁၀ ရာခိုင္ႏႈန္း) ပ်က္ကြက္ခဲ့ေၾကာင္း စစ္ေကာင္စီ၏ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ေႏြဦးေတာ္လွန္ေရးတြင္ က်ဆုံးခဲ့ၾကသူမ်ား၊ အက်ဥ္းက်ေနသူမ်ား၊ CDM ဝန္ထမ္းမ်ားႏွင့္ ေျမေပၚ ေျမေအာက္ ေတာ္လွန္ေနၾကသူမ်ားကို ငဲ့ကြက္၍ စစ္ေကာင္စီက ဖြင့္လွစ္ေသာ ေက်ာင္းသင္တန္းမ်ားႏွင့္ စာေမးပြဲမ်ားကို သပိတ္ေမွာက္ၾကရန္ ေတာ္လွန္ေရးအင္အားစုမ်ားက ႏွိုးေဆာ္ထားသည္။