ၾကားသိသမွ်

မန္တလေး ကမ်းနားလမ်း ပေါ်တော်မူဈေးက ဝက်သား၊ အမဲသားတွေ စစ်အုပ်စု လုယူ

မန္တလေး ကမ်းနားလမ်း ပေါ်တော်မူဈေးက ဝက်သား၊ အမဲသားတွေ စစ်အုပ်စု လုယူ

MFP ၊ ဧပြီ – ၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း နှင့် အနောက်မြို့ပတ်ကမ်းနားလမ်း ရှိ ပေါ်တော်မူဈေး(မနက်ဈေး) အသားဆိုင်များက အသားများကို စည်ပင်နဲ့ရဲများက အကုန်သိမ်းယူသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့နံနက် (၆) နာရီ ဝန်းကျင်က စိန်ပန်း (၄၁) လမ်းအနီး မနက်ဈေးရှိ ဝက်သား၊အမဲသားဆိုင်များက အသားများကို သိမ်းယူသွားခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက MFP သို့ ပြောသည်။

” သေနတ်ပြ ခြိမ်းခြောက်ယူသွားတယ်လို့ ကြားမိတယ်၊ ဈေးခင်းစ အချိန်ပေါ့ “ဟု ၎င်းက ဆိုသည်။

အခြားတစ်ဦးကမူ ဈေးအတွင်းရှိ လိုင်စင်မဲ့ ရောင်းချသည့် ဝက်သား၊ အမဲအသားများကို သိမ်းဆည်းသွားခဲ့ခြင်း ဖြစ်ပြီး ငါးသည်များကို ပြဿနာရှာခြင်း မရှိခဲ့ကြောင်း ပြောဆိုသည်။

(၄၁) လမ်း ၊ မနက်ဈေးသည် သံလျက်မှော် အနောက်ရပ်ကွက်နှင့် စိန်ပန်းဒေသခံများ အဓိက ဝယ်ယူသော စည်ပင်အခွန်လွတ်ဈေး တစ်ခုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မန္တလေးရှိ ဈေးအချို့မှ ရောင်းချနေသည့်အသားများကို စစ်အုပ်စုက လုယူခဲ့ဖူသည်။
ဓာတ်ပုံ၊ CJ

မႏၲေလး ကမ္းနားလမ္း ေပၚေတာ္မူေဈးက ဝက္သား၊ အမဲသားေတြ စစ္အုပ္စု လုယူ

MFP ၊ ဧၿပီ – ၂

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၄၁ လမ္း ႏွင့္ အေနာက္ၿမိဳ႕ပတ္ကမ္းနားလမ္း ရွိ ေပၚေတာ္မူေဈး(မနက္ေဈး) အသားဆိုင္မ်ားက အသားမ်ားကို စည္ပင္နဲ႔ရဲမ်ားက အကုန္သိမ္းယူသြားခဲ့ေၾကာင္း ေဒသခံအခ်ိဳ႕က ေျပာသည္။

ယေန႔နံနက္ (၆) နာရီ ဝန္းက်င္က စိန္ပန္း (၄၁) လမ္းအနီး မနက္ေဈးရွိ ဝက္သား၊အမဲသားဆိုင္မ်ားက အသားမ်ားကို သိမ္းယူသြားျခင္း ျဖစ္ေၾကာင္း ေဒသခံ တစ္ဦးက MFP သို႔ ေျပာသည္။

” ေသနတ္ၿပ ၿခိမ္းေျခာက္ယူသြားတယ္လို႔ ၾကားမိတယ္၊ ေဈးခင္းစ အခ်ိန္ေပါ့ “ဟု ၎က ဆိုသည္။

အျခားတစ္ဦးကမူ ေဈးအတြင္းရွိ လိုင္စင္မဲ့ ေရာင္းခ်သည့္ ဝက္သား၊ အမဲအသားမ်ားကို သိမ္းဆည္းသြားခဲ့ျခင္း ျဖစ္ၿပီး ငါးသည္မ်ားကို ျပႆနာရွာျခင္း မရွိခဲ့ေၾကာင္း ေျပာဆိုသည္။

(၄၁) လမ္း ၊ မနက္ေဈးသည္ သံလ်က္ေမွာ္ အေနာက္ရပ္ကြက္ႏွင့္ စိန္ပန္းေဒသခံမ်ား အဓိက ဝယ္ယူေသာ စည္ပင္အခြန္လြတ္ေဈး တစ္ခုျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္လအတြင္းကလည္း မႏၲေလးရွိ ေဈးအခ်ိဳ႕မွ ေရာင္းခ်ေနသည့္အသားမ်ားကို စစ္အုပ္စုက လုယူခဲ့ဖူသည္။
ဓာတ္ပုံ၊ CJ