ၾကားသိသမွ်

တပ်မတော်မပြိုကွဲရေး မူးယစ်ဆေးနဲ့ ထိန်းနေရပြီလား (ရုပ်/သံ)

တပ်မတော်မပြိုကွဲရေး မူးယစ်ဆေးနဲ့ ထိန်းနေရပြီလား (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၂၂

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ရင်းတပ်မတွေမှာ မူးယစ်ဆေးသုံးစွဲနေတဲ့ တပ်သားတွေ များပြားလာ နေပြီး မထိန်းချုပ်နိုင်တဲ့အခြေအနေကိုရောက်နေပြီလို့ လက်ရှိစစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ တပ်မိသားစုဝင်တွေက ပြောပါတယ်။

စစ်သားတွေနဲ့ မူးယစ်ဆေး ပြသနာဟာ ဟိုးအရင်ထဲက မူးယစ်ဆေး အလွယ်တကူ ရနိုင်တဲ့တပ်တွေမှာ သုံးစွဲသူတွေ အများအပြားရှိနေတာဖြစ်ပြီး အခုချိန်မှာတော့ ရှေ့တန်းသွားတဲ့သူတွေရော နောက်ချန်တပ်တွင်း မှာပါ မူးယစ်ဆေးစွဲသူတွေ ပိုများလာနေတာ ဖြစ်ပါတယ်။

မူးယစ်ဆေးစွဲနေတဲ့ တပ်သားတွေကို တင်းကြပ်နိုင်မှုမရှိပဲ လူအင်အား အရေအတွက် ပြည့်မှီဖို့ကိုပဲ ဦးစားပေးနေရတာကြောင့် မူးယစ်ဆေးသုံးသူတွေကို မျက်ကွယ်ပြု ထားရတဲ့အခြေအနေကို ရောက်နေတယ်လို့ ဆိုပါတယ်။

တပ္မေတာ္မၿပိဳကြဲေရး မူးယစ္ေဆးနဲ႔ ထိန္းေနရၿပီလား (႐ုပ္/သံ)

ဧရာဝတီ၊ ဧၿပီ ၁၊ ၂၀၂၂

အာဏာသိမ္းစစ္ေကာင္စီရဲ့ တပ္ရင္းတပ္မေတြမွာ မူးယစ္ေဆးသုံးစြဲေနတဲ့ တပ္သားေတြ မ်ားျပားလာ ေနၿပီး မထိန္းခ်ဳပ္နိုင္တဲ့အေျခအေနကိုေရာက္ေနၿပီလို႔ လက္ရွိစစ္ေကာင္စီထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့ တပ္မိသားစုဝင္ေတြက ေျပာပါတယ္။

စစ္သားေတြနဲ႔ မူးယစ္ေဆး ျပသနာဟာ ဟိုးအရင္ထဲက မူးယစ္ေဆး အလြယ္တကူ ရနိုင္တဲ့တပ္ေတြမွာ သုံးစြဲသူေတြ အမ်ားအျပားရွိေနတာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ေရွ႕တန္းသြားတဲ့သူေတြေရာ ေနာက္ခ်န္တပ္တြင္း မွာပါ မူးယစ္ေဆးစြဲသူေတြ ပိုမ်ားလာေနတာ ျဖစ္ပါတယ္။

မူးယစ္ေဆးစြဲေနတဲ့ တပ္သားေတြကို တင္းၾကပ္နိုင္မႈမရွိပဲ လူအင္အား အေရအတြက္ ျပည့္မွီဖို႔ကိုပဲ ဦးစားေပးေနရတာေၾကာင့္ မူးယစ္ေဆးသုံးသူေတြကို မ်က္ကြယ္ျပဳ ထားရတဲ့အေျခအေနကို ေရာက္ေနတယ္လို႔ ဆိုပါတယ္။