ၾကားသိသမွ်

အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာ စစ်ကောင်စီစခန်းအား PDF သိမ်းပိုက်

အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာ စစ်ကောင်စီစခန်းအား PDF သိမ်းပိုက်

မဲခေါင်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ (ဧပြီ ၁) က မွန်းလွဲ ၁ နာရီအချိန်တွင် PDF တပ်ပေါင်းစုက သိမ်းပိုက်နိုင်ကြောင်း ZERO ပြောက်ကျားအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့်အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း ၊ တိုက်ပွဲဖြစ်ပွားချိန်(၂)နာရီကျော်ကြာမြင့်ခဲ့သည်ဟုဆိုသည်။

စစ်တပ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဆိုင်ကယ်(၃)စီးနှင့် စစ်ကောင်စီတပ်များက အယောင်ဆောင် အသုံးပြုလျက်ရှိသည့် လူနာတင်ယာဉ်လည်းလက်နက်ကြီးထိမှန်ပျက်စီးမီးလောင်ကျွမ်းခဲ့သည်။

အရာေတာ္ၿမိဳ႕နယ္ သစ္က်င္းႀကီးေက်းရြာ စစ္ေကာင္စီစခန္းအား PDF သိမ္းပိုက္

မဲေခါင္၊ ဧၿပီ ၂

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ သစ္က်င္းႀကီးေက်းရြာရွိ စစ္ေကာင္စီစခန္းကို ယမန္ေန႔ (ဧၿပီ ၁) က မြန္းလြဲ ၁ နာရီအခ်ိန္တြင္ PDF တပ္ေပါင္းစုက သိမ္းပိုက္နိုင္ေၾကာင္း ZERO ေျပာက္က်ားအဖြဲ႕က ယေန႔ထုတ္ျပန္သည္။

ZERO ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ) ႏွင့္အတူ သေျပညိဳ၊ FALCON FORCE၊ အရာေတာ္ဘုန္းနိုင္၊ ပတၱျမားညီေနာင္အဖြဲ႕မ်ားက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးေသဆုံးၿပီး ၅ ဦးဒဏ္ရာရရွိေၾကာင္း ၊ တိုက္ပြဲျဖစ္ပြားခ်ိန္(၂)နာရီေက်ာ္ၾကာျမင့္ခဲ့သည္ဟုဆိုသည္။

စစ္တပ္စခန္းကို PDF တပ္ေပါင္းစုက သိမ္းဆည္းနိုင္ခဲ့သည့္အျပင္ ဆိုင္ကယ္(၃)စီးႏွင့္ စစ္ေကာင္စီတပ္မ်ားက အေယာင္ေဆာင္ အသုံးျပဳလ်က္ရွိသည့္ လူနာတင္ယာဥ္လည္းလက္နက္ႀကီးထိမွန္ပ်က္စီးမီးေလာင္ကၽြမ္းခဲ့သည္။