ၾကားသိသမွ်

ကော့သောင်းမြို့က စစ်ကောင်စီတပ် ညပတ်ကင်းလှည့်ရာတွင် အောက်ခြေတပ်သားများ၏ဇနီးများပါ ပါဝင်နေ

ကော့သောင်းမြို့က စစ်ကောင်စီတပ် ညပတ်ကင်းလှည့်ရာတွင် အောက်ခြေတပ်သားများ၏ဇနီးများပါ ပါဝင်နေ

တနင်္သာရီတိုင်း၊ကော့သောင်းမြို့အတွင်း စစ်ကောင်စီတပ်သားများကားဖြင့်ညကင်းလှည့်ရာတွင် ၄င်းတို့ ၏ မိန်းမများကိုပါအသုံးပြု၍ကင်းပတ်နေရကြောင်း ဒေသ ခံများထံကသိရသည်။

စစ်ကောင်စီတပ်သားများက ကော့သောင်းမြို့ လူ စည် ကားသည့်လမ်းမများပေါ်တွင် ညစဥ်ကားဖြင့် ကင်းလှည့်လည်ခြင်းများလုပ်ဆောင်နေပြီး သေနတ်နှင့်ယူနီဖောင်းဝတ်ဆင်ထားသည့် ၄င်းတို့စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများပါ လိုက်လံပါဝင်နေသည်ဟု မြို့ခံတဦးကပြောသည်။

“ညဘက်ဆို ၉ နာရီလောက်မှာ ပတ်ကင်းလှည့်ကြတာ။ စစ်သားတွေရဲ့မိန်းမ အမျိုးသမီးတွေက စစ်ဝတ်စုံဝတ်ပြီး သူတို့လက်ထဲမှာသေနတ်တွေပါတယ်။ ကားပေါ်ကလုံးဝမဆင်းဘူး။ ကားပေါ်မှာထိုင်နေကြတယ်။ လှည့်တဲ့ထဲမှာ စစ်ကားက ၃ စီးလောက်ပါတယ်။သူတို့မိန်းမတွေက ၁၀ ယောက်ကျော် လောက်တော့ရှိမယ်။ လှည့်တဲ့လမ်းကြောင်းက ဒီ ဗိုလ်ချုပ်လမ်းရယ်၊ မြရည်ပုလဲလမ်းနဲ့ လမ်းသွယ်လမ်း ကြားတွေပါတယ်” ဟု ကော့သောင်းမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါကင်းလှည့်လည်နေချိန်တွင် စစ်ကား၊ရဲကား၊ အ ရပ်သားကားများ ၈ စီးခန့်ပါဝင်ပြီး မီးတန်းများပါဖွင့်လျှက်ကင်းလှည့်နေကြောင်းတွေ့ရသည်ဟု မျက်မြင်မြို့ခံများကဆိုသည်။

စစ်ကောင်စီတပ်က ၄င်းတို့၏အောက်ခြေစစ်သားများ ၏ဇနီးမယားများကို စစ်သင်တန်းတက်ရောက်ခိုင်းကာ နောက်တန်းတပ်ရင်းကင်းဘန်ကာများတွင် အလှည့်ကျ ကင်းစောင့်ခိုင်းခြင်းများ ခိုင်းစေနေသည့်အပြင် ယခု ကဲ့သို့ ပတ်ကင်းများတွင်ပါ ထည့်သွင်းအသုံးပြုလာခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အတွင်း အခြေစိုက်သည့် စကခ ၂၀ နှင့် လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ်၊KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ဆင်ရေး လုပ်ဆောင်နေရပြီး တိုက်ပွဲများအတွင်း အရာရှိအဆင့်များအပါအဝင် ထိခိုက်ကျဆုံးမှုများပြားနေကြောင်း သိရသည်။

စကခ ၂၀ လက်အောက်ခံ မလိဝမ်ကျေးရွာရှိ ခမရ ၅၂၈ တပ်ရင်းတွင်လည်း မတ်လပိုင်းအတွင်းက စတင်ကာစစ်ကောင်စီတပ်သားများ၏မိန်းမများစစ် ယူနီဖောင်းဝတ် ဆင်ကာ ကင်းလှည့်လည်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။ ဧရာဝတီတိုငျးမျ
ဓာတ်ပုံ – စစ်ကောင်စီတပ်သားများ၏မိန်းမများ(ပုံဟောင်း)

ေကာ့ေသာင္းၿမိဳ႕က စစ္ေကာင္စီတပ္ ညပတ္ကင္းလွည့္ရာတြင္ ေအာက္ေျခတပ္သားမ်ား၏ဇနီးမ်ားပါ ပါဝင္ေန

တနသၤာရီတိုင္း၊ေကာ့ေသာင္းၿမိဳ႕အတြင္း စစ္ေကာင္စီတပ္သားမ်ားကားျဖင့္ညကင္းလွည့္ရာတြင္ ၄င္းတို႔ ၏ မိန္းမမ်ားကိုပါအသုံးျပဳ၍ကင္းပတ္ေနရေၾကာင္း ေဒသ ခံမ်ားထံကသိရသည္။

စစ္ေကာင္စီတပ္သားမ်ားက ေကာ့ေသာင္းၿမိဳ႕ လူ စည္ ကားသည့္လမ္းမမ်ားေပၚတြင္ ညစဥ္ကားျဖင့္ ကင္းလွည့္လည္ျခင္းမ်ားလုပ္ေဆာင္ေနၿပီး ေသနတ္ႏွင့္ယူနီေဖာင္းဝတ္ဆင္ထားသည့္ ၄င္းတို႔စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ဇနီးမယားမ်ားပါ လိုက္လံပါဝင္ေနသည္ဟု ၿမိဳ႕ခံတဦးကေျပာသည္။

“ညဘက္ဆို ၉ နာရီေလာက္မွာ ပတ္ကင္းလွည့္ၾကတာ။ စစ္သားေတြရဲ့မိန္းမ အမ်ိဳးသမီးေတြက စစ္ဝတ္စုံဝတ္ၿပီး သူတို႔လက္ထဲမွာေသနတ္ေတြပါတယ္။ ကားေပၚကလုံးဝမဆင္းဘူး။ ကားေပၚမွာထိုင္ေနၾကတယ္။ လွည့္တဲ့ထဲမွာ စစ္ကားက ၃ စီးေလာက္ပါတယ္။သူတို႔မိန္းမေတြက ၁၀ ေယာက္ေက်ာ္ ေလာက္ေတာ့ရွိမယ္။ လွည့္တဲ့လမ္းေၾကာင္းက ဒီ ဗိုလ္ခ်ဳပ္လမ္းရယ္၊ ျမရည္ပုလဲလမ္းနဲ႔ လမ္းသြယ္လမ္း ၾကားေတြပါတယ္” ဟု ေကာ့ေသာင္းၿမိဳ႕ခံတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

အဆိုပါကင္းလွည့္လည္ေနခ်ိန္တြင္ စစ္ကား၊ရဲကား၊ အ ရပ္သားကားမ်ား ၈ စီးခန႔္ပါဝင္ၿပီး မီးတန္းမ်ားပါဖြင့္လၽွက္ကင္းလွည့္ေနေၾကာင္းေတြ႕ရသည္ဟု မ်က္ျမင္ၿမိဳ႕ခံမ်ားကဆိုသည္။

စစ္ေကာင္စီတပ္က ၄င္းတို႔၏ေအာက္ေျခစစ္သားမ်ား ၏ဇနီးမယားမ်ားကို စစ္သင္တန္းတက္ေရာက္ခိုင္းကာ ေနာက္တန္းတပ္ရင္းကင္းဘန္ကာမ်ားတြင္ အလွည့္က် ကင္းေစာင့္ခိုင္းျခင္းမ်ား ခိုင္းေစေနသည့္အျပင္ ယခု ကဲ့သို႔ ပတ္ကင္းမ်ားတြင္ပါ ထည့္သြင္းအသုံးျပဳလာျခင္းျဖစ္သည္။

ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း အေျခစိုက္သည့္ စကခ ၂၀ ႏွင့္ လက္ေအာက္ခံတပ္ရင္းမ်ားသည္ ကရင္ျပည္နယ္၊KNU တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမအတြင္း စစ္ဆင္ေရး လုပ္ေဆာင္ေနရၿပီး တိုက္ပြဲမ်ားအတြင္း အရာရွိအဆင့္မ်ားအပါအဝင္ ထိခိုက္က်ဆုံးမႈမ်ားျပားေနေၾကာင္း သိရသည္။

စကခ ၂၀ လက္ေအာက္ခံ မလိဝမ္ေက်းရြာရွိ ခမရ ၅၂၈ တပ္ရင္းတြင္လည္း မတ္လပိုင္းအတြင္းက စတင္ကာစစ္ေကာင္စီတပ္သားမ်ား၏မိန္းမမ်ားစစ္ ယူနီေဖာင္းဝတ္ ဆင္ကာ ကင္းလွည့္လည္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံကသိရသည္။ ဧရာဝတီတိုင်းမ်
ဓာတ္ပုံ – စစ္ေကာင္စီတပ္သားမ်ား၏မိန္းမမ်ား(ပုံေဟာင္း)