ၾကားသိသမွ်

နာရီပိုင်းအတွင်းမှာတင် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေပြီးအွန်လိုင်းပေါ် နာမည်ကြီးနေသည့် “PDF Power” တော်လှန်ရေး ရက်ပ်သီချင်း (ရုပ်သံ)

အွန်လိုင်းပေါ် နာမည်ကြီးနေသည့် “PDF Power” တော်လှန်ရေး ရက်ပ်သီချင်း (ရုပ်သံ)

“သေရဲတဲ့ ကောင်တွေ ထွက်ခဲ့ဆိုတဲ့ ကောင်တွေ ရှေ့ကိုထွက်ခဲ့ ထွက်ခဲ့ … သေရဲတဲ့ကောင်တွေ ထွက်ခဲ့ဆိုတဲ့ ကောင်တွေ ရှေ့ကိုထွက်ခဲ့ ထွက်ခဲ့… မင်းတို့အားလုံး ငရဲပြည်ပို့ မင်းအဘက ကြိုးစင်တက် … မင်းတို့အားလုံး ငရဲပြည်ပို့ မင်းအဘက ကြိုးစင်တက်”

ဒါကတော့ လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် နာမည်ကြီးနေတဲ့ တော်လှန်ရေး ရက်ပ်သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“PDF Power” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ WOIOW_Official ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာပါ။


ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) လူငယ် ၂ ယောက်ရဲ့ စည်းချက်နဲ့အညီ တက်ကြွတဲ့ ကကွက်လှုပ်ရှားမှုတွေနဲ့အတူ စိတ်အားတက်ကြွဖွယ် တော်လှန်တေးစာသားတွေကိုပါ ရှုစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

“အတုံ့အလှည့်ဆိုတာကတော့ လာမယ် လာမယ် လာမယ်… လက်နက်မဲ့တဲ့ ပြည်သူတွေကို နှိပ်စက် သတ်ဖြတ်ဖို့… မင်းတို့ ပျော်တယ်မှတ်လား ပျော်တယ်မှတ်လား… အေး ခု ငါတို့ အလှည့်… ခု ငါတို့အလှည့်… ခု ငါတို့အလှည့်”


လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ မျိုးဆက်သစ် လူငယ်ထုကလည်း ကျရာနေရာကနေ နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေကြတာ ဖြစ်ပါတယ်။DVB

အြန္လိုင္းေပၚ နာမည္ႀကီးေနသည့္ “PDF Power” ေတာ္လွန္ေရး ရက္ပ္သီခ်င္း (႐ုပ္သံ)

“ေသရဲတဲ့ ေကာင္ေတြ ထြက္ခဲ့ဆိုတဲ့ ေကာင္ေတြ ေရွ႕ကိုထြက္ခဲ့ ထြက္ခဲ့ … ေသရဲတဲ့ေကာင္ေတြ ထြက္ခဲ့ဆိုတဲ့ ေကာင္ေတြ ေရွ႕ကိုထြက္ခဲ့ ထြက္ခဲ့… မင္းတို႔အားလုံး ငရဲျပည္ပို႔ မင္းအဘက ႀကိဳးစင္တက္ … မင္းတို႔အားလုံး ငရဲျပည္ပို႔ မင္းအဘက ႀကိဳးစင္တက္”

ဒါကေတာ့ လတ္တေလာ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚ နာမည္ႀကီးေနတဲ့ ေတာ္လွန္ေရး ရက္ပ္သီခ်င္းတပုဒ္ထဲက ေတးသြားစာသားေတြ ျဖစ္ပါတယ္။

“PDF Power” လို႔ အမည္ေပးထားတဲ့ ဒီသီခ်င္းကိုေတာ့ WOIOW_Official ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ေပၚကတဆင့္ မၽွေဝထားခဲ့တာျဖစ္ၿပီး နာရီပိုင္းအတြင္းမွာတင္ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သိန္းနဲ႔ခ်ီ ရွိေနခဲ့တာပါ။

႐ုပ္သံဗီဒီယိုဖိုင္ထဲမွာေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) လူငယ္ ၂ ေယာက္ရဲ့ စည္းခ်က္နဲ႔အညီ တက္ႂကြတဲ့ ကကြက္လႈပ္ရွားမႈေတြနဲ႔အတူ စိတ္အားတက္ႂကြဖြယ္ ေတာ္လွန္ေတးစာသားေတြကိုပါ ရႈစား နားဆင္ၾကရမွာ ျဖစ္ပါတယ္။

“အတုံ႔အလွည့္ဆိုတာကေတာ့ လာမယ္ လာမယ္ လာမယ္… လက္နက္မဲ့တဲ့ ျပည္သူေတြကို ႏွိပ္စက္ သတ္ျဖတ္ဖို႔… မင္းတို႔ ေပ်ာ္တယ္မွတ္လား ေပ်ာ္တယ္မွတ္လား… ေအး ခု ငါတို႔ အလွည့္… ခု ငါတို႔အလွည့္… ခု ငါတို႔အလွည့္”

လက္ရွိအခ်ိန္ထိ ျမန္မာနိုင္ငံအႏွံ့ ၿမိဳ႕ရြာေတြမွာ အာဏာသိမ္းစစ္အုပ္စုရဲ့ ျပည္သူလူထုအေပၚ အၾကမ္းဖက္ ဖိႏွိပ္ဖမ္းဆီး တိုက္ခိုက္သတ္ျဖတ္ေနမႈေတြကို ျပည္သူလူထု တရပ္လုံးက အသက္ရွင္သန္ေရးအတြက္ ခုခံကာကြယ္ပိုင္ခြင့္အရ ျပည္သူ႔ခုခံစစ္ (Peoples Defensive War) ကို ဆင္ႏႊဲေနၾကတာပါ။

နိုင္ငံတဝန္းမွာေတာ့ ျမန္မာျပည္သူေတြဟာ စစ္အာဏာရွင္စနစ္ ျမန္မာ့ေျမေပၚမွ အၿပီးတိုင္ ခ်ဳပ္ၿငိမ္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္ေရးအတြက္ ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ လူထုသပိတ္တိုက္ပြဲေတြ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ အႏွံ့အျပား ျဖစ္ပြားေနၿပီး အႏုပညာရွင္ေတြ၊ ထင္ရွားေက်ာ္ၾကားသူေတြ အပါအဝင္ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ေနၾကတဲ့ မ်ိဳးဆက္သစ္ လူငယ္ထုကလည္း က်ရာေနရာကေန ေႏြဦးေတာ္လွန္ေရးမွာ အင္တိုက္အားတိုက္ ပါဝင္ေနၾကတာ ျဖစ္ပါတယ္။DVB