ၾကားသိသမွ်

မန္တလေးမှာ ရပ်ကွက်ရုံးနဲ့ ကပ်လျှက်ရှိတဲ့ ဆိုင်ကယ် Showroomမှ ဆိုင်ကယ်(၁၂)စီးကို ကားနဲ့တင်ပြီး ခိုးယူသွားဟုဆို

မန္တလေးမှာ ရပ်ကွက်ရုံးနဲ့ ကပ်လျှက်ရှိတဲ့ ဆိုင်ကယ် Showroom ဖောက်ထွင်းခိုးယူခံရ၊ဆိုင်ကယ်(၁၂)စီးကို ကားနဲ့တင်ပြီး ခိုးယူသွားဟုဆို၊

MFP ၊ မတ် – ၃၁

မန္တလေးမြို့ မဟာအောင်မြေမြိုနယ် (၃၈)လမ်းနဲ့ (၈၂)လမ်းအနီးက ရပ်ကွက်ရုံးနဲ့ ကပ်လျှက်မှာ ရှိတဲ့ ဆိုင်ကယ် အရောင်းဆိုင် (Showroon) မနေ့က ညပိုင်းက ဖောက်ထွင်းခံရပြီး ဆိုင်ကယ် (၁၂)စီး ပျောက်ဆုံးသွားတယ်လို့ နီးစပ်ရာ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္ပိအရှေ့ရပ်ကွက်၊ (၃၈)လမ်းနဲ့ (၈၂)လမ်းအနီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ ရပ်ကွက်ရုံး ကင်းတဲနဲ့ ကပ်လျှက်မှာ ရှိတဲ့ ဆိုင်ကယ် Showroom မှာ မနေ့က မတ်(၃၀)ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရတာလို့ ဆိုပါတယ်။

“ကန်တာ ကားကြီးနဲ့ လူလေးငါးဦးလောက် လာခိုးတာလို့ ကြားတယ်။ ညပိုင်း ဆိုင်ပိတ်ထားတဲ့အချိန် သော့တွေကို ကတ်တာနဲ့ဖြတ်ပြီး ဆိုင်ကယ်တွေကို ကားနဲ့တင်ခိုးသွားတာတဲ့” ဟု နီးစပ်သူ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

ဆိုင်ကယ်တွေ ကားနဲ့တင် ခိုးယူခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရဲတွေ လာစစ်ဆေးတာလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်အတွင်းကလည်း မန္တလေးမြိုကပေါ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုတွေ၊ အနုကြမ်းစီး လုယက်မှုတွေနဲ့ ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

မႏၲေလးမွာ ရပ္ကြက္႐ုံးနဲ႔ ကပ္လၽွက္ရွိတဲ့ ဆိုင္ကယ္ Showroom ေဖာက္ထြင္းခိုးယူခံရ၊ဆိုင္ကယ္(၁၂)စီးကို ကားနဲ႔တင္ၿပီး ခိုးယူသြားဟုဆို၊

MFP ၊ မတ္ – ၃၁

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳနယ္ (၃၈)လမ္းနဲ႔ (၈၂)လမ္းအနီးက ရပ္ကြက္႐ုံးနဲ႔ ကပ္လၽွက္မွာ ရွိတဲ့ ဆိုင္ကယ္ အေရာင္းဆိုင္ (Showroon) မေန႔က ညပိုင္းက ေဖာက္ထြင္းခံရၿပီး ဆိုင္ကယ္ (၁၂)စီး ေပ်ာက္ဆုံးသြားတယ္လို႔ နီးစပ္ရာ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရတနာဘုမၸိအေရွ႕ရပ္ကြက္၊ (၃၈)လမ္းနဲ႔ (၈၂)လမ္းအနီးမွာ ရွိတဲ့ စစ္ေကာင္စီရဲ့ ရပ္ကြက္႐ုံး ကင္းတဲနဲ႔ ကပ္လၽွက္မွာ ရွိတဲ့ ဆိုင္ကယ္ Showroom မွာ မေန႔က မတ္(၃၀)ရက္ ညပိုင္းက ေဖာက္ထြင္းခိုးယူခံရတာလို႔ ဆိုပါတယ္။

“ကန္တာ ကားႀကီးနဲ႔ လူေလးငါးဦးေလာက္ လာခိုးတာလို႔ ၾကားတယ္။ ညပိုင္း ဆိုင္ပိတ္ထားတဲ့အခ်ိန္ ေသာ့ေတြကို ကတ္တာနဲ႔ျဖတ္ၿပီး ဆိုင္ကယ္ေတြကို ကားနဲ႔တင္ခိုးသြားတာတဲ့” ဟု နီးစပ္သူ ေဒသခံ တစ္ဦးက MFP ကို ေျပာပါတယ္။

ဆိုင္ကယ္ေတြ ကားနဲ႔တင္ ခိုးယူခံရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီ ရဲေတြ လာစစ္ေဆးတာလည္း ေတြ႕ရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ၿပီးခဲ့တဲ့ လပိုင္အတြင္းကလည္း မႏၲေလးၿမိဳကေပၚမွာ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္မႈေတြ၊ အႏုၾကမ္းစီး လုယက္မႈေတြနဲ႔ ေဖာက္ထြင္းခိုးယူမႈေတြ ျဖစ္ပြားခဲ့ပါေသးတယ္။