ၾကားသိသမွ်

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ သတင်းမပေါက်ကြားရေး လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား

စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ သတင်းမပေါက်ကြားရေး လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား

မဲခေါင်၊ ဧပြီ ၁

ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့်

တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နှင့် အရေးကြီးသတင်းများပေးပို့ရာတွင် ပြည်ထဲရေးဝန်ကြီး၏ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားသည်။


ကြေးနန်းစာတွင် ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူးများမှ ထူးခြားဖြစ်စဉ်များ တင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက်သော်လည်းကောင်း၊

PSO ထံသို့လည်းကောင်း ဖုန်းဖြင့်ကနဦးတင်ပြသွားရန်နှင့် ရုံးစာများ၊ ညွှန်ကြားစာများ ပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားကြရန် ညွှန်ကြားထားသည်။

စစ္ေကာင္စီျပည္ထဲေရးဝန္ႀကီး႒ာန၏ သတင္းမေပါက္ၾကားေရး လၽွို႔ဝွက္ေၾကးနန္းစာ ထပ္မံေပါက္ၾကား

မဲေခါင္၊ ဧၿပီ ၁

႐ုံးစာမ်ား၊ အေရးႀကီးသတင္းမ်ား၊ ထူးျခားျဖစ္စဥ္မ်ားမွာ လူမႈကြန္ယက္စာမ်က္ႏွာမ်ားေပၚတြင္ ေပါက္ၾကားလ်က္ရွိေနရာ စစ္ေကာင္စီလက္ေအာက္ခံ ျပည္ထဲေရးဝန္ႀကီးမွ သတင္းေပါက္ၾကားမႈမ်ားအား စိုးရိမ္ထိတ္လန႔္ေနသျဖင့္

တိုင္း/ျပည္နယ္ရဲတပ္ဖြဲ႕မႉးမ်ားအား ထူးျခားျဖစ္စဥ္ႏွင့္ အေရးႀကီးသတင္းမ်ားေပးပို႔ရာတြင္ ျပည္ထဲေရးဝန္ႀကီး၏ဖုန္းနံပါတ္သို႔လည္းေကာင္း၊ ၎၏ PSO ဖုန္းနံပါတ္သို႔လည္းေကာင္း တိုက္ရိုက္ဖုန္းဆက္ၾကရန္ညႊန္ၾကားသည့္ လၽွို႔ဝွက္ေၾကးနန္းစာ ထပ္မံေပါက္ၾကားသည္။

ေၾကးနန္းစာတြင္ ျပည္နယ္/တိုင္း ရဲတပ္ဖြဲ႕မႉးမ်ားမွ ထူးျခားျဖစ္စဥ္မ်ား တင္ျပရာတြင္ ျပည္ထဲေရးဝန္ႀကီးထံသို႔ တိုက္ရိုက္ေသာ္လည္းေကာင္း၊

PSO ထံသို႔လည္းေကာင္း ဖုန္းျဖင့္ကနဦးတင္ျပသြားရန္ႏွင့္ ႐ုံးစာမ်ား၊ ညႊန္ၾကားစာမ်ား ေပါက္ၾကားမႈမရွိေစေရး တာဝန္ရွိသူအဆင့္ဆင့္မွ ၾကပ္မတ္ကြပ္ကဲေဆာင္ရြက္သြားၾကရန္ ညႊန္ၾကားထားသည္။