ၾကားသိသမွ်

” ကျမ်းမာရေးကောင်းပြီး တရားရုံးကိုရောက်လာတဲ့ အမေစုနဲ့ ကုလကနေ ထုတ်ပယ်ခံရတော့မယ့် ရုရှား “

” ကျမ်းမာရေးကောင်းပြီး တရားရုံးကိုရောက်လာတဲ့ အမေစုနဲ့ ကုလကနေ ထုတ်ပယ်ခံရတော့မယ့် ရုရှား ”

အမေစုဟာ ကျမ်းမာစွာနဲ့ နေပြည်တော်အထူးတရားရုံးကို မတ်လ ၃၁ ရက်နေ့ ၊ မနေ့က ရောက်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ် ။

စစ်ကောင်စီကနေ မတရားစွပ်စွဲထားတဲ့ အမှု့တွေဟာ ထောင်ဒဏ် အနှစ် ၁၅၀ ကျော်လောက် ကျခံရစေဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ် ။ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ အမေစုဟာ ကိုဗစ်ကပ်ရောဂါပိုး မကူးစက်ပါဘူး ။ အိမ်မှာရှိတဲ့ ဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ခဲ့လို့ ကာရန်တင်းဝင်ခဲ့ရတာပါ ။

အမေစုနဲ့ မိသားစုဝန်ထမ်းတွေဟာ အာဏာမသိမ်းခင်ကတည်းက ကာကွယ်ဆေးထိုးထားတယ်လို့ အမေစုရဲ့ရှေ့နေက သတင်းဋ္ဌာနတွေကို အသိပေးပါတယ် ။ တရားရုံးကိုရောက်လာတဲ့ အမေစုဟာ သတင်းသမားတွေနဲ့ တွေ့ခွင့်မရပဲ ၊ အမေစုရဲ့ တရားခွင်ကိစ္စကို သိသူတစ်ဦးက ပြောခဲ့တာပါ ။


စစ်ကောင်စီကို လက်နက်ရောင်းပေးပြီး ဗီတိုအာဏာနဲ့ ကာကွယ်ပေးထားတဲ့ ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက လက်မှတ်ရေးထိုးပြီး တောင်းဆိုလိုက်ပါတယ် ။

ကော်မတီဥက္ကဌ Bob Menendez နဲ့ အဆင့်သတ်မှတ်ရေးအဖွဲ့ဝင် James Risch တို့ ပါဝင်တဲ့ တောင်းခံလွှာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် နဲ့ သမ္မတဘိုင်ဒန်ထံကို ပြည်နယ်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြတာပါ ။ ဒီတောင်းဆိုမှု့အရ လင်ဒါသောမတ်စ်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရုရှားကို လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ဖို့ကို မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုရမှာပါ ။

” အမေရိကန်ဟာ ကုလသမဂ္ဂမှာ ထိုင်ခုံတစ်နေရာ အခိုင်အမာရှိထားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်နေပြီး အာဏာရှင်ဆန်တဲ့ အစီအစဉ်တွေကို တန်ပြန်ထိုးနှက်ဖို့လိုပါတယ် ။ ”


” ရှရှားဟာ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ရဲ့ ထိုင်ခုံနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ။ ရုရှားဟာ ယူကရိန်းကိုကျူးလွန်နေတဲ့ ကိစ္စကို အာဏာရှင်ဆန်ဆန် အာရုံလွှဲလို့မရပါဘူး ။ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေအပေါ် ခွဲခြားမှု့မရှိပဲ လျင်မြန်စွာ အရေးယူဖို့လိုပါတယ် ။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို အလွယ်တကူ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတာတွေဟာ အင်မတန် ထိတ်လန့်စရာကောင်းပါတယ် ။ ဒီလို ကြမ်းကြုတ်တဲ့နိုင်ငံတွေဟာ လူ့အခွင့်အရေးကောင်စီမှာ ထိုင်ခုံတစ်နေရာ ရှိနေဖို့ မသင့်တော့ပါဘူး ။ ”
လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။

သုံးသပ်ရရင် ….၊ စာရေးသူ ပြောခဲ့ဘူးသလိုပါပဲ ။ ဒီမိုကရေစီနဲ့ အာဏာရှင် နိုင်ငံတွေရဲ့ တိုက်ပွဲမှာ အာဏာရှင်က လက်နက်အားကိုးသလို ၊ ဒီမိုကရေစီအုပ်စုကတော့ ဒီပလိုမေစီနည်းလမ်းအတိုင်း ချောက်ကမ်းပါးကို စိတ်ရှည်ရှည်နဲ့ ဆွဲခေါ်ပါတယ် ။ ယူကရိန်းအရေး မဖြစ်ခင်ကတည်းက ရုရှားနဲ့ တရုတ်ကို ကုလကနေ ပယ်ထုတ်ဖို့ စီစဉ်နေကြတယ်ဆိုတာ ပြောခဲ့ပါတယ် ။

မြန်မာ့အရေးမှာ ဗီတိုသုံးပြီး ကာကွယ်ပေးနေတဲ့ ရုရှားနဲ့တရုတ်ကို ပယ်ထုတ်ပြီး ဂျာမနီနဲ့ အိန̔ိယကို အစားထိုးနိုင်တယ်လို့ စာရေးသူက သုံးသပ်ခဲ့ပါတယ် ။ လက်ရှိအခြေအနေမှာတော့ တရုတ်ဟာ အမေရိကန်ဆွဲခေါ်နေတဲ့ ချောက်ကမ်းပါးကို လိုက်မလာသေးပဲ အခြေအနေကို ကြည့်နေပါတယ် ။ ရုရှားရဲ့အခြေအနေ ဟန်ပုံပေါက်တာနဲ့ တရုတ်ကလည်း ရုရှားလမ်းစဉ်လိုက်မှာပါ ။ ဒါကိုသိနေတဲ့ အမေရိကန်နဲ့ နေတိုးအဖွဲ့တွေဟာ ရုရှားကို အရင်ဆုံး ထုတ်ပယ်ပါလိမ့်မယ် ။ ပြီးရင်တော့ တရုတ်အလှည့်ပါ ။

ဒီတော့ …၊ မြန်မာ့အရေးဟာ ပြည်တွင်းမှာ တော်လှန်မှု့တွေ စိပ်လာသလို ၊ NUG ရဲ့ ဝှက်ဖဲကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ် ။ NUG သတင်းနဲ့ပတ်သက်ပြီး စာရေးသူက ဘာမှမသိပါဘူး ။ တော်လှန်ရေးမပြီးခင်မှာ သတင်းအသိပေးသူတစ်ယောက်အနေနဲ့ နုတ်လုံဖို့လိုပါတယ် ။ တိတ်ဆိတ်နေတဲ့ NUG မှာ ဝှက်ဖဲတစ်ချပ်တော့ ရှိနေပြီဆိုတာတော့ သုံးသပ်ချင်ပါတယ် ။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပင်စည်ကနေမဖြတ်ပဲ မြန်မာ့အရေးအတွက် အကိုင်းအခက်တွေကို တစ်ခုချင်း ချိုင်နေတယ်လို့ စာရေးသူက မြင်ပါတယ် ။ စစ်လက်နက်ကိုင်တွေကို အော်စီမှာ ခိုလှုံခွင့်ပေးတာ ၊ မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု့ ကျူးလွန်ခဲ့တယ်လို့ တရားဝင်ကြေငြာတာ ၊ ရုရှားနဲ့တရုတ်ကို ချောင်ပိတ်နေတာ ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်နေတာတွေဟာ အကိုင်းအခက်တွေကို ချိုင်နေတာပါ ။

မျိုးဆက်သစ်တွေအတွက် နွေဦးမျိုးဆက်တွေက အနစ်နာခံဖို့ ၊ စိတ်ရှည်ဖို့တော့လိုပါတယ် ။

ဘကြီးအောင် LA
မတ်လ ၃၁ ရက် ၊ ၂၀၂၂