ၾကားသိသမွ်

မှတ်ပုံတင်ရှိမှကားလက်မှတ်ရောင်းရမည်ဖြစ်ပြီး မှတ်ပုံ တင်ပြနိုင်မှကားစီးခွင့်ပြုရန် စစ်ကောင်စီညွှန်ကြား

မှတ်ပုံတင်ရှိမှကားလက်မှတ်ရောင်းရမည်ဖြစ်ပြီး မှတ်ပုံ တင်ပြနိုင်မှကားစီးခွင့်ပြုရန် စစ်ကောင်စီညွှန်ကြား

မတ်လ ၃၁ ရက်

အဝေးပြေးယာဥ်လိုင်းများ ဧပြီ ၁ ရက်နေ့ကစ၍ ကားလက်မှတ်များကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိသူများကိုသာ လက်မှတ်ရောင်းချရန် ရန်ကုန်တိုင်းစစ်ကောင်စီလက်အောက်ခံ ပုဂ္ဂလိသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှုကော်မတီ YRTC က ညွှန်ကြားလိုက်ကြောင်း သ တင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ အောင်မင်္ဂလာအဝေးပြေး ယာဥ်ရပ်နားစခန်း၊ ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နား စခန်းရှိ ရန်ကုန်တိုင်းအခြေပြုယာဥ်လိုင်းများအား လုံးအနေဖြင့် ခရီးသွားမည့်သူများကို နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံ တင်)ရှိမှသာ ကားလက်မှတ် ရောင်းချရမည်ဖြစ်ပြီး မှတ် ပုံတင်ပြသနိုင်မှသာ ကားစီးနင်းခွင့်ပြုရန် မတ်လ ၂၅ ရက်နေ့က ညွှန်ကြားထားကြောင်း သိရသည်။

” မနက်ဖြန် ၁ ရက်နေ့ကစလို့ အကျုံးဝင်မယ်ပေါ့။ ကားလက်မှတ်ကိုယ်တိုင်လာဖြတ်ရင် Seating Plan မှာ စာ ရင်းသွင်းတာနဲ့ မှတ်ပုံတင်ပြခိုင်းရမယ်။ ဖုန်းနဲ့ booking ဆိုရင်လည်း မှတ်ပုံတင်နံပါတ်ပြောခိုင်းရမှာပေါ့ ။ ကားစီးမယ့်အချိန်မှာလည်း ကားမထွက်ခင် လူစိ မှတ်ပုံတင်စစ်ဆေးပြီးပြခိုင်းရမယ်။ စုံမှကားထွက်လို့ရမယ်။ ကျန်ခဲ့တာတွေမပါတာတွေဆိုစီးခွင့်မရှိဘူး” ဟု မင်္ဂလာဒုံမြို့ နယ် အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းက အ မည်မဖော်လိုသူ ယာဥ်လိုင်းတာဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မှတ်ပုံတင်မပါရှိဘဲကားစီးနင်းလာပါက စစ်ကောင်စီ စစ် ဆေးရေးဂိတ်များနှင့်တွေ့ရှိလျှင် ဖမ်းဆီးခံရနိုင်ကြောင်း ၄င်းကဆက်လက်ပြောသည်။

” စတာကမနက်ဖြန်မှဆိုတော့ ဘယ်လိုတွေလုပ်မလဲဆိုတာမသိသေးဘူး။ ကျနော်တို့ယာဥ်လိုင်းတွေကိုတော့ မှတ်ပုံတင်မပါရင်အဲ့ဒီခရီးသည်ကိုခေါ်ကို မလာနဲ့ဆိုတဲ့ပုံစံမျိုး။ ထောက်ခံစာလည်းမရတော့ဘူး။ ကျနော်တို့မစစ်ဆေးလို့ အဲ့ဒီလိုမှတ်ပုံတင်မပါတာကို သူတို့စစ်တာနဲ့တွေ့ခဲ့ရင် ဖမ်းတာဆီးတာတွေ ရှိမယ်၊ကားကိုလည်းရစ် တာတွေရှိမယ် လို့တော့ထင်ပါတယ်” ဟု သူကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၁ ရက်နေ့ကစ၍ နိုင်ငံအနှံ့မှတ်ပုံတင်စစ်ဆေး ခြင်းလုပ်ငန်းလုပ်ဆောင်မည်ဖြစ်ပြီး ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများတွင် ယခင်ကဲ့သို့ထောက်ခံစာများဖြင့်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထား သည်။ဧရာဝတီတိုင်းမ်

မွတ္ပုံတင္ရွိမွကားလက္မွတ္ေရာင္းရမည္ျဖစ္ၿပီး မွတ္ပုံ တင္ျပနိုင္မွကားစီးခြင့္ျပဳရန္ စစ္ေကာင္စီညႊန္ၾကား

မတ္လ ၃၁ ရက္

အေဝးေျပးယာဥ္လိုင္းမ်ား ဧၿပီ ၁ ရက္ေန႔ကစ၍ ကားလက္မွတ္မ်ားကို နိုင္ငံသားစိစစ္ေရးကတ္(မွတ္ပုံတင္) ရွိသူမ်ားကိုသာ လက္မွတ္ေရာင္းခ်ရန္ ရန္ကုန္တိုင္းစစ္ေကာင္စီလက္ေအာက္ခံ ပုဂၢလိသယ္ယူပို႔ေဆာင္ေရးႀကီး ၾကပ္မႈေကာ္မတီ YRTC က ညႊန္ၾကားလိုက္ေၾကာင္း သ တင္းရရွိသည္။

ရန္ကုန္တိုင္းအတြင္းရွိ ေအာင္မဂၤလာအေဝးေျပး ယာဥ္ရပ္နားစခန္း၊ ဒဂုံဧရာအေဝးေျပးယာဥ္ရပ္နား စခန္းရွိ ရန္ကုန္တိုင္းအေျချပဳယာဥ္လိုင္းမ်ားအား လုံးအေနျဖင့္ ခရီးသြားမည့္သူမ်ားကို နိုင္ငံသားစိစစ္ေရးကတ္(မွတ္ပုံ တင္)ရွိမွသာ ကားလက္မွတ္ ေရာင္းခ်ရမည္ျဖစ္ၿပီး မွတ္ ပုံတင္ျပသနိုင္မွသာ ကားစီးနင္းခြင့္ျပဳရန္ မတ္လ ၂၅ ရက္ေန႔က ညႊန္ၾကားထားေၾကာင္း သိရသည္။

” မနက္ျဖန္ ၁ ရက္ေန႔ကစလို႔ အက်ဳံးဝင္မယ္ေပါ့။ ကားလက္မွတ္ကိုယ္တိုင္လာျဖတ္ရင္ Seating Plan မွာ စာ ရင္းသြင္းတာနဲ႔ မွတ္ပုံတင္ျပခိုင္းရမယ္။ ဖုန္းနဲ႔ booking ဆိုရင္လည္း မွတ္ပုံတင္နံပါတ္ေျပာခိုင္းရမွာေပါ့ ။ ကားစီးမယ့္အခ်ိန္မွာလည္း ကားမထြက္ခင္ လူစိ မွတ္ပုံတင္စစ္ေဆးၿပီးျပခိုင္းရမယ္။ စုံမွကားထြက္လို႔ရမယ္။ က်န္ခဲ့တာေတြမပါတာေတြဆိုစီးခြင့္မရွိဘူး” ဟု မဂၤလာဒုံၿမိဳ႕ နယ္ ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းက အ မည္မေဖာ္လိုသူ ယာဥ္လိုင္းတာဝန္ခံတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

မွတ္ပုံတင္မပါရွိဘဲကားစီးနင္းလာပါက စစ္ေကာင္စီ စစ္ ေဆးေရးဂိတ္မ်ားႏွင့္ေတြ႕ရွိလၽွင္ ဖမ္းဆီးခံရနိုင္ေၾကာင္း ၄င္းကဆက္လက္ေျပာသည္။

” စတာကမနက္ျဖန္မွဆိုေတာ့ ဘယ္လိုေတြလုပ္မလဲဆိုတာမသိေသးဘူး။ က်ေနာ္တို႔ယာဥ္လိုင္းေတြကိုေတာ့ မွတ္ပုံတင္မပါရင္အဲ့ဒီခရီးသည္ကိုေခၚကို မလာနဲ႔ဆိုတဲ့ပုံစံမ်ိဳး။ ေထာက္ခံစာလည္းမရေတာ့ဘူး။ က်ေနာ္တို႔မစစ္ေဆးလို႔ အဲ့ဒီလိုမွတ္ပုံတင္မပါတာကို သူတို႔စစ္တာနဲ႔ေတြ႕ခဲ့ရင္ ဖမ္းတာဆီးတာေတြ ရွိမယ္၊ကားကိုလည္းရစ္ တာေတြရွိမယ္ လို႔ေတာ့ထင္ပါတယ္” ဟု သူကဆိုသည္။

စစ္ေကာင္စီလက္ေအာက္ခံ လူဝင္မႈႀကီးၾကပ္ေရးဌာနကလည္း ဧၿပီ ၁ ရက္ေန႔ကစ၍ နိုင္ငံအႏွံ့မွတ္ပုံတင္စစ္ေဆး ျခင္းလုပ္ငန္းလုပ္ေဆာင္မည္ျဖစ္ၿပီး ခရီးသြားလာျခင္း၊ တည္းခိုေနထိုင္ျခင္းမ်ားတြင္ ယခင္ကဲ့သို႔ေထာက္ခံစာမ်ားျဖင့္ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း ထုတ္ျပန္ထား သည္။ဧရာဝတီတိုင္းမ္