ၾကားသိသမွ်

Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ

၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှုကို တုံ့ပြန်ရန် ၁၀ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း ၂,၀၀၀ ကျော်ရရှိကြောင်း Click2donate က ကြေညာသည်။

လေယာဥ်ပစ် လက်နက်ဝယ်ယူနိုင်ရန် နိုင်ငံအသီးသီးတွင် နေထိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။


“ပြည်သူတွေဟာ ဘယ်လောက်တောင် ငှက်ကင်ချင်နေလဲဆိုရင် ပထမတစ်ရက်မှာတင် ၂၀ရာခိုင်နှုန်း သိန်း ၂,၀၀၀ ကျော် ရရှိထားပါတယ်ခင်ဗျာ။

စင်ကာပူကလည်း ကြမ်းနေဆဲ ကြမ်းနေမြဲပါခင်ဗျာ။ US ကလည်း အိပ်ယာနိုးကတည်း​က ရှယ်ကြမ်းကြတာ သိန်း ၁,၀၀၀ နားကပ်နေပါပြီခင်ဗျာ” ဟု Click2donate က ရေးသားထားသည်။


Project Dragonfly ပရောဂျက်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့က ဦးဆောင်ကာ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဥ်ပစ် လက်နက်ဝယ်ယူရန် စီစဥ်နေခြင်းဖြစ်ရာ အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ နှင့် သြစတြေးလျ အစရှိသည့်နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

#Mizzima

၁၀ ရက္အတြင္း သိန္းေပါင္း ၁၃,၀၀၀ စုရမည့္ Project Dragonfly ပထမရက္မွာပင္ က်ပ္သိန္း၂,၀၀၀ေက်ာ္ရရွိ

စစ္ေကာင္စီတပ္ဖြဲ႕၏ ေလေၾကာင္းပစ္ခတ္မႈကို တုံ႔ျပန္ရန္ ၁၀ ရက္အတြင္း က်ပ္သိန္းေပါင္း ၁၃,၀၀၀ စုရမည့္ Project Dragonfly ပထမရက္မွာပင္ က်ပ္သိန္း ၂,၀၀၀ ေက်ာ္ရရွိေၾကာင္း Click2donate က ေၾကညာသည္။

ေလယာဥ္ပစ္ လက္နက္ဝယ္ယူနိုင္ရန္ နိုင္ငံအသီးသီးတြင္ ေနထိုင္သူမ်ားထံ အလႉခံေနျခင္းျဖစ္သည္။

“ျပည္သူေတြဟာ ဘယ္ေလာက္ေတာင္ ငွက္ကင္ခ်င္ေနလဲဆိုရင္ ပထမတစ္ရက္မွာတင္ ၂၀ရာခိုင္ႏႈန္း သိန္း ၂,၀၀၀ ေက်ာ္ ရရွိထားပါတယ္ခင္ဗ်ာ။

စင္ကာပူကလည္း ၾကမ္းေနဆဲ ၾကမ္းေနျမဲပါခင္ဗ်ာ။ US ကလည္း အိပ္ယာနိုးကတည္း​က ရွယ္ၾကမ္းၾကတာ သိန္း ၁,၀၀၀ နားကပ္ေနပါၿပီခင္ဗ်ာ” ဟု Click2donate က ေရးသားထားသည္။

Project Dragonfly ပေရာဂ်က္အတြက္ Click2donate ႏွင့္ ပန္ဆယ္လိုတို႔က ဦးေဆာင္ကာ အလႉေငြေကာက္ခံေနျခင္း ျဖစ္သည္။

စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားအတြက္ ေလယာဥ္ပစ္ လက္နက္ဝယ္ယူရန္ စီစဥ္ေနျခင္းျဖစ္ရာ အေမရိကန္၊ စင္ကာပူ၊ မေလးရွား၊ ယူေအအီး၊ ဂ်ပန္၊ ကိုရီးယား၊ ကေနဒါ ႏွင့္ ၾသစေၾတးလ် အစရွိသည့္နိုင္ငံမ်ားတြင္ ေနထိုင္လုပ္ကိုင္သူမ်ားထံ အလႉခံေနျခင္းျဖစ္သည္။

#Mizzima