ၾကားသိသမွ်

CDF မတူပီနဲ့ စစ်ကောင်စီတပ် ခလရ (၃၀၄) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ CDF မတူပီထုတ်ပြန်

CDF မတူပီနဲ့ စစ်ကောင်စီတပ် ခလရ (၃၀၄) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ CDF မတူပီထုတ်ပြန်

မတ် ၃၁၊ ၂၀၂၂

ဒီနေ့ (မတ် ၃၁) နံနက် ၇ နာရီ ၁၅ မိနစ်ခန့်မှာ ကျောက်ထုကနေ မတူပီကို စစ်အင်အားဖြည့်တင်းရန် လာတဲ့ ယာဉ်တန်းကို ဆင်းကြိုတဲ့ စစ်ကောင်စီလက်အောက်ခံ မတူပီအခြေစိုက် ခလရ(၃၀၄) နဲ့ CDF မတူပီ တို့ မနက် ၉ နာရီခွဲက စတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ပြင်းထန်နေတယ်လို့ CDF မတူပီ ကထုတ်ပြန်ပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် မင်းတပ်-မတူပီလမ်းမတစ်လျောက်မှာရှိနေတဲ့ ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ၂၉ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စကစဘက်က ၁၅ ဦးခန့် ကျဆုံးတယ်လို့ CDF မတူပီကထုတ်ပြန်ပါတယ်။

မတ်လ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီဘက်က ကားအစီး ၈၀ ကျော် မတူပီဘက်ကို တက်ရောက်လာခဲ့ပြီး မင်းတပ်-မတူပီ ကားလမ်းပိုင်းကို မတူပီ၊ ပလက်ဝ ဘက်မှာ လူအင်အားဖြည့်တင်းရန်၊ လက်နက်ရိက္ခာများသယ်ဆောင်ရန် အဓိကအသုံးပြုနေတာဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ CDF-MINDAT နဲ့ စကစ တိုက်ပွဲပြင်းထန်လေ့ရှိသည်။

Photo….Chin World

CDF မတူပီနဲ႔ စစ္ေကာင္စီတပ္ ခလရ (၃၀၄) တို႔ တိုက္ပြဲျပင္းထန္ေနတယ္လို႔ CDF မတူပီထုတ္ျပန္

မတ္ ၃၁၊ ၂၀၂၂

ဒီေန႔ (မတ္ ၃၁) နံနက္ ၇ နာရီ ၁၅ မိနစ္ခန႔္မွာ ေက်ာက္ထုကေန မတူပီကို စစ္အင္အားျဖည့္တင္းရန္ လာတဲ့ ယာဥ္တန္းကို ဆင္းႀကိဳတဲ့ စစ္ေကာင္စီလက္ေအာက္ခံ မတူပီအေျခစိုက္ ခလရ(၃၀၄) နဲ႔ CDF မတူပီ တို႔ မနက္ ၉ နာရီခြဲက စတင္ကာ ထိေတြ႕တိုက္ပြဲျဖစ္ပြားေနၿပီး ျပင္းထန္ေနတယ္လို႔ CDF မတူပီ ကထုတ္ျပန္ပါတယ္။

တိုက္ပြဲျပင္းထန္ေနတာေၾကာင့္ မင္းတပ္-မတူပီလမ္းမတစ္ေလ်ာက္မွာရွိေနတဲ့ ေဒသခံျပည္သူေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ၂၉ ရက္ကျဖစ္ပြားခဲ့တဲ့ တိုက္ပြဲမွာေတာ့ စကစဘက္က ၁၅ ဦးခန႔္ က်ဆုံးတယ္လို႔ CDF မတူပီကထုတ္ျပန္ပါတယ္။

မတ္လ ၂၇ ရက္ေန႔ကတည္းက စစ္ေကာင္စီဘက္က ကားအစီး ၈၀ ေက်ာ္ မတူပီဘက္ကို တက္ေရာက္လာခဲ့ၿပီး မင္းတပ္-မတူပီ ကားလမ္းပိုင္းကို မတူပီ၊ ပလက္ဝ ဘက္မွာ လူအင္အားျဖည့္တင္းရန္၊ လက္နက္ရိကၡာမ်ားသယ္ေဆာင္ရန္ အဓိကအသုံးျပဳေနတာျဖစ္ၿပီး အဲဒီလမ္းပိုင္းမွာ CDF-MINDAT နဲ႔ စကစ တိုက္ပြဲျပင္းထန္ေလ့ရွိသည္။

Photo….Chin World