ၾကားသိသမွ်

မြန်မာအပါအဝင် စစ်အာဏာသိမ်းမှုတွေကြောင့် ကမ္ဘာ့ပဋိပက္ခတွေ ပိုများ (ကုလအတွင်းရေးမှူးချုပ်)

မြန်မာအပါအဝင် စစ်အာဏာသိမ်းမှုတွေကြောင့် ကမ္ဘာ့ပဋိပက္ခတွေ ပိုများ (ကုလအတွင်းရေးမှူးချုပ်)

မတ်လ ၃၁ ရက်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြဿနာတွေ အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။

“ယီမင် ဆီးရီးယား၊ မြန်မာ၊ ဆူဒန်၊ ဟေတီ၊ ဆာဟဲ စတဲ့နိုင်ငံတွေ အပါအဝင် ၁၉၄၅ ခုနှစ် နောက်ပိုင်း၊ အကြမ်းဖက် ပဋိပက္ခတွေ အရေအတွက် အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။” လို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မရှင်ကို အွန်လိုင်းကနေ ဗုဒ္ဓဟူးနေ့ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

စစ်အာဏာသိမ်းမှုတွေ၊ အာဏာကို အင်အားသုံး ရယူတဲ့ လုပ်ရပ်တွေ ကမ္ဘာတလွှားမှာ တွေ့မြင်နေရပြီး၊ ကျုးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့် ရနေတာတွေဟာလည်း စိုးရိမ်စရာအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ထောက်ပြခဲ့ပါတယ်။

ယူကရိန်းမှာ စစ်ဖြစ်ပွားနေတာဟာလည်း နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အခြေခံတွေကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသလို၊ စားသောက်ကုန်၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာ စတဲ့ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက် လာတာတွေကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာတဝှမ်း လူပေါင်း ၈၄ သန်း နေရပ်စွန့်ခွာခဲ့ရပြီး၊ ဒီနှစ်ထဲမှာ လူသားချင်း စာနာမှု အကူအညီ လိုအပ်သူ အရေအတွက်ဟာ အနည်းဆုံး ၂၇၄ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။@VOA

ျမန္မာအပါအဝင္ စစ္အာဏာသိမ္းမႈေတြေၾကာင့္ ကမၻာ့ပဋိပကၡေတြ ပိုမ်ား (ကုလအတြင္းေရးမႉးခ်ဳပ္)

မတ္လ ၃၁ ရက္

ျမန္မာနိုင္ငံ အပါအဝင္ ကမၻာတလႊားမွာ ဒုတိယကမၻာစစ္ေနာက္ပိုင္း ျပႆနာေတြ အမ်ားဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က သတိေပးလိုက္ပါတယ္။

“ယီမင္ ဆီးရီးယား၊ ျမန္မာ၊ ဆူဒန္၊ ေဟတီ၊ ဆာဟဲ စတဲ့နိုင္ငံေတြ အပါအဝင္ ၁၉၄၅ ခုႏွစ္ ေနာက္ပိုင္း၊ အၾကမ္းဖက္ ပဋိပကၡေတြ အေရအတြက္ အမ်ားဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။” လို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ကုလသမဂၢ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး ေကာ္မရွင္ကို အြန္လိုင္းကေန ဗုဒၶဟူးေန႔ မိန႔္ခြန္းေျပာရာမွာ ထည့္သြင္းေျပာဆိုလိုက္တာပါ။

စစ္အာဏာသိမ္းမႈေတြ၊ အာဏာကို အင္အားသုံး ရယူတဲ့ လုပ္ရပ္ေတြ ကမၻာတလႊားမွာ ေတြ႕ျမင္ေနရၿပီး၊ က်ဳးလြန္ခဲ့တဲ့ ျပစ္ဒဏ္ေတြကေန လြတ္ၿငိမ္းခြင့္ ရေနတာေတြဟာလည္း စိုးရိမ္စရာအျဖစ္ ကုလသမဂၢ အႀကီးအကဲက ေထာက္ျပခဲ့ပါတယ္။

ယူကရိန္းမွာ စစ္ျဖစ္ပြားေနတာဟာလည္း နိုင္ငံတကာ တရားဥပေဒစိုးမိုးေရး အေျခခံေတြကို ျပင္းျပင္းထန္ထန္ ရိုက္ခတ္ေနသလို၊ စားေသာက္ကုန္၊ ေလာင္စာဆီနဲ႔ ဓာတ္ေျမၾသဇာ စတဲ့ကုန္ပစၥည္းေတြ အဆမတန္ ေဈးတက္ လာတာေတြေၾကာင့္ ဖြံ့ၿဖိဳးဆဲ နိုင္ငံေတြအတြက္ ဆိုးရြားတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔လည္း သတိေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ပဋိပကၡေတြ၊ အၾကမ္းဖက္မႈေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ကမၻာတဝွမ္း လူေပါင္း ၈၄ သန္း ေနရပ္စြန႔္ခြာခဲ့ရၿပီး၊ ဒီႏွစ္ထဲမွာ လူသားခ်င္း စာနာမႈ အကူအညီ လိုအပ္သူ အေရအတြက္ဟာ အနည္းဆုံး ၂၇၄ သန္းေလာက္ ရွိမယ္လို႔ ခန႔္မွန္းထားေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေျပာဆိုထားပါတယ္။@VOA