ၾကားသိသမွ်

စစ်တပ်မဲဝိုင်စခန်းအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ လေယာဉ်ဖြင့် လာကျဲချသည့် ရိက္ခာနှင့်လက်နက်များကို KNU က သိမ်းယူ

စစ်တပ်မဲဝိုင်စခန်းအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ လေယာဉ်ဖြင့် လာကျဲချမှု KNU တပ်မဟာ ၅ က ကြားဖြတ်တိုက်၊ စစ်လေယာဉ်များကို ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို KNU က သိမ်းယူ

ရန်ကုန်၊ မတ် ၃၁

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိနေသော စစ်ကောင်စီတပ်စခန်းဖြစ်သော မဲဝိုင်စခန်းသို့ စစ်လေယာဉ်များဖြင့် ရိက္ခာနှင့်လက်နက်ခဲယမ်း လာကျဲချရာတွင် KNU က စစ်တပ်လေယာဉ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို ယူဆောင်လိုက်ကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် မယ်ဝေ (မဲဝိုင်) ရှေ့တန်းစခန်းအဖို့ စစ်လေယာဉ်၄ စီးက လက်နက်ခဲယမ်းများနှင့် ဝတ္ထုပစ္စည်းများ ကျဲချရန် လာရောက်ကြောင်း၊ ပထမ လေယာဉ် ၁ စီးက အထုပ်များ ကျဲချိန်တွင် KNU တပ်များက စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားချိန် အခြားစစ်လေယဉ် ၃ စီးက လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ရာ မဲဝိုင် ရွာခံ နော်မစိန် အသက်(၁၈)နှစ်၊ စောသေးဝါး၊ အသက်(၁၈)နှစ်နှင့် ဝေါတေးရွာသား စောယေထူး၊ အသက်(၃၈)နှစ်မတို့ အသီးသီးထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ စောဖားဘော၏အိမ်သည်လည်း လေယာဉ်ဗုံးကျည် ထိမှန်မီးစွဲလောင်ကာ အိမ်နှင့်အတူ အိမ်သုံးပစ္စည်းပရိဘောဂများအားလုံး ပြာကျသွားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ မှ တပ်များက စစ်ကောင်စီက ကျဲချသွားသည့် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများအားလုံး ရယူသိမ်းဆည်းကာ သယ်ဆောင်နိုင်စွမ်းမရှိသည့်ရိက္ခာပစ္စည်းများမှာမူ ချက်ချင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင်မူ ဖွေးပူးလူးဒေသအတွင်း လမ်းကင်းယူနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတစ်ကြိမ်၊ ကမမို(ကမမောင်း)ဘက်မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဘောကျိုထာတွင်တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် ပစ်ခတ်ခဲ့ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ စာရင်းအတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်မတ်လ(၃၀)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ခါးပိုက်ဆောင် BGFတပ်ဖွဲ့ဝင်များမှလုံခြုံရေးအကြောင်းပြကာ ဖာပွန်-ထွီသီးအူ(ခွေးသေ)အကြား လမ်းကင်းဝပ်စဉ် အနီးအနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီး ၃၀ လုံးခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ။

စစ္တပ္မဲဝိုင္စခန္းအတြက္ ရိကၡာႏွင့္လက္နက္ခဲယမ္းမ်ား ေလယာဥ္ျဖင့္ လာက်ဲခ်မႈ KNU တပ္မဟာ ၅ က ၾကားျဖတ္တိုက္၊ စစ္ေလယာဥ္မ်ားကို ပစ္ခတ္ၿပီး က်ဲခ်သည့္ ရိကၡာႏွင့္လက္နက္မ်ားကို KNU က သိမ္းယူ

ရန္ကုန္၊ မတ္ ၃၁

KNU တပ္မဟာ ၅ နယ္ေျမအတြင္းရွိေနေသာ စစ္ေကာင္စီတပ္စခန္းျဖစ္ေသာ မဲဝိုင္စခန္းသို႔ စစ္ေလယာဥ္မ်ားျဖင့္ ရိကၡာႏွင့္လက္နက္ခဲယမ္း လာက်ဲခ်ရာတြင္ KNU က စစ္တပ္ေလယာဥ္မ်ားကို လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္ၿပီး က်ဲခ်သည့္ ရိကၡာႏွင့္လက္နက္မ်ားကို ယူေဆာင္လိုက္ေၾကာင္း KNU တပ္မဟာ ၅ မူေၾတာ္သတင္းစဥ္က သတင္းထုတ္ျပန္သည္။

မတ္လ ၂၉ရက္ေန႔တြင္ စစ္ေကာင္စီတပ္စခန္းတစ္ခုျဖစ္သည့္ မယ္ေဝ (မဲဝိုင္) ေရွ႕တန္းစခန္းအဖို႔ စစ္ေလယာဥ္၄ စီးက လက္နက္ခဲယမ္းမ်ားႏွင့္ ဝတၳဳပစၥည္းမ်ား က်ဲခ်ရန္ လာေရာက္ေၾကာင္း၊ ပထမ ေလယာဥ္ ၁ စီးက အထုပ္မ်ား က်ဲခ်ိန္တြင္ KNU တပ္မ်ားက ေစာင့္ဆိုင္းပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။

ထိုကဲ့သို႔ပစ္ခတ္မႈျဖစ္ပြားခ်ိန္ အျခားစစ္ေလယဥ္ ၃ စီးက ေလယာဥ္ေပၚမွ စက္ေသနတ္မ်ားျဖင့္ ပစ္ခတ္ရာ မဲဝိုင္ ရြာခံ ေနာ္မစိန္ အသက္(၁၈)ႏွစ္၊ ေစာေသးဝါး၊ အသက္(၁၈)ႏွစ္ႏွင့္ ေဝါေတးရြာသား ေစာေယထူး၊ အသက္(၃၈)ႏွစ္မတို႔ အသီးသီးထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း၊ ေစာဖားေဘာ၏အိမ္သည္လည္း ေလယာဥ္ဗုံးက်ည္ ထိမွန္မီးစြဲေလာင္ကာ အိမ္ႏွင့္အတူ အိမ္သုံးပစၥည္းပရိေဘာဂမ်ားအားလုံး ျပာက်သြားေၾကာင္း သိရွိရသည္။

KNU တပ္မဟာ ၅ မွ တပ္မ်ားက စစ္ေကာင္စီက က်ဲခ်သြားသည့္ ရိကၡာႏွင့္ စစ္လက္နက္ပစၥည္းမ်ားအားလုံး ရယူသိမ္းဆည္းကာ သယ္ေဆာင္နိုင္စြမ္းမရွိသည့္ရိကၡာပစၥည္းမ်ားမွာမူ ခ်က္ခ်င္းမီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။

မတ္လ ၃၀ ရက္ေန႔တြင္မူ ေဖြးပူးလူးေဒသအတြင္း လမ္းကင္းယူေနသည့္အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကိုတစ္ႀကိမ္၊ ကမမို(ကမေမာင္း)ဘက္မွတက္လာသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကို ေဘာက်ိဳထာတြင္တစ္ႀကိမ္ စုစုေပါင္း(၂)ႀကိမ္ ပစ္ခတ္ခဲ့ရာတြင္ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးမႈရွိေၾကာင္း၊ စာရင္းအတည္မျပဳနိုင္ေသးေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္မတ္လ(၃၀)ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ၎တို႔၏ခါးပိုက္ေဆာင္ BGFတပ္ဖြဲ႕ဝင္မ်ားမွလုံျခဳံေရးအေၾကာင္းျပကာ ဖာပြန္-ထြီသီးအူ(ေခြးေသ)အၾကား လမ္းကင္းဝပ္စဥ္ အနီးအနားရွိေက်းရြာမ်ားအတြင္းသို႔ လက္နက္ႀကီး ၃၀ လုံးခန႔္ ရမ္းသန္းပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္တပ္၏ သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္မ်ား။