ၾကားသိသမွ်

ကံပွင့် ပလတ်စတစ်စက်ရုံကို ဖောက်ခွဲမီးရှို့သူ ၅ ဦးအား ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ

ကံပွင့် ပလတ်စတစ်စက်ရုံကို ဖောက်ခွဲမီးရှို့သူ ၅ ဦးအား ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ

မကွေးတိုင်း၊ ရေစကြိုမြို့က ကံပွင့် ပလတ်စတစ်စက်ရုံ ဖောက်ခွဲမီးရှို့ခဲ့သူ ၅ ယောက်ကို ရေစကြို PDF က မတ် ၃၀ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရေစကြို PDF က ပြောပါတယ်။

ရေစကြိုမြို့ ပေကုန်းတိုးချဲ့ရပ်ကွက်က ကံပွင့်ရဲ့ လုပ်ငန်းစုတခုဖြစ်တဲ့ ပလတ်စတစ်စက်ရုံကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ကားနဲ့လာရောက်ပြီး ဖောက်ခွဲမီးရှို့ကာ မန်နေဂျာကိုပါ ဖမ်းဆီးသွားတာလို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ကံပွင့်စက်ရုံကို ဖောက်ခွဲမီးရှို့ခဲ့တာဟာ ရေစကြို PDF က မဟုတ်ဘဲ ရွာနီးချုပ်စပ်တွေမှာ ဓားပြတိုက်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တယ်။ အခု သူတို့ကို ဖမ်းမိထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်။ ကျနော်တို့ PDF အဖွဲ့က လိုက်လံဖမ်းဆီးတော့ မီးရှို့ဖောက်ခွဲသွားတဲ့ ၅ ယောက်နဲ့ မန်နေဂျာကို ဖမ်းမိထားပြီဗျ။ ကနဦး စစ်ဆေးချက်တွေအရတော့ အဲဒီနားက ရွာနီးနားတွေမှာ ဓားပြတိုက်တဲ့ အမှုတွေ စစ်ဆေးပေါ်ပေါက်ထားတယ်။ အသေးစိတ် အချက်လက်တွေကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်။”

ကံပွင့်စက်ရုံပိုင်ရှင်ဟာ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ထောက်ပံ့တာကြောင့် PDF အဖွဲ့က မီးရှို့ဖောက်ခွဲသွားတယ်လို့ သတင်းတွေ ပျံ့နှံနေပေမယ့် ရေစကြို PDF က သူတို့လက်ချက် လုံးဝမဟုတ်ဘဲ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။DVB

ကံပြင့္ ပလတ္စတစ္စက္႐ုံကို ေဖာက္ခြဲမီးရွို႔သူ ၅ ဦးအား ေရစႀကိဳ PDF ဖမ္းဆီးစစ္ေဆးေန

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕က ကံပြင့္ ပလတ္စတစ္စက္႐ုံ ေဖာက္ခြဲမီးရွို႔ခဲ့သူ ၅ ေယာက္ကို ေရစႀကိဳ PDF က မတ္ ၃၀ ရက္ေန႔မွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေရစႀကိဳ PDF က ေျပာပါတယ္။

ေရစႀကိဳၿမိဳ႕ ေပကုန္းတိုးခ်ဲ႕ရပ္ကြက္က ကံပြင့္ရဲ့ လုပ္ငန္းစုတခုျဖစ္တဲ့ ပလတ္စတစ္စက္႐ုံကို မေန႔ မြန္းလြဲ ၂ နာရီေလာက္မွာ လက္နက္ကိုင္အဖြဲ႕တဖြဲ႕က ကားနဲ႔လာေရာက္ၿပီး ေဖာက္ခြဲမီးရွို႔ကာ မန္ေနဂ်ာကိုပါ ဖမ္းဆီးသြားတာလို႔ ေရစႀကိဳ PDF ေခါင္းေဆာင္ ရဲေဘာ္ေဝႀကီးက ဒီဗြီဘီကို ေျပာပါတယ္။

“ကံပြင့္စက္႐ုံကို ေဖာက္ခြဲမီးရွို႔ခဲ့တာဟာ ေရစႀကိဳ PDF က မဟုတ္ဘဲ ရြာနီးခ်ဳပ္စပ္ေတြမွာ ဓားျပတိုက္ေနတဲ့ အဖြဲ႕တဖြဲ႕ျဖစ္တယ္။ အခု သူတို႔ကို ဖမ္းမိထားၿပီး စစ္ေဆးတာေတြ ျပဳလုပ္ေနတယ္။ က်ေနာ္တို႔ PDF အဖြဲ႕က လိုက္လံဖမ္းဆီးေတာ့ မီးရွို႔ေဖာက္ခြဲသြားတဲ့ ၅ ေယာက္နဲ႔ မန္ေနဂ်ာကို ဖမ္းမိထားၿပီဗ်။ ကနဦး စစ္ေဆးခ်က္ေတြအရေတာ့ အဲဒီနားက ရြာနီးနားေတြမွာ ဓားျပတိုက္တဲ့ အမႈေတြ စစ္ေဆးေပၚေပါက္ထားတယ္။ အေသးစိတ္ အခ်က္လက္ေတြကိုေတာ့ ေနာက္ပိုင္းမွာ ထုတ္ျပန္ေပးသြားမယ္။”

ကံပြင့္စက္႐ုံပိုင္ရွင္ဟာ စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးေတြကို ေထာက္ပံ့တာေၾကာင့္ PDF အဖြဲ႕က မီးရွို႔ေဖာက္ခြဲသြားတယ္လို႔ သတင္းေတြ ပ်ံ႕ႏွံေနေပမယ့္ ေရစႀကိဳ PDF က သူတို႔လက္ခ်က္ လုံးဝမဟုတ္ဘဲ က်ဴးလြန္တဲ့သူေတြကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ သိရပါတယ္။DVB