ၾကားသိသမွ်

ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဖွယ်အခမ်းအနားနှင့် ဈာပနကို အာဏာသိမ်းစစ်တပ်၏ တြိဂံတိုင်းမှူး တက်ရောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဖွယ်အခမ်းအနားနှင့် ဈာပနကို အာဏာသိမ်းစစ်တပ်၏ တြိဂံတိုင်းမှူးလည်း တက်ရောက်

ကိုးကန့်ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ဘွယ် အခမ်းအနားနှင့် ဈာပနကို ၂၀၂၂ ခုနှစ် မတ်လ (၂၉)ရက်နေ့က မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်တွင် ကျင်းပနေရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်ကြပြီး အာဏာသိမ်းစစ်ကောင်စီ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းလည်း တက်ရောက်သည်ကို တွေ့ရသည်။


ယမန်နေ့က အခမ်းအနားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိင်းရေးကော်မတီ (FPNCC) အဖွဲ့မှ UWSA ဒုဥက္ကဌ၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဌ တာအိုက်ဘုန်း၊ ဒုဥက္ကဌ တာခူးလန်း၊ စစ်ဦးစီးချုပ် တာဟိုပလန်တို့အပြင် အာဏာသိမ်းစစ်ကောင်စီ ထိုးစစ်ဆင်နေသည့် ကရင်နီ (ကယား)ပြည်နယ်မှ ခေါင်းဆောင်များလည်း တက်ရောက်သည်ကို တွေ့ရသည်။

ယင်းအပြင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကွန်မြူနစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ကြပြီး အခမ်းအနားကို လူပေါင်း (၃၀၀၀)ဝန်းကျင်ဖြင့် ကျင်းပနေခြင်းဖြစ်သည်ဟု သိရသည်။


အဆိုပါ အခမ်းအနားကို မိုင်းလားမြို့ရှိ ငြိမ်းချမ်းရေးရင်ပြင်၌ သုံးရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

ကိုးကန့် MNDAA ကို ၁၉၈၉ ခုနှစ်တွင် ဦးဆောင်တည်ထောင်ခဲ့သည့် ဖုန်ကျားရှင်သည် အထူးဒေသ(၁) ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် အသက် ၉၄ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
MNDAA ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်အခြေစိုက်ရာ ကိုးကန့်ဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

ကိုးကန႔္ေခါင္းေဆာင္ ဖုန္က်ားရွင္၏ ေအာက္ေမ့ဖြယ္အခမ္းအနားႏွင့္ ဈာပနကို အာဏာသိမ္းစစ္တပ္၏ ႀတိဂံတိုင္းမႉးလည္း တက္ေရာက္

ကိုးကန႔္ေခါင္းေဆာင္ ဖုန္က်ားရွင္၏ ေအာက္ေမ့ဘြယ္ အခမ္းအနားႏွင့္ ဈာပနကို ၂၀၂၂ ခုႏွစ္ မတ္လ (၂၉)ရက္ေန႔က မိုင္းလားၿမိဳ႕ ၿငိမ္းခ်မ္းေရးရင္ျပင္တြင္ က်င္းပေနရာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားမွ ေခါင္းေဆာင္မ်ားလည္း တက္ေရာက္ၾကၿပီး အာဏာသိမ္းစစ္ေကာင္စီ၏ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမင္းထြန္းလည္း တက္ေရာက္သည္ကို ေတြ႕ရသည္။

ယမန္ေန႔က အခမ္းအနားတြင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၏ ျပည္ေထာင္စု နိုင္ငံေရး ေဆြးေႏြးညႇိႏွိင္းေရးေကာ္မတီ (FPNCC) အဖြဲ႕မွ UWSA ဒုဥကၠဌ၊ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္၊ TNLA ဥကၠဌ တာအိုက္ဘုန္း၊ ဒုဥကၠဌ တာခူးလန္း၊ စစ္ဦးစီးခ်ဳပ္ တာဟိုပလန္တို႔အျပင္ အာဏာသိမ္းစစ္ေကာင္စီ ထိုးစစ္ဆင္ေနသည့္ ကရင္နီ (ကယား)ျပည္နယ္မွ ေခါင္းေဆာင္မ်ားလည္း တက္ေရာက္သည္ကို ေတြ႕ရသည္။

ယင္းအျပင္ တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္မွ ကြန္ျမဴနစ္ပါတီေခါင္းေဆာင္မ်ားလည္း တက္ေရာက္ၾကၿပီး အခမ္းအနားကို လူေပါင္း (၃၀၀၀)ဝန္းက်င္ျဖင့္ က်င္းပေနျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါ အခမ္းအနားကို မိုင္းလားၿမိဳ႕ရွိ ၿငိမ္းခ်မ္းေရးရင္ျပင္၌ သုံးရက္ၾကာ က်င္းပသြားမည္ဟု သိရသည္။

ကိုးကန႔္ MNDAA ကို ၁၉၈၉ ခုႏွစ္တြင္ ဦးေဆာင္တည္ေထာင္ခဲ့သည့္ ဖုန္က်ားရွင္သည္ အထူးေဒသ(၁) ဥကၠဌ အျဖစ္လည္း တာဝန္ယူခဲ့သည့္ ကိုးကန႔္ေခါင္းေဆာင္ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၆) ရက္ေန႔တြင္ အသက္ ၉၄ ႏွစ္အရြယ္ျဖင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

MNDAA ေခၚ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္အေျခစိုက္ရာ ကိုးကန႔္ေဒသကို အာဏာသိမ္းစစ္တပ္က ၂၀၂၁ ခုႏွစ္ ဩဂုတ္လကတည္းက ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္သည္။
#TachileikNewsAgency