ၾကားသိသမွ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ရဲ့ မြန်မာအရေးပူးတွဲတောင်းဆိုးချက်

နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ်တို့ ပူးတွဲတောင်းဆို

ဝါရှင်တန်ဒီစီ၊ မတ် ၃၀

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံခြားသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၉ ရက် မနေ့က ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်မှာ ထိပ်သီးခေါင်းဆောင်နှစ်ယောက် နှစ်နိုင်ငံကိစ္စအပါအဝင် နိုင်ငံတကာအရေးတွေနဲ့အတူ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးကြပြီး တောင်းဆိုတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က ပြောပါတယ်။မြန်မာပြည်မှာ အရပ်သားတွေကို အကြမ်းဖက်နေတာ ရပ်ဖို့ သူတို့နှစ်ဦးလုံးကဆက်ပြီးတောင်းဆိုတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူသားချင်းစာနာမှုအကူအညီတွေပေးခွင့် ဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီ လမ်းပေါ်ပြန်လျှောက်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေ အကျိုးအတွက် စင်္ကာပူအပါအဝင် အာဆီယံကအပြုသဘောဆောင်ပြီး ကြားဝင်ဆောင်ရွက်နေတာကို အမေရိကန်အနေနဲ့ အသိအမှတ်ပြုပါတယ်လို့ သမ္မတဘိုင်ဒင်က စင်္ကာပူဝန်ကြီးချုပ်ကို ပြောပါတယ်။

အဲဒီအပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ခေါင်းဆောင်နှစ်ယောက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့စီးပွားရေးတိုးတက်မှု နောက်ပြန်ဆုတ်သွားတဲ့ ဖြစ်ရပ်နဲ့ တရားမဝင်ငွေကြေးအန္တရာယ် တိုးလာနေတာကိုလည်း စိုးရိမ်ပူပန်တယ်လို့ ပြောဆိုကြပါတယ်။

နိုင္ငံေရးအက်ဥ္းသားေတြျပန္လႊတ္ဖို႔နဲ႔ အၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔ အေမရိကန္သမၼတနဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္တို႔ ပူးတြဲေတာင္းဆို

ဝါရွင္တန္ဒီစီ၊ မတ္ ၃၀

လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ နိုင္ငံျခားသားေတြ၊ နိုင္ငံေရးအက်ဥ္းသားေတြအားလုံးကို ျပန္လႊတ္ဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္နဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းတို႔က ပူးတြဲေတာင္းဆိုလိုက္ပါတယ္။

မတ္လ ၂၉ ရက္ မေန႔က ဝါရွင္တန္ဒီစီ သမၼတအိမ္ျဖဴေတာ္မွာ ထိပ္သီးေခါင္းေဆာင္ႏွစ္ေယာက္ ႏွစ္နိုင္ငံကိစၥအပါအဝင္ နိုင္ငံတကာအေရးေတြနဲ႔အတူ ျမန္မာ့အေရးကိုပါ ထည့္သြင္းေဆြးေႏြးၾကၿပီး ေတာင္းဆိုတိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။

ေဒသတြင္းတည္ၿငိမ္မႈကို ထိခိုက္ေစတဲ့ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ အလြန္အမင္း စိုးရိမ္ပူပန္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္နဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းတို႔က ေျပာပါတယ္။

ျမန္မာျပည္မွာ အရပ္သားေတြကို အၾကမ္းဖက္ေနတာ ရပ္ဖို႔ သူတို႔ႏွစ္ဦးလုံးကဆက္ၿပီးေတာင္းဆိုတယ္လို႔ ဆိုပါတယ္။ အဲဒီအျပင္ လူသားခ်င္းစာနာမႈအကူအညီေတြေပးခြင့္ ဖြင့္ေပးဖို႔နဲ႔ ဒီမိုကေရစီ လမ္းေပၚျပန္ေလၽွာက္ဖို႔ကိုလည္း တိုက္တြန္းလိုက္ပါတယ္။

ျမန္မာျပည္သူေတြ အက်ိဳးအတြက္ စကၤာပူအပါအဝင္ အာဆီယံကအျပဳသေဘာေဆာင္ၿပီး ၾကားဝင္ေဆာင္ရြက္ေနတာကို အေမရိကန္အေနနဲ႔ အသိအမွတ္ျပဳပါတယ္လို႔ သမၼတဘိုင္ဒင္က စကၤာပူဝန္ႀကီးခ်ဳပ္ကို ေျပာပါတယ္။

အဲဒီအျပင္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အျမန္ဆုံးအေကာင္အထည္ေဖာ္ဖို႔ ေခါင္းေဆာင္ႏွစ္ေယာက္က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို တိုက္တြန္းလိုက္ပါတယ္။ ျမန္မာ့စီးပြားေရးတိုးတက္မႈ ေနာက္ျပန္ဆုတ္သြားတဲ့ ျဖစ္ရပ္နဲ႔ တရားမဝင္ေငြေၾကးအႏၲရာယ္ တိုးလာေနတာကိုလည္း စိုးရိမ္ပူပန္တယ္လို႔ ေျပာဆိုၾကပါတယ္။