ၾကားသိသမွ်

မင်းတပ်နဲ့ မတူပီကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံး

မင်းတပ်နဲ့ မတူပီကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံး

မတ် ၂၉၊ ၂၀၂၂

ဒီနေ့(မတ် ၂၉) မနက်ပိုင်း ၉ နာရီပတ်ဝန်းကျင်ထဲက မင်းတပ် မတူပီကားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ CDF mindat တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးပြီး အထိအခိုက်လည်းများနေတယ်လို့ သိရပါတယ်။

“မင်းတပ်-မတူပီလမ်းမကြီးတစ်နေရာမှာ CDF-Mindat နှင့် စကစတိုက်ပွဲတော်တော်ပြင်းထန် နေပါတယ်။ သတင်းအမှောင် ချချင်လို့ ဖုန်းလိုင်းများ ကြိုတင်ကြံစည် ဖြတ်တောက်ထားပါတယ်။

ယမန်နေ့တွေက မတူပီဘက်ကို တက်သွားတဲ့စစ်ကား အစီး (၈၀) နှင့် ၎င်းမှ စစ်သားများနဲ့ တိုက်ပွဲဖြစ်နေပါတယ်” လို့ CDF mindat သတင်းထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာကရင်နီပြည်နယ်ဘက်မှာ စစ်ကောင်စီက တိုက်လေယာဥ်၊ ရဟတ်ယာဥ်အပါအဝင် လက်နက်ကြီး တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အခု ချင်းပြည်နယ်ကိုလည်း တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေကို အသုံးပြုပြီးတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။Bvj

မင္းတပ္နဲ႔ မတူပီၾကားမွာ တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က ၁၅ ဦးက်ဆုံး

မတ္ ၂၉၊ ၂၀၂၂

ဒီေန႔(မတ္ ၂၉) မနက္ပိုင္း ၉ နာရီပတ္ဝန္းက်င္ထဲက မင္းတပ္ မတူပီကားမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေတြနဲ႔ CDF mindat တို႔ တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က ၁၅ ဦးက်ဆုံးၿပီး အထိအခိုက္လည္းမ်ားေနတယ္လို႔ သိရပါတယ္။

“မင္းတပ္-မတူပီလမ္းမႀကီးတစ္ေနရာမွာ CDF-Mindat ႏွင့္ စကစတိုက္ပြဲေတာ္ေတာ္ျပင္းထန္ ေနပါတယ္။ သတင္းအေမွာင္ ခ်ခ်င္လို႔ ဖုန္းလိုင္းမ်ား ႀကိဳတင္ႀကံစည္ ျဖတ္ေတာက္ထားပါတယ္။

ယမန္ေန႔ေတြက မတူပီဘက္ကို တက္သြားတဲ့စစ္ကား အစီး (၈၀) ႏွင့္ ၎မွ စစ္သားမ်ားနဲ႔ တိုက္ပြဲျဖစ္ေနပါတယ္” လို႔ CDF mindat သတင္းထုတ္ျပန္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းမွာကရင္နီျပည္နယ္ဘက္မွာ စစ္ေကာင္စီက တိုက္ေလယာဥ္၊ ရဟတ္ယာဥ္အပါအဝင္ လက္နက္ႀကီး ေတြနဲ႔ တိုက္ခိုက္ခဲ့ၿပီး အခု ခ်င္းျပည္နယ္ကိုလည္း တိုက္ေလယာဥ္၊ ရဟတ္ယာဥ္ေတြကို အသုံးျပဳၿပီးတိုက္ခိုက္ေနတာလည္းျဖစ္ပါတယ္။Bvj