ၾကားသိသမွ်

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးမြို့တွင်ဆင်းသက်စဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိဟုသတင်းထုတ်ပြန်

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးမြို့တွင်ဆင်းသက်စဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိဟုသတင်းထုတ်ပြန်

ကလေးမြို့မှ တဣသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးရဟတိယာဉ်ကွင်းသို့ဆင်းသက်စဉ်

မတော်တဆမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် ဖြစ်ပွါးခဲ့ကာ လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိဟုသတင်းမီဒီယာများတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်အရ သိရသည်။

အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ ၂ ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း ၃ ဦး စုစုပေါင်း ၅ ဦးတို့တွင် အနည်းငယ်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့်

၎င်းရဟတ်ယာဉ်ဖြင့်သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများသည်လည်း ပျက်စီးမှုမရှိကြောင်း ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်ဆွဲနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်ဟုသတင်းထုတ်ပြန်ထားသည်။
#ChinWorld



#ChinWorld