ၾကားသိသမွ်

စစ်ကောင်စီလေယာဉ်တွေကို ခြိမ်းခြောက်ဖို့ ‌ရှော့တိုက်ဒုံးစမ်းသပ်အောင်မြင်(ရုပ်သံ)

စစ်ကောင်စီလေယာဉ်တွေကို ခြိမ်းခြောက်ဖို့ ‌ရှော့တိုက်ဒုံးစမ်းသပ်အောင်မြင်

လေကြောင်းက ဖိနှိမ့်နေတဲ့ စစ်ကောင်စီ လေယာဉ်တွေကို ခြိမ်းခြောက်တိုက်ခိုက်နိုင်တဲ့ ရှော့တိုက်ဒုံးတမျိုးစမ်းသပ်တီထွင်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကနီ PDF KLG တာဝန်ခံဆီက သိရပါတယ်။

အဲ့ဒီဒုံးကို ၁၅ရက်ဝန်းကျင်လောက် ပြုလုပ်ခဲ့ရပြီး မတ်လ၂၈ရက် မနေ့က စမ်းသပ်ပစ်ခတ်ကြည့်တာ ရာနှုန်းပြည့် ‌အောင်မြင်တယ်လို့ Kani People’s Defense Force-KLGတာဝန်ခံက ပြောပါတယ်။


” ကျနော်တို့တိုက်ပွဲဝင်နေတာ ၁ နှစ်ပြည့်တော့မှာ၊ ၄ လပိုင်းကတည်းက စစ်ကောင်စီကိုတိုက်လာတာ၊ ၅ လပိုင်းရောက်တော့ တူမီးအကြီးစားအောင်မြင်ပြီး၊ မိုင်းတီထွင်တယ်၊မိုင်းကနေ ခွင်ဒိုး ခွင်ဒိုးကနေမှတဆင့် ၆၀ မမ ၄၀ မမ ရေမြုတ်မိုင်း အများကြီးတော့တီထွင်ထားခဲ့တယ်၊လက်နက်ပေါင်းတော့မရေနိုင်တော့ပါဘူး” လို့ KLG PDF တာဝန်ခံက ပြောပါတယ်။

လက်ရှိနောက်ဆုံး တီထွင်ခဲ့တဲ့ ရှော့တိုက်ဒုန်းက ၂မိုင် အကွာအဝေးအထိ ရောက်နိုင်ပြီး ၂ဆင့် ပေါက်ကွဲတဲ့ အမျိုးအစားဖြစ်တာကြောင့် ကုန်ကျစရိတ်ကြီးမားလို့ အနည်းငယ်သာ ထုတ်ထားနိုင်သေးတယ်လို့ သိရပါတယ်။

#Myaelattathan

စစ္ေကာင္စီေလယာဥ္ေတြကို ၿခိမ္းေျခာက္ဖို႔ ‌ေရွာ့တိုက္ဒုံးစမ္းသပ္ေအာင္ျမင္

ေလေၾကာင္းက ဖိႏွိမ့္ေနတဲ့ စစ္ေကာင္စီ ေလယာဥ္ေတြကို ၿခိမ္းေျခာက္တိုက္ခိုက္နိုင္တဲ့ ေရွာ့တိုက္ဒုံးတမ်ိဳးစမ္းသပ္တီထြင္နိုင္ခဲ့ၿပီျဖစ္တယ္လို႔ ကနီ PDF KLG တာဝန္ခံဆီက သိရပါတယ္။

အဲ့ဒီဒုံးကို ၁၅ရက္ဝန္းက်င္ေလာက္ ျပဳလုပ္ခဲ့ရၿပီး မတ္လ၂၈ရက္ မေန႔က စမ္းသပ္ပစ္ခတ္ၾကည့္တာ ရာႏႈန္းျပည့္ ‌ေအာင္ျမင္တယ္လို႔ Kani People’s Defense Force-KLGတာဝန္ခံက ေျပာပါတယ္။

” က်ေနာ္တို႔တိုက္ပြဲဝင္ေနတာ ၁ ႏွစ္ျပည့္ေတာ့မွာ၊ ၄ လပိုင္းကတည္းက စစ္ေကာင္စီကိုတိုက္လာတာ၊ ၅ လပိုင္းေရာက္ေတာ့ တူမီးအႀကီးစားေအာင္ျမင္ၿပီး၊ မိုင္းတီထြင္တယ္၊မိုင္းကေန ခြင္ဒိုး ခြင္ဒိုးကေနမွတဆင့္ ၆၀ မမ ၄၀ မမ ေရျမဳတ္မိုင္း အမ်ားႀကီးေတာ့တီထြင္ထားခဲ့တယ္၊လက္နက္ေပါင္းေတာ့မေရနိုင္ေတာ့ပါဘူး” လို႔ KLG PDF တာဝန္ခံက ေျပာပါတယ္။

လက္ရွိေနာက္ဆုံး တီထြင္ခဲ့တဲ့ ေရွာ့တိုက္ဒုန္းက ၂မိုင္ အကြာအေဝးအထိ ေရာက္နိုင္ၿပီး ၂ဆင့္ ေပါက္ကြဲတဲ့ အမ်ိဳးအစားျဖစ္တာေၾကာင့္ ကုန္က်စရိတ္ႀကီးမားလို႔ အနည္းငယ္သာ ထုတ္ထားနိုင္ေသးတယ္လို႔ သိရပါတယ္။

#Myaelattathan