ၾကားသိသမွ်
၂၀၂၂ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ် အောင်ပွဲခံမယ့်နှစ် ဖြစ်ကိုဖြစ်ရမယ်လို ဒေါက်တာဝင်းမြတ်အေးပြော
၂၀၂၂ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ် အောင်ပွဲခံမယ့်နှစ် ဖြစ်ကိုဖြစ်ရမယ်လို ဒေါက်တာဝင်းမြတ်အေးပြော
မတ်လ ၂၈ ရက်
၂၀၂၂ခုနှစ်ဟာ တော်လှန်ရေးကို အဆုံးသတ်ပြီး အောင်ပွဲခံမယ့်နှစ် ဖြစ်ကိုဖြစ်ရမယ်လို NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။ဂျပန်နိုင်ငံက ထောက်ပံ့တပ်သားသစ်ကြိုဆိုပွဲအခမ်းအနားမှာNUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့တာပါ။
“ဒီတော်လှန်ရေးမှာ အရင်းအနှီးကမနည်းဘူး။အရင်းအနီးတွေထဲမှာ အသက်တွေတောင်ရင်းနှီးခဲ့ရတယ်။အင်မတန်အရေးကြီးတဲ့ အရင်းအနှီးဖြစ်တယ်။
ဒီအရင်းအနှီးတွေအတွက်ထိုက်တန်တဲ့ ပြန်ရမှဖြစ်မယ်။မဖြစ်ဖြစ်အောင် ပြန်ယူမယ်။နောက်ဆုတ်လိုမရဘူး။ရပ်တန့်လိုမရဘူး။ရှေ့ကိုဆက်သွားနေမယ်။၂၀၂၂မှာ တော်လှန်ရေးကိုအဆုံးသတ်မယ်။အောင်ပွဲခံမယ့်နှစ်ဖြစ်ကိုဖြစ်ရမယ်”လို ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ဖြတ်သန်းခဲ့တဲ့ နွေဦးတော်လှန်ရေး တစ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အတွေ့အကြုံတွေပေါ်မူတည်ပြီး ရှေ့ဆက်ပြီးပိုအောင်မြင်အောင်လုပ်နိုင်မယ့် လမ်းကြောင်းတွေ၊အတွေ့အကြုံတွေ တွေ့နေပြီ၊ သိနေရပြီဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။KNA
မတ်လ ၂၈ ရက်