ၾကားသိသမွ်

CDM လုပ်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် သတင်းကောင်း

CDM လုပ်ချင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် သတင်းကောင်း

လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၉၅ သန်း အကူအညီပေးမယ့်အပြင် မြန်မာဒုက္ခ သည် ၂၀၀၀ ကိုလည်း လက်ခံသွားမှာဖြစ်တယ်လို့ ဩစတြေးလျဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

မြန်မာအရေးကို တစိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ လွှတ်တော်အမတ် ဒန်စမစ်က ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြားချက်ကို ကိုးကားပြီး ရေးသားလိုက်တာပါ။

“ဝန်ကြီးချုပ်က အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အကူအညီလိုအပ်နေတဲ့ မြန်မာ နိုင်ငံက ဒုက္ခသည် ၂၀၀၀ ကို လူ သားချင်းစာနာမှု အစီအစဉ်တွေအရ ဗီဇာထုတ်ပေးမှာဖြစ်ပီးတော့ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာလည်း မြန်မာ ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၉၅ သန်းကို ထောက်ပံ့ကူညီမှာပါ” လို့ လွှတ်တော်အမတ် ဒန်စမစ်က ပြောကြားလိုက်တာပါ။

ဩစတြေးလျနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ အပတ်က တပ်နဲ့ ရဲ CDM တွေကို နေထိုင်ဖို့အတွက် လုပ်ဆောင်ပေးမယ်လို့ ပြောကြားမှုအပြီးမှာပဲ အခုလို လူ ၂၀၀၀ ကို ထပ်ပြီးတော့ ဗီဇာထုတ်ပေးမယ့်အကြောင်း တရားဝင်ထုတ်ဖော် ပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

သြစတေးလျအခြေစိုက်သတင်းဌာနတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက CDM တပ်မတော်သားအရာရှိနဲ့ တွေ့ဆုံမေးမြန်းခွင့်ရရှိပြီးနောက် CDM တပ်မတော်သားတွေကို ပြည်ဝင်ခွင့်ဗီဇာရရှိရေး သြစတြေးလျအစိုးရကို တောင်းဆိုခဲ့ကြပြီးနောက် ခွင့်ပြုပေးခဲ့ကြောင်း ဆိုပါတယ်။


ဒါ့အပြင် မြေပြင်တပ်မှူးတွေကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အထိ မြန်မာစစ်တပ် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့ Australia နိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပြင်ဆင်နေပါတယ်။

Australia က ရှေ့နေအဖွဲ့ဖြစ်တဲ့ Gilbert + Tobin နဲ့ ဆောင်ရွက်မယ်လို့ Australia နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေက The Sydney Morning Herald သတင်းစာနဲ့ The Age တို့ကို ပြောပါတယ်။

ခုလို တရားစွဲဆိုတဲ့အခါ Australia တရားဥပဒေအောက်မှာ စွဲဆိုရမှာဖြစ်ပြီး သြစတြေးလျအစိုးရရဲ့ ရှေ့နေချုပ်ရုံးက ထောက်ခံရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရမယ့် အဖွဲ့က Australia ဖက်ဒရယ် ရဲတပ်ဖွဲ့ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ က ကြီးမားလှတာကြောင့် လျစ်လျူ ပြုဖို့ခက်ပါတယ်လို့ ဒေါက်တာ ထွန်းအောင်ရွှေ က ဆိုပါတယ်။

ကယား၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေအပေါ်မှာ အမှုကို NUG က ပြင်ဆင်နေပြီဖြစ်ပါတယ်။