ၾကားသိသမွ်

ခုက္ကူမြို့ မြန်မာ့အာမခံလုပ်ငန်းကို PDF များဝင်ရောက်စီးနင်း

ပခုက္ကူမြို့ပေါ်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနအား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းကာ ပစ္စည်းများသိမ်းယူပြီး ဝန်ထမ်းများ CDM ပြုလုပ်ရန် နောက်ဆုံး အကြိမ်တိုက်တွန်း သတိပေးလိုက်ကြောင်း သိရသည်။

ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အဆောက်အအုံ (၁) ရှိ စစ်ကောင်စီ လက်အောက်ခံဌာန နှစ်ခုအား ဒေသပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်။

ထိုသို့ စီးနင်းရာတွင် ဝန်ထမ်း တစ်ဦးက ကာကွယ်ရေး တပ်ဖွဲ့များထံမှ သေနတ်လု ခုခံသဖြင့်ဆုံးမခဲ့သည်ဟု သိရသည်။


“ကျွန်တော်တို့ အဖွဲ့တွေက အေးအေးဆေးဆေး ပြောတယ် ဒါပေမယ့် ဝန်ထမ်းထဲက အချို့ကတော့ရဲဘော် တစ်ယောက်ရဲ့သေနတ်ကို လုပြီးပြန်ခုခံဖို့လုပ်တာကြောင့် ကိုယ်ထိလက်ရောက် နည်းနည်းဆုံးမ ပေးလိုက်ရတယ် အပြင်းအထန်တော့ မလုပ်လိုက်ပါဘူး၊

နောက်ဝန်ထမ်း တစ်ဦးက ကျတော့ အခန်းထဲက ဖုန်းဆက်ပြီး တိုင်ဖို့ကြိုးစားနေတာတွေ့လို့ သူ့ကိုတားပြီး ဖုန်းကို သိမ်းလိုက်ပါတယ်” ဟု စီးနင်းမှု ဖြစ်စဉ်အား Earthquake people’s defence force (UG) အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ပြောဆိုကြောင်း မဇ္ဈိမသတင်းမှာ ဖော်ပြထားပါတယ်။

စီးနင်းချိန် နာရီဝက်ခန့်ကြာမြင့်ပြီး ဌာန နှစ်ခုအတွင်းရှိ တော်လှန်ရေး အတွက် အသုံးဝင်မည့် ပစ္စည်းများ သိမ်းယူကာ စာရွက်စာတန်းနှင့် ပစ္စည်းအချို့အား ဖျက်ဆီးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။



“ဝန်ထမ်းများမှ နောက်ရက်တွင် CDM ပြုလုပ်ပါမည်” ဟု ကတိပေး ပြောဆိုသူများ ရှိခဲ့ကြောင်း ဆိုသည်။
တော်လှန်ရေးအဖွဲ့များအနေဖြင့် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ ဒေါက်တိုင် ယန္တရားများတွင် ပါဝင်ခြင်း ရပ်တန့်ရန် စာထုတ်သတိပေးခဲ့ပြီး ယခုအကြိမ်တွင် လူကိုယ်တိုင်နောက်ဆုံး အဖြစ်အသိပေးခြင်း ဖြစ်ကြောင်း ကိုပိန်က ပြောသည်။

“ကျွန်တော်တို့ စာထုတ်ပြန်တယ် မလိုက်နာဘူး ဒီကောင်တွေ စာနဲ့ပါပဲကွာ လေပေါ်မှာပဲ လုပ်နေတယ်ထင်နေမှာ ဆိုးလို့ တကယ်လုပ်မှာ ဆိုတာကို လူကိုယ်တိုင်သွားပြီးသတိပေးတာပါ၊ ဒါကိုဆက်လုပ် နေဦးမယ် ဆိုရင် တစ်ရုံးလုံး ပြာကျမယ် ဝန်ထမ်းတွေရဲ့ အသက်လည်း အာမခံမှာ မဟုတ်ပါဘူး” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား Earthquake people’s defence force (UG) အဖွဲ့က သတိပေးပြောဆိုသည်။

ယနေ့ စီးနင်းမှုအား ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည့် Earthquake people’s defence force (UG)၊ RSO (PKU) နှင့်Young Force (UG) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Earthquake people’s defence force (UG) သည် ပခုက္ကူမြို့နယ် အတွင်းရှိ စစ်ကောင်စီ ဒေါက်တိုင်များ ဖြစ်သည့် စည်ပင်ရုံး၊ချေးငွေရုံးနှင့် Mytel ရုံးများအား သတိပေးသည့် လှုပ်ရှားမှုများ ပြုလုပ်ထားကြောင်း သိရသည်။

“စစ်ကောင်စီတပ်၏ ဒေါက်တိုင်မှန်သမျှ ဖြိုလဲကြ ပြတ်ပြတ် သားသား တွန်းလှန်ကြ အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းရမည်” ဟု Earthquake people’s defence force (UG) မှထုတ်ပြန် ထားသည်။
Photo – CJ