ၾကားသိသမွ်

“PDFများကို အမြစ်ဖြတ်ချင်ပါက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့ TGRမြောင် ကာကွယ်ရေးတပ်ကဖိတ်ခေါ် “

“PDFများကို အမြစ်ဖြတ်ချင်ပါက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့ TGRမြောင် ကာကွယ်ရေးတပ်ကဖိတ်ခေါ် ”

PDFများကို အမြစ်ဖြတ်ချင်ပါက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် စစ်ကိုင်းကို ကားစီးလာကြည့်ပါလို့ TGR မြောင် ကာကွယ်ရေးတပ်ကဖိတ်ခေါ်လိုက်ပါတယ်။

မတ်လ၂၇ရက်နေ့ တော်လှန်ရေးနေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဆွေးနွေးမှုလုပ်မှာမဟုတ်ဘဲ အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့စကားအပေါ် TGR မြောင်ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်တိုက်ဂါးကပြောဆိုလိုက်ပါတယ်။

“သူကိုယ်တိုင် စစ်ကိုင်းတိုင်းကို ကားစီးလာခဲ့ဖို့‌‌‌‌ပြောချင်တယ်ပါတယ်။ အခုဆို ကျနော်တို့တွေ ဝေဟင်ပစ်တွေလည်း
အသင့်အတင့်ထုတ်လုပ်အောင်မြင်နေပါပြီ”လို့ဆိုပါတယ်။

စကစတပ်များဟာ မတ်လ၂၇ရက်နေ့မတိုင်မီ စစ်ကိုင်းတိုင်းတွင်းက ကာကွယ်ရေးတပ်ဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သော်လည်းအောင်မြင်မှုမရှိဘဲ အရာရှိများကအစသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။

“စစ်ကိုင်းမှာ ရွာဘက်ကို စစ်ကားတန်းဖြတ်ဖို့မပြောနဲ့။အစိမ်းရောင် သစ်ရွက်တစ်ရွက်တောင် လမ်းမပေါ်ကျလို့မရဘူး။ ဒါကိုသူက PDFရဲဘော်တွေကို အမြစ်ဖြတ်မယ်ဆိုတာဟာသပြောတာနေပါလိမ့်မယ်”လို့စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်သူ ဒေသခံတစ်ဦးကလည်းဆိုပါတယ်။

#Tiger







#Tiger