ၾကားသိသမွ်

ငှက်ကင်မယ့်Project Dragonfly ကိစ္စ မဖြစ်နိုင်ဘူး ဘာညာ ပြောနေတဲ့ အယ်ကိုအယ်မတွေသိဖို့ အသိမ်မွေ့ဆုံး ရှင်းလင်းပြတဲ့သဘောပါ

Project Dragonfly ကိစ္စ မဖြစ်နိုင်ဘူး ဘာညာ ပြောနေတဲ့ အယ်ကိုအယ်မတွေကို တစ်ခုတော့ ပြောပါမယ်။ ဘက်တူချင်းတွေလို့ ယူဆလို့ အသိမ်မွေ့ဆုံး ရှင်းလင်းပြတဲ့သဘောပါ။

လွန်ခဲ့တဲ့ လေးငါးလကတည်းက အဲ့ကိစ္စကို အသည်းအသန်လိုက်ခဲ့ပါတယ်။ အဲ့ကိစ္စမှာ နားလည်သူနဲ့ စကားလေးပြောဖို့ ဖုန်းထဲကပြောလို့မဖြစ်လို့ မိုင်၁၅၀၀ ကားမောင်းသွားခဲ့တာ။

မဖြစ်နိုင်တဲ့ အခြေအနေအရပ်ရပ်ကြောင့် တပ်ခေါက်ပြန်ခဲ့ရတယ်။ စိတ်လျှော့ထားခဲ့တယ်။ ကိုယ်က လေယာဉ်နဲ့ အပစ်ခံရလို့ ရွာတွေ မီးလောင်ပြာကျ၊ သေကြကြေကြချိန်တိုင်း စပိအောက်ဆိုပြီး လိုင်းပေါ်တက် ငိုမပြတတ်ဘူး။ ဒါပေမယ့် ဘယ်လိုတုံ့ပြန်နိုင်ဖို့ ကြိုးစားမယ်ဆိုတာပဲ တွေးခဲ့တာ။


မဖြစ်နိုင်ခင်အချိန်မှာ ကိုယ့်ပါးစပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းလေးသော်မှ မထွက်ခဲ့ဘူး။ ဒီလောကမှာ 100% လို့ သုံးမရလို့ မသုံးပေမယ့် အတော်ကြီးကို သေချာခိုင်မာတဲ့ အခြေအနေရောက်မှ အကောင်အထည်ဖော်တာပါ။

အမှန်တကယ်ဆို ဒီProject ဆိုတာတောင် Online ပေါ်မှာ မပြောချင်ပါဘူး။ ဒါပေမယ့် ရှာရမယ့် ငွေအမောင့်ကအရမ်းများလွန်းလို့ ထုတ်ဖော်ပြောပြီး ငွေစုရတာပါ။

ကြားလူဘတ်သွားမှာ စိတ်ပူတယ်ဆိုတာ နားလည်ပါတယ်။ ပြောနိုင်တာက C2Dရော၊ ကိုယ်ရောက အရမ်းတတ်ကျွမ်းနေတာ မဟုတ်ရင်တောင် သူငယ်နှပ်စားကလေးလေးတွေ မဟုတ်ပါဘူး။ ချိတ်ဆက်ထားတဲ့ ချိတ်ဆက်က ပွဲစားတွေလည်း မဟုတ်ပါဘူး။ ယုံကြည်နိုင်လောက်တဲ့ သူတွေပါ။အဲ့လောက်ပဲ ပြောနိုင်ပါတယ်။ အဲ့ထက်လည်း ပိုပြောလို့မရလို့ပါ။

ဒီနေ့ငွေစု၊ မနက်ဖြန် ပစ္စည်းရောက် ငှက်ကင်နိုင်တဲ့အထိ မမြန်ပါဘူး။ မြန်မာငွေသိန်းပေါင်း တစ်သောင်းသုံးထောင်နဲ့ တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့ စျေးပေါတဲ့ပစ္စည်း မဟုတ်ဘူး။


ဒီနေ့လုပ်ရင် ဒီနေ့ရရအောင် လူလုပ်ရင်တောင် ကိုးလကြာပါတယ်။ အခုက လူလုပ်တာလောက်တောင် မကြာပါဘူး။ ငုံ့ခံနေရမယ့်ဘဝကနေ တုန့်ပြန်ဖို့ ရွေးချယ်တာပါ။

Accountability မရှိခဲ့ဘူးဆိုရင် ကျွန်မတို့ကို ကြိုက်သလို စွတ်စွဲလို့ရပါတယ်။ မျှော်လင့်ချက်က 1% ပဲ ရှိခဲ့ရင်တောင် ဆုပ်ကိုင်ရမယ့်အခြေအနေမှာ 80% အထက် 90%အထက် မျှော်လင့်ချက်မျိုးကို တွေဝေငေးမောမနေပါဘူး။

မဖြစ်နိုင်တာ မဟုတ်ပါဘူး။
ခင်ဗျားတို့ မသိသေးတာပါ။
ခံယူချက်က တစ်ခုတည်းပါ။ ဘယ်ခွေးသူတောင်းစားကိုမှ လေပေါ်ကနေ စိတ်လွတ်ကိုယ်လွတ် ဖျင်ယားခွင့် ထပ်မပေးနိုင်ဘူးဆိုတာပါပဲ။

#ပန်ဆယ်လို