ၾကားသိသမွ်

ပညာရေးနဲ့ ကျန်းမာရေး CDM အင်အားစုတွေ စုစည်းပြီး CDM လှုပ်ရှားမှုနဲ့ တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီဖွဲ့စည်း

ပညာရေးနဲ့ ကျန်းမာရေး CDM အင်အားစုတွေ စုစည်းပြီး CDM လှုပ်ရှားမှုနဲ့ တိုက်ပွဲတိးမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီဖွဲ့စည်း

မတ် ၂၈ ၊ ၂၀၂၂

ပညာရေး CDM အင်အားစုတွေနဲ့ ကျန်းမာရေး CDM အင်အားစုတွေ စုစည်းပြီးတော့ CDM လှုပ်ရှားမှုနဲ့ တိုက်ပွဲ မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှု ကော် မတီကို မတ် ၂၇ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တယ်ဆိုပြီး သတင်းထုတ်ပြန်လိုက် ပါတယ်။

တိုက်ပွဲမြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီမှာ အခြေခံပညာ ပညာ ရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ (BEWU-SC)၊ တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ် (MTF) ၊

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီ (BEGSC) ၊ နည်းပညာဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (TTF) ၊ ရန်ကုန်ဆေးပညာကွန်ရက် (YMN) ကျန်းမာရေးမိသားစု မန္တလေး (MFM) ၊ အရေးပါသောလှုပ်ရှားမှု (CM) CDM ဆေးပညာကွန်ရက် (CDMMN)နဲ့ ချင်းတွင်းဆေးပညာကွန်ရက် (CMN) တို့ ပါဝင်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထုတ်ပြန်ချက်မှာတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှာ လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်း ဖက် စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လျက်ရှိတဲ့ CDM လှုပ်ရှားမှုနဲ့ သပိတ်တိုက်ပွဲတွေမှာ ဦးဆောင် ပါဝင်ဆောင်ရွက်နေတဲ့ အင်အားစုတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

CDM လှုပ်ရှားမှုက လုပ်ငန်းခွင်သပိတ်မှောက်ပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးနီးပါး မလည်ပတ်နိုင်တဲ့အထိ ထိရောက်အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက CDMလှုပ်ရှားမှုကို အင်အားလျော့နည်းစေရန်ရည်ရွယ်ပြီး CDM ဝန်ထမ်း တွေကို ဖိအားပေး အကြပ်ကိုင်တာ၊ အ လုပ်ဖြုတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ အသက်အန္တရာယ်ကို ခြိမ်းခြောက် ရန်ရှာတာ လူမဆန်စွာညှင်းဆဲသတ်ဖြတ်တာတွေကို ကျူးလွန်လုပ်ဆောင်ခဲ့တယ်၊ လုပ်ဆောင်နေဆဲဖြစ်တယ် လို့ ဆိုထားပါတယ်။

CDM ဝန်ထမ်းထုကြီးက စစ်အာဏာရှင်စနစ်နဲ့အတူ မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ် ချေမှုန်းနိုင် ရန်ရည်ရွယ်ပြီး မတရားအာဏာသိမ်းမှု တစ်နှစ်ကျော်ကြာကာလတိုင်အောင် အခက်အခဲအမျိုးမျိုးကို ကြံ့ကြံ့ခံပြီး တွန်းလှန် ဖြတ်ကျော်ခဲ့ကြတာပါ။

အဲဒီလို ကြံ့ကြံ့ခံကာ ရပ်တည်တွန်းလှန်ခဲ့ကြတဲ့ CDM တို့ရဲ့ နွေဦးတော်လှန်ရေးအပေါ် ခံယူချက်နဲ့ ယင်းတို့ရဲ့သစ္စာ တရားကို CDM လှုပ်ရှားမှုနဲ့ တိုက်ပွဲ မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီအနေနဲ့ အလေးအနက် အသိ အမှတ် ပြုထားပါတယ်။

CDM လှုပ်ရှားမှုက နွေဦးတော်လှန်ရေးရဲ့ အလွန်အားကောင်းတဲ့ အစောဆုံးလှုပ်ရှားမှုကြီးဖြစ်ပြီးတော့ လက်နက်ကိုင်ခုခံတော်လှန်စစ်တွေ အားကောင်းလာတဲ့ ယခုအချိန်မှာလည်း လူထုသပိတ်တိုက်ပွဲနဲ့အတူ စစ်ကောင်စီရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုကို တော်လှန်ရန် CDM လှုပ်ရှားမှုက မရှိမဖြစ်လိုအပ်တယ်ဆိုပြီးတော့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တော်လှန်ရေးကြီးလျင်လျင်မြန်မြန်အောင်မြင်ရေးအတွက် တော်လှန်ရေးရဲ့ထောက်တိုင်တွေ ညီညွတ်မျှတစွာ အရှိန်အဟုန်မပျက် အားကောင်းစေရန် အထူးလိုအပ်ပြီး၊ တော်လှန်ရေးထောက်တိုင်တွေအချင်းချင်း အပြန်အလှန် ကူညီအားဖြည့်လျက် ရှိပါတယ်။ အဲဒီထောက်တိုက်တွေထဲကမှ တစ်ခုခုအား နည်းသွားပါက အခြား ထောက်တိုင်တွေလည်း အရှိန်လျော့ပါးသွားမည် ဖြစ်တာမို တော်လှန်ရေးထောက်တိုင်အသီးသီး ပိုမိုခိုင်မာအား ကောင်းစေရေးအတွက် CDM လှုပ်ရှားမှုရဲ့အရှိန်ကို ပြန်လည်တွန်းတင်ဖို့ အရေးကြီးတယ်ဆိုပြီးလည်း ပြောကြား ထားပါတယ်။

CDM လှုပ်ရှားမှုအရှိန်အဟုန် မြှင့်တင်အားကောင်းစေဖို့နဲ့ CDM ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို စနစ်တကျ ကူညီထောက်ပံ့နိုင်ဖို့ ရည်ရွယ်ချက်တူ၊ ဘုံရည်မှန်းချက်တူညီတဲ့ CDM လှုပ်ရှားမှုအဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ပထမခြေလှမ်းအဖြစ် ပညာရေးနဲ့ကျန်းမာရေး CDM အင်အားစုတွေ ပူးပေါင်းပြီး CDMလှုပ်ရှားမှုနဲ့ တိုက်ပွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ဖွဲ့စည်းလိုက်ရတာဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံးရှိ CDM လှုပ်ရှားမှုမှာ တက်ကြွစွာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေနဲ့ သမဂ္ဂအဖွဲ့တွေကိုလည်း တော်လှန်ရေးအောင်မြင်မှုကိုရည်ရွယ်ပြီး ပူးပေါင်းလုပ်ဆောင် ပေးကြဖို့ နဲ့ အချိန်ပြည့် တံခါးဖွင့် ကြိုဆိုလျက်ရှိတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့ရပါ တယ်။
#PVTV