ၾကားသိသမွ်

ဝေါလေမှာ တိုက်ပွဲပြင်းထန်နေ

ဝေါလေမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်ကို စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက စစ်အင်အားတိုးချဲ့လာတာကို KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

“ဖလူးဘက်က စစ်ကောင်စီတပ်တွေ ညက တောင်ကြောပေါ်တက်လာတာကနေ အခု မနက် DKBA နယ်မြေဆုံဆည်းမြိုင်ဘက်ကိုဝင်တဲ့ စစ်ကူစစ်ကြောင်း အင်အား ၃၀၀ ကျော်ကို သေ့ဘောဘိုး ဧရိယာ ဘလက်ဒို ကျေးရွာနားမှာ ကရင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်၊ ကြားဖြတ်တိုက်တာဆိုတော့ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်၊ လမ်းဘေးမှာ ကျည်ထိပြီး အော်ငြီးနေသံတွေ ကြားနေရတယ်။” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက KICမှာ ဖြေကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဝေါလေဒေသအတွင်းကို ဖေဖေါ်ဝါရီလ အစကတည်းက နယ်မြေကျော်လွန်ဝင်ရောက်တိုက်ခိုက်နေပြီး မတ်လနှောင်းပိုင်းက စတင်ကာ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကော့ကရိတ် တောင်ပိုင်းဒေသ၊ တောင်ကြားအင်းဒေသ၊ ကြာအင်းဆိပ်ကြီးဒေသ၊ လေးကေကော်၊ ဖလူးလေးနဲ့ ဝေါလေ သေ့ဘောဘိုး၊ ကနဲလေး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

Credit-KIC

ေဝါေလမွာ တိုက္ပြဲျပင္းထန္ေန

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ေတာင္ဘက္ရွိ ဖလူးေဒသမွ ေဝါေလဘက္ကို စစ္ကူတက္လာတဲ့ အၾကမ္းဖက္စစ္အုပ္စု စစ္ေၾကာင္းတစ္ခုကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA နဲ႔ ပူးေပါင္းတပ္ေတြက ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ေနတယ္လို႔ KIC သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ မတ္လ ၂၇ ရက္ေန႔ မနက္ပိုင္းမွာ အၾကမ္းဖက္စစ္အုပ္စုက စစ္အင္အားတိုးခ်ဲ႕လာတာကို KNLA က ၾကားျဖတ္တိုက္ခိုက္ခဲ့တာပါ။

“ဖလူးဘက္က စစ္ေကာင္စီတပ္ေတြ ညက ေတာင္ေၾကာေပၚတက္လာတာကေန အခု မနက္ DKBA နယ္ေျမဆုံဆည္းၿမိဳင္ဘက္ကိုဝင္တဲ့ စစ္ကူစစ္ေၾကာင္း အင္အား ၃၀၀ ေက်ာ္ကို ေသ့ေဘာဘိုး ဧရိယာ ဘလက္ဒို ေက်းရြာနားမွာ ကရင္တပ္ေတြနဲ႔ တိုက္ပြဲ ျဖစ္ေနတယ္၊ ၾကားျဖတ္တိုက္တာဆိုေတာ့ စစ္ေကာင္စီဘက္က အက်အဆုံးေတြရွိတယ္၊ လမ္းေဘးမွာ က်ည္ထိၿပီး ေအာ္ၿငီးေနသံေတြ ၾကားေနရတယ္။” လို႔ ေျမျပင္သတင္းအရင္းအျမစ္တစ္ဦးက KICမွာ ေျဖၾကားထားပါတယ္။

အၾကမ္းဖက္စစ္အုပ္စုဟာ ေဝါေလေဒသအတြင္းကို ေဖေဖၚဝါရီလ အစကတည္းက နယ္ေျမေက်ာ္လြန္ဝင္ေရာက္တိုက္ခိုက္ေနၿပီး မတ္လေႏွာင္းပိုင္းက စတင္ကာ KNU တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမေတြျဖစ္တဲ့ ေကာ့ကရိတ္ ေတာင္ပိုင္းေဒသ၊ ေတာင္ၾကားအင္းေဒသ၊ ၾကာအင္းဆိပ္ႀကီးေဒသ၊ ေလးေကေကာ္၊ ဖလူးေလးနဲ႔ ေဝါေလ ေသ့ေဘာဘိုး၊ ကနဲေလး ေဒသေတြမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနခဲ့ပါတယ္။

Credit-KIC