ၾကားသိသမွ်

NUG ဆုံးဖြတ်တဲ့အတိုင်း ကြည်ကြည်ဖြူဖြူ ခံယူမှာ ဖြစ်ကြောင်း ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိပြောကြား

NUG ဆုံးဖြတ်တဲ့အတိုင်း ကြည်ကြည်ဖြူဖြူ ခံယူမှာ ဖြစ်ကြောင်း ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိပြောကြား

မတ်လ ၂၆

PDF ၆ ဦးအပါအဝင် ၁၀ ဦးကို ယင်းမာပင် ဗိုလ်သံမဏိအဖွဲ့ လက်အောက်ခံ ကျေးရွာကာကွယ်ရေး အဖွဲ့ဝင် အချို့က မှားယွင်းစွာ သတ်ဖြတ်မှုဖြစ်ခဲ့ ကြောင်း NUG က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အပေါ်

ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိက NUG ဆုံးဖြတ်အတိုင်း ကြည်ကြည်ဖြူဖြူ ခံယူမှာ ဖြစ်တဲ့ အကြောင်း ပြန်လည် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးကြောင်းနဲ့ နစ်နာသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ NUG က ဆုံးဖြတ်ရင်လည်း ပေးဖို့ အတွက် စဥ်စားထားကြောင်း ဗိုလ်သံမဏိက ပြောပါတယ်။

နစ်နာသူ မိသားစုတွေအားလုံးကိုလည်း အထူး စိတ်မကောင်းကြောင်း နဲ့ တပ်ဖွဲ့ဝင်တွေကနေ မိသားစု ဝင်တွေကို ခြိမ်းခြောက်နေတာ ရှိရင်လည်း ဆက်လက်ပြီးတော့ တိုင်ကြားနိုင်ကြောင်း ဗိုလ်သံမဏိက ပြောကြားသွား ပါတယ်။

THN freelance journalist

NUG ဆုံးျဖတ္တဲ့အတိုင္း ၾကည္ၾကည္ျဖဴျဖဴ ခံယူမွာ ျဖစ္ေၾကာင္း ယင္းမာပင္ PDF ေခါင္းေဆာင္ ဗိုလ္သံမဏိေျပာၾကား

မတ္လ ၂၆

PDF ၆ ဦးအပါအဝင္ ၁၀ ဦးကို ယင္းမာပင္ ဗိုလ္သံမဏိအဖြဲ႕ လက္ေအာက္ခံ ေက်းရြာကာကြယ္ေရး အဖြဲ႕ဝင္ အခ်ိဳ႕က မွားယြင္းစြာ သတ္ျဖတ္မႈျဖစ္ခဲ့ ေၾကာင္း NUG က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္တဲ့ အေပၚ

ယင္းမာပင္ PDF ေခါင္းေဆာင္ ဗိုလ္သံမဏိက NUG ဆုံးျဖတ္အတိုင္း ၾကည္ၾကည္ျဖဴျဖဴ ခံယူမွာ ျဖစ္တဲ့ အေၾကာင္း ျပန္လည္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ စုံစမ္းစစ္ေဆးမႈေတြ မၿပီးေသးေၾကာင္းနဲ႔ နစ္နာသူေတြရဲ့ မိသားစုေတြကို ေလ်ာ္ေၾကးေပးဖို႔ NUG က ဆုံးျဖတ္ရင္လည္း ေပးဖို႔ အတြက္ စဥ္စားထားေၾကာင္း ဗိုလ္သံမဏိက ေျပာပါတယ္။

နစ္နာသူ မိသားစုေတြအားလုံးကိုလည္း အထူး စိတ္မေကာင္းေၾကာင္း နဲ႔ တပ္ဖြဲ႕ဝင္ေတြကေန မိသားစု ဝင္ေတြကို ၿခိမ္းေျခာက္ေနတာ ရွိရင္လည္း ဆက္လက္ၿပီးေတာ့ တိုင္ၾကားနိုင္ေၾကာင္း ဗိုလ္သံမဏိက ေျပာၾကားသြား ပါတယ္။

THN freelance journalist