ၾကားသိသမွ်

တပ်မတော်နေ့အတွက် အမေရိကန်အပါအဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံက ကြေညာချက်ထုတ်

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ဖို့ဆိုပြီး မြန်မာစစ်တပ်ကို တောင်းဆို

ဒီကနေ့ ကျရောက်တဲ့ ၂၀၂၂ ခုနှစ် ၇၇နှစ်မြောက် တပ်မတော်နေ့မှာ ပြီးခဲ့တဲ့နှစ် မတ်လ၂၇ ရက်နေ့က အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရတာအပါအဝင် ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်း သတ်ဖြတ်ခံရသူတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေကို အမှတ်ရနေကြောင်း အမေရိကန်သံရုံးကထုတ်ပြန်ပါတယ်။

ကြေညာချက်ထဲ မြန်မာစစ်တပ်ကို လက်နက်ရောင်းချထောက်ပံ့နေတဲ့ နိုင်ငံအချို့အနေနဲ့ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းတွေကို ရပ်တန့်ပေးဖို့ နဲ့ မြန်မာပြည်သူတွေ အားပေးထောက်ခံကြဖို့ တိုက်တွန်းထားပါတယ်။

အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ပို့ဆောင်ဖို့ဆိုပြီး မြန်မာစစ်တပ်ကို တောင်းဆိုတာလည်းပါရှိပါတယ်။

ဒီကြေညာချက်ကို ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နဲ့ အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေကမြန်မာနိုင်ငံ တပ်မတော်နေ့ အတွက် ပူးတွဲကြေညာထားတာလို့ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တေ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ခံပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းမယ်လို့ ဒီကနေ့ တပ်မတော်နေ့မှာပြောလိုက်ပါတယ်။