ၾကားသိသမွ်

CDM ဆရာ၊ ဆရာမ နေအိမ်ကို စီးနင်းချိန် ရောက်ရှိနေတဲ့ PDF ရဲဘော်နှစ်ဦးက အနီးကပ် ခုခံပစ်ခတ်လို့ စစ်အုပ်စု ဗိုလ်ကြီးအပါအဝင် ၃ ဦးေဆုံး၊ ဗိုလ်တစ်ဦး ခြေထောက်ဖြတ်ရ

CDM ဆရာ၊ ဆရာမ နေအိမ်ကို စီးနင်းချိန် ရောက်ရှိနေတဲ့ PDF ရဲဘော်နှစ်ဦးက အနီးကပ် ခုခံပစ်ခတ်လို့ စစ်အုပ်စု ဗိုလ်ကြီးအပါအဝင် ၃ ဦးသေဆုံး၊ ဗိုလ်တစ်ဦး ခြေထောက်ဖြတ်ရ

CDM ဆရာ၊ ဆရာမ ဇနီးမောင်နှံနေထိုင်တဲ့ အိမ်ကို လာရောက်စီးနင်းချိန် အဲဒီအိမ်ကို ရောက်ရှိနေတဲ့ PDF ရဲဘော်နှစ်ဦးက အနီးကပ် ခုခံပစ်ခတ်တာကြောင့် စစ်ကောင်စီ ဗိုလ်ကြီးအဆင့်အပါအဝင် ၃ ဦးသေဆုံးပြီး ဗိုလ်တစ်ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဖောင်းပြင် PDF က ထုတ်ပြန်ပါတယ်။

မတ် ၂၆ရက် ညနေ ၄နာရီခွဲခန့်မှာ ဖောင်းပြင်အခြေစိုက် ခမရ(၃၆၈)တပ်ရင်းက ဗိုလ်ကြီးထိန်လင်း၊ ဗိုလ်ချမ်းမြေ့အောင်၊ တပ်ကြပ်ကြီးဖုန်းနိုင်နဲ့ တပ်သား ၃ယောက်ဟာ CDM ဆရာ၊ ဆရာမ မိသားစုနေတဲ့ သညစ်အုပ်စုက အိမ်ကို လာရောက် စီးနင်းတာဖြစ်ပါတယ်။

အဲဒီနေအိမ်ဟာ ဗျူလမ်းဘေး လယ်ကွင်းထဲမှာရှိနေတာဖြစ်လို့ စစ်ကောင်စီတပ်ကား မောင်းသွားတာကို မြင်ရပေမယ့် ကနဦး မပစ်ခတ်သေးဘဲ မြောက်ဘက် ဟာပါရွာအဆုံးထိ မောင်းသွားပြီးမှ အပြန်မှာ အလစ်အငိုက် စီးနင်းပစ်ခတ်တာဖြစ်ပါတယ်။

“အိမ်မှာ CDM ဆရာ၊ ဆရာမ ဇနီးမောင်နှံနှစ်ဦးနဲ့ PDF ရဲဘော် နှစ်ဦးသာရှိပါတယ်။ PDF ရဲဘော် တစ်ဦးက G3၊ တစ်ဦးက 79 ကိုင်ထားကြပါတယ်။ ဆရာနဲ့ ဆရာမနှစ်ဦး နေအိမ်အနောက်တံခါးပေါက်ကနေ ခုန်ချလွတ်မြောက်သွားပြီး PDF (၂)ဦးနဲ့ အပြန်အလှန်ပစ်ခတ်ကြတာပါ” လို့ ဖောင်းပြင် PDF က ပြောပါတယ်။

စစ်ကောင်စီအုပ်စုက လက်နက်ငယ်တွေအပြင် လက်နက်ကြီး(60mm)နဲ့ပါ ပစ်ခတ်ခဲ့ပေမယ့် အနီးကပ် ပစ်ခတ်မှုဖြစ်တာကြောင့် လက်နက်ကြီး ပစ်ခတ်မှု မထိရောက်ဘူးလို့ ဆိုပါတယ်။

PDF ရဲဘော်နှစ်ဦးပစ်ခတ်တဲ့ G3 ကျည်နဲ့ 79 ဗုံးသီးတို့ကြောင့် ဗိုလ်ကြီး ထိန်လင်း၊ တပ်ကြပ်ကြီး ဖုန်းနိုင်နဲ့ တပ်သားတစ်ဦး ပေါင်း ၃ဦးသေဆုံးပြီး ဗိုလ်ချမ်းမြေ့အောင် ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရတယ်ဆိုတာ ခိုင်လုံတဲ့သတင်းရထားတယ်လို့ ဖောင်းပြင် PDF က ဖော်ပြပါတယ်။

ဗကထိန်လင်းနဲ့ အခြားရဲဘော်ရဲ့ အလောင်းကို ကောက်သွားနိုင်ခဲ့ပေမယ့် တပ်ကြပ်ကြီး ဖုန်းနိုင်ရဲ့ အလောင်းကို မ​ကောက်ယူနိုင်ဘဲ ကျည်ဆန်ရာ ဗရပွရထားတဲ့ AD Van ကားနဲ့ ဒရောသောပါး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။
RN