ၾကားသိသမွ်
တော်လှန်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အဖွဲ့အ စည်း တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘဲ အမြစ်ပြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ပြော
တော်လှန်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အဖွဲ့အ စည်း တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ဘဲ အမြစ်ပြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ပြော
မတ်လ ၂၇ ရက်
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ၄င်းတို့အကြမ်းဖက်အဖွဲ့အစည်းများ အ ဖြစ်ကြေငြာထားပြီး တော်လှန်ရေးလုပ်ငန်းတွေ လုပ် ဆောင်နေတဲ့အဖွဲ့အစည်းတွေနဲ့ ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးမှာ မဟုတ်ဘဲ အမြစ်ပြတ်တဲ့အထိ ချေမှုန်းမှာ ဖြစ်တယ်လို့ပြောကြား လိုက်ပါတယ်။
ဒီကနေ့မနက်ပြုလုပ်တဲ့စစ်ရေးပြမိန့်ခွန်းမှာ ၄င်းရဲ့လက် အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုလိုထည့်သွင်း ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က တော်လှန်ရေးအင်အားစုတွေကို ၄င်းတို့ရဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ၊ဆရာမတွေ၊ အပြစ်မဲ့ပြည်သူတွေ၊အုပ်ချုပ်ရေးမှူးတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲအစည်းတွေလို့ ပြောဆိုသွားခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အပြစ်မဲ့ ပြည်သူတွေကိုသတ်ဖြတ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေ၊
စစ်တပ်သတင်းပေးဒလန်တွေ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးတွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီထောက်တိုင် ဌာနဆိုင်ရာရုံးတွေကိုသာ တိုက်ခိုက်တာဖြစ်ပြီး အကြောင်းမဲ့လူသတ်၊မီးရှို့တဲ့ အ ကြမ်းဖက်လုပ်ငန်းတွေကို စစ်ကောင်စီဘက်ကသာ လုပ် ဆောင်နေတာလို့ ပြောဆိုထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ဒီနှစ်ကုန်ထိ တဖက်သတ်အပစ်ရပ်မယ်လို့ကြေငြာထားပေမယ့် တိုင်းရင်းသားတပ် မတော်တွေအပါအဝင်ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည် သူ့ကာကွယ်ရေးတပ်တွေနဲ့ပါ ဒေသအနှံ့တိုက်ပွဲဖြစ်ပွားနေပြီး နေ့စဥ် ထိခိုက်သေဆုံးမှုမြင့်တက်နေတယ်လို့ သိရပါတယ်။ဧရာဝတီတိုင်းမ်
ဓာတ်ပုံ – မြဝတီ
မတ်လ ၂၇ ရက်
ဓာတ်ပုံ – မြဝတီ