ၾကားသိသမွ်

တစ်ပွင့်တည်းသောနှင်းဆီ”အမေစုပုံတူပန်းချီကားနှင့် “ထွက်ပေါက်”ပန်းချီကား နှစ်ချပ်အား လေလံပွဲ အမှတ်တရ စကား

“”””””တစ်ပွင့်တည်းသောနှင်းဆီ”အမေစုပုံတူပန်းချီကားနှင့် “ထွက်ပေါက်”ပန်းချီကား နှစ်ချပ်အား လေလံပွဲ အမှတ်တရ စကား””””’

လက်ရှိအချိန်ဟာ ဘုန်းဘုန်းတို့နိုင်ငံအတွက် သမိုင်းတစ်ဆစ်ချိုးသို့ရောက်ရှိနေချိန်ဖြစ်တယ်။

တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် အခုလောလောဆယ် စိန်ခေါ် မှုတွေကို ဖြတ်သန်းနေရတာပါ။

တော်လှန်ရေး အောင်မြင်ဖို့အတွက် အတိတ်မှဖြစ်ရပ်များကို ပြန်လည်သုံးသပ်ပြီး ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေးနှင့် နိုင်ငံကို ရှေ့မတက်နိုင်အောင် ဆွဲချခဲ့သည့် စိတ်ပျက်ဝမ်းနည်းဖွယ်ရာအမှားများမှ သင်ခန်းစာယူဖို့ ဘုန်းဘုန်းတို့ အလွန်ပင်လိုအပ်လှပါသည်။

မရေမတွက်နိုင်သောလူပေါင်းများစွာရဲ့ အသက်၊အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုကို ဖြစ်စေခဲ့သောကျရှုံးမှုတွေရဲ့ ဝမ်းနည်းစရာ အတိတ်သမိုင်းတွေ ရှိခဲ့ပါတယ်။


စိန်ခေါ်မှုများစွာရှိတဲ့အနက် အစိုးရအဆက်ဆက်လက်ထက် အစဉ်အမြဲအားနည်းခဲ့သည့်အချက်တစ်ခုမှာ တိုင်းရင်း သားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံပါဝင်မှုနှင့် ကိုယ်စားပြုမှုမရှိခဲ့ခြင်းပင်ဖြစ်ပါတယ်။

၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလက ပင်လုံညီလာခံမှာတောင်တိုင်းရင်းသားလူမျိုးစုံပါဝင်မှုမရှိခဲ့ပါဘူး။
အလွန်အရေးကြီးလှတဲ့ နိုင်ငံရေးနှင့် လူမျိုးစုပြဿနာများကို မဖြေရှင်းနိုင်ခဲ့ဘဲ လွတ်လပ်ရေးရခဲ့တယ်လို့ ဘုန်းဘုန်းတို့ ဆိုနိုင်တယ်။

လွတ်လပ်ရေးသာရတယ်.. တစ်နှစ်အတွင်းမှာ နိုင်ငံတဝှမ်းလုံး မတည် ငြိမ်မှုနဲ့ စစ်ပွဲများ ဖြစ်ပွါးခဲ့တယ်ယခုအချိန်အထိပင် ဖြေရှင်းနိုင်ခဲ့ခြင်းမရှိသေးပါဘူး။

ဘုန်းဘုန်းတို့ ဒီစစ်ပွဲတွေကို အဆုံးသတ်ရမယ်။
၁၉၆၃-၆၄ ခုနှစ်အတွင်း ရလဒ်တစုံတရာမရှိခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ခုနှစ်မှာ အတင်းအကြပ်ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။
၁၉၉၀ အထွေထွေရွေးကောက်ပွဲနဲ့ တိုင်းရင်းသား လူမျိုးစတွေ အပစ်အခတ်ရပ်စဲမှု အခိုက်အတန့် ရှိခဲ့ပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရန်အတွက် ကျင်းပသည့် အမျိုးသားညီလာခံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံရေးပါတီအားလုံး မပါဝင်နိုင်ခဲ့ပြန်ဘူး။

အခုတစ်ကြိမ်တော့ တိုင်းရင်းသား လူမျိုး ပေါင်းစုံအတွက် နိုင်ငံရေးကိုယ်စားပြုမှုလိုအပ်နေပြီ။ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာ အခြေခံတောင်းဆိုချက်များ အတွက် ကျေနပ်လောက်စရာအဖြေပေးနိုင်အောင် ဘုန်းဘုန်းတို့ကြိုးစားကြမယ်။

အလွန်ရှင်းလင်းတဲ့ သင်ခန်းစာ တစ်ခုက နိုင်ငံရဲ့ မည်သည့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာမဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ရရှိအောင်မြင်ချင်ရင် နိုင်ငံရေးဆွေးနွေးပွဲတိုင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဒေသပေါင်းစုံကို ထည့်သွင်းရမှာဖြစ်တယ်။

အခုတလော ဘုန်းဘုန်း တော်လှန်ရေးသမားတွေကြား မညီညွတ်တာတွေကြားနေရပြန်တယ်။
ဒီ ပြဿနာတွေရဲ့ ဇစ်မြစ်တွေကို ကိုင်တွယ်နိုင်ဖို့ NUG က နိုင်ငံရေးအဖြေရှာခြင်း နည်းလမ်းတွေက တဆင့် ပဋိပက္ခကို ဘက်ပေါင်းစုံကဖြေရှင်းရန်လိုအပ်ကြောင်း ကို သဘောပေါက်လက်ခံပြီး ပိုပြီး ပွင့်လင်းမှုတွေရှိဖို့လိုအပ်ပါတယ်။

ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်သို့ ရောက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်တယ်။
အခုဆို စစ်မက်ပဋိပက္ခများ၊ စစ်ဘေးရှောင်နေရမှု၊ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု၊ အသက်ဆုံးရှုံးမှုစတာတွေ ဘုန်းဘုန်းတို့ ယနေ့ရင်ဆိုင်နေရတယ်။

ပဋိပက္ခဖြစ်နေတဲ့ နေရာတွေက အဖွဲ့တွေရဲ့ ကိုယ်စားပြု မှုမရှိတဲ့ ဘယ်ဆွေးနွေးပွဲမျိုးကိုမဆို အားလုံးပါဝင်သည့်ပွဲဟု မသတ်မှတ်နိုင်ပါဘူး။

နှစ်ပေါင်းများစွာ ဒုက္ခများခံစားလာခဲ့ကြရပြီးနောက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အားလုံး ၏အသံများကို နားထောင်ရန်လိုအပ်ပါတယ်။

အဖွဲ့အစည်းအားလုံးကို ပါဝင်ခွင့်ပေးရမယ်ဆိုတာ ဘုန်းဘုန်းတို့ နိုင်ငံသား များအနေဖြင့် နားလည်သဘောပေါက်လက်ခံထားကြတယ်။
တချိန်တည်းမှာပဲ ခိုင်မာတဲ့ အပြန်အလှန်နားလည်မှု တည်ဆောက်ခြင်းနဲ့ ပဋိပက္ခဖြေရှင်းဖို့လည်း လိုအပ်ပါတယ်။

ဘုန်းဘုန်းတို့ NUG က နိုင်ငံရေးအပြောင်းအလဲဖြစ်စေဖို့နိုင်ငံတော်အဆင့် အလေးထားမှုနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့လည်း အရေးကြီးပါတယ်။

ဒီနေ့ ဒီလိုပွဲလေးမှာ နိုင်ငံ အနှံ့နေရာအနှံ့က ပြည်သူတွေ စည်းလုံးနေကြတာ ဘုန်းဘုန်း ဝမ်းသာလှပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

၂၆.၀၃.၂၀၂၂
#ddaychannel

“”””””တစ္ပြင့္တည္းေသာႏွင္းဆီ”အေမစုပုံတူပန္းခ်ီကားႏွင့္ “ထြက္ေပါက္”ပန္းခ်ီကား ႏွစ္ခ်ပ္အား ေလလံပြဲ အမွတ္တရ စကား””””’

လက္ရွိအခ်ိန္ဟာ ဘုန္းဘုန္းတို႔နိုင္ငံအတြက္ သမိုင္းတစ္ဆစ္ခ်ိဳးသို႔ေရာက္ရွိေနခ်ိန္ျဖစ္တယ္။
တနိုင္ငံလုံး ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ အခုေလာေလာဆယ္ စိန္ေခၚ မႈေတြကို ျဖတ္သန္းေနရတာပါ။

ေတာ္လွန္ေရး ေအာင္ျမင္ဖို႔အတြက္ အတိတ္မွျဖစ္ရပ္မ်ားကို ျပန္လည္သုံးသပ္ၿပီး ဆယ္စုႏွစ္မ်ားစြာ ၿငိမ္းခ်မ္းေရးႏွင့္ နိုင္ငံကို ေရွ႕မတက္နိုင္ေအာင္ ဆြဲခ်ခဲ့သည့္ စိတ္ပ်က္ဝမ္းနည္းဖြယ္ရာအမွားမ်ားမွ သင္ခန္းစာယူဖို႔ ဘုန္းဘုန္းတို႔ အလြန္ပင္လိုအပ္လွပါသည္။

မေရမတြက္နိုင္ေသာလူေပါင္းမ်ားစြာရဲ့ အသက္၊အိုးအိမ္ စည္းစိမ္ဆုံးရႈံးမႈကို ျဖစ္ေစခဲ့ေသာက်ရႈံးမႈေတြရဲ့ ဝမ္းနည္းစရာ အတိတ္သမိုင္းေတြ ရွိခဲ့ပါတယ္။

စိန္ေခၚမႈမ်ားစြာရွိတဲ့အနက္ အစိုးရအဆက္ဆက္လက္ထက္ အစဥ္အျမဲအားနည္းခဲ့သည့္အခ်က္တစ္ခုမွာ တိုင္းရင္း သားလူမ်ိဳးေပါင္းစုံ၊ နိုင္ငံေရးပါတီေပါင္းစုံပါဝင္မႈႏွင့္ ကိုယ္စားျပဳမႈမရွိခဲ့ျခင္းပင္ျဖစ္ပါတယ္။

၁၉၄၇ခုႏွစ္ ေဖေဖၚဝါရီလက ပင္လုံညီလာခံမွာေတာင္တိုင္းရင္းသားလူမ်ိဳးစုံပါဝင္မႈမရွိခဲ့ပါဘူး။
အလြန္အေရးႀကီးလွတဲ့ နိုင္ငံေရးႏွင့္ လူမ်ိဳးစုျပႆနာမ်ားကို မေျဖရွင္းနိုင္ခဲ့ဘဲ လြတ္လပ္ေရးရခဲ့တယ္လို႔ ဘုန္းဘုန္းတို႔ ဆိုနိုင္တယ္။

လြတ္လပ္ေရးသာရတယ္.. တစ္ႏွစ္အတြင္းမွာ နိုင္ငံတဝွမ္းလုံး မတည္ ၿငိမ္မႈနဲ႔ စစ္ပြဲမ်ား ျဖစ္ပြါးခဲ့တယ္ယခုအခ်ိန္အထိပင္ ေျဖရွင္းနိုင္ခဲ့ျခင္းမရွိေသးပါဘူး။

ဘုန္းဘုန္းတို႔ ဒီစစ္ပြဲေတြကို အဆုံးသတ္ရမယ္။
၁၉၆၃-၆၄ ခုႏွစ္အတြင္း ရလဒ္တစုံတရာမရွိခဲ့တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲျပဳလုပ္ခဲ့တယ္။

ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒသစ္ကို ၁၉၇၄ ခုႏွစ္မွာ အတင္းအၾကပ္ျပ႒ာန္းခဲ့ျပန္ပါတယ္။
၁၉၉၀ အေထြေထြေရြးေကာက္ပြဲနဲ႔ တိုင္းရင္းသား လူမ်ိဳးစေတြ အပစ္အခတ္ရပ္စဲမႈ အခိုက္အတန္႔ ရွိခဲ့ေပမဲ့ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒေရးဆြဲရန္အတြက္ က်င္းပသည့္ အမ်ိဳးသားညီလာခံတြင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံႏွင့္ နိုင္ငံေရးပါတီအားလုံး မပါဝင္နိုင္ခဲ့ျပန္ဘူး။

အခုတစ္ႀကိမ္ေတာ့ တိုင္းရင္းသား လူမ်ိဳး ေပါင္းစုံအတြက္ နိုင္ငံေရးကိုယ္စားျပဳမႈလိုအပ္ေနၿပီ။ ဒီမိုကေရစီအခြင့္အေရးဆိုင္ရာ အေျခခံေတာင္းဆိုခ်က္မ်ား အတြက္ ေက်နပ္ေလာက္စရာအေျဖေပးနိုင္ေအာင္ ဘုန္းဘုန္းတို႔ႀကိဳးစားၾကမယ္။

အလြန္ရွင္းလင္းတဲ့ သင္ခန္းစာ တစ္ခုက နိုင္ငံရဲ့ မည္သည့္ျပဳျပင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္မွာမဆို စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ တရားမၽွတမႈကို ရရွိေအာင္ျမင္ခ်င္ရင္ နိုင္ငံေရးေဆြးေႏြးပြဲတိုင္းမွာ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံႏွင့္ ေဒသေပါင္းစုံကို ထည့္သြင္းရမွာျဖစ္တယ္။

အခုတေလာ ဘုန္းဘုန္း ေတာ္လွန္ေရးသမားေတြၾကား မညီညြတ္တာေတြၾကားေနရျပန္တယ္။
ဒီ ျပႆနာေတြရဲ့ ဇစ္ျမစ္ေတြကို ကိုင္တြယ္နိုင္ဖို႔ NUG က နိုင္ငံေရးအေျဖရွာျခင္း နည္းလမ္းေတြက တဆင့္ ပဋိပကၡကို ဘက္ေပါင္းစုံကေျဖရွင္းရန္လိုအပ္ေၾကာင္း ကို သေဘာေပါက္လက္ခံၿပီး ပိုၿပီး ပြင့္လင္းမႈေတြရွိဖို႔လိုအပ္ပါတယ္။

ဒါဟာ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚသို႔ ေရာက္ဖို႔ အေရးႀကီးတဲ့ ေျခလွမ္းေတြျဖစ္တယ္။
အခုဆို စစ္မက္ပဋိပကၡမ်ား၊ စစ္ေဘးေရွာင္ေနရမႈ၊ လူ႔အခြင့္အေရးခ်ိဳးေဖါက္ခံရမႈ၊ အသက္ဆုံးရႈံးမႈစတာေတြ ဘုန္းဘုန္းတို႔ ယေန႔ရင္ဆိုင္ေနရတယ္။

ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြက အဖြဲ႕ေတြရဲ့ ကိုယ္စားျပဳ မႈမရွိတဲ့ ဘယ္ေဆြးေႏြးပြဲမ်ိဳးကိုမဆို အားလုံးပါဝင္သည့္ပြဲဟု မသတ္မွတ္နိုင္ပါဘူး။

ႏွစ္ေပါင္းမ်ားစြာ ဒုကၡမ်ားခံစားလာခဲ့ၾကရၿပီးေနာက္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ျပဳျပင္ေျပာင္းလဲေရးအတြက္ အားလုံး ၏အသံမ်ားကို နားေထာင္ရန္လိုအပ္ပါတယ္။

အဖြဲ႕အစည္းအားလုံးကို ပါဝင္ခြင့္ေပးရမယ္ဆိုတာ ဘုန္းဘုန္းတို႔ နိုင္ငံသား မ်ားအေနျဖင့္ နားလည္သေဘာေပါက္လက္ခံထားၾကတယ္။

တခ်ိန္တည္းမွာပဲ ခိုင္မာတဲ့ အျပန္အလွန္နားလည္မႈ တည္ေဆာက္ျခင္းနဲ႔ ပဋိပကၡေျဖရွင္းဖို႔လည္း လိုအပ္ပါတယ္။
ဘုန္းဘုန္းတို႔ NUG က နိုင္ငံေရးအေျပာင္းအလဲျဖစ္ေစဖို႔နိုင္ငံေတာ္အဆင့္ အေလးထားမႈနဲ႔ ဆက္လက္လုပ္ေဆာင္သြားဖို႔လည္း အေရးႀကီးပါတယ္။

ဒီေန႔ ဒီလိုပြဲေလးမွာ နိုင္ငံ အႏွံ့ေနရာအႏွံ့က ျပည္သူေတြ စည္းလုံးေနၾကတာ ဘုန္းဘုန္း ဝမ္းသာလွပါတယ္လို႔ေျပာရင္း နိဂုံးခ်ဳပ္ပါတယ္။

ေရႊဝါေရာင္ အရွင္ထာဝရ (ေနာ္ေဝ)

၂၆.၀၃.၂၀၂၂
#ddaychannel