ၾကားသိသမွ်

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံရင်းသေဆုံးခဲ့တဲ့ပါတီဝင်တွေအတွက်ကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူဂုဏ်ပြုတဲ့ ပြည်ခိုင်ဖြိုးပါတီ

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံရင်းသေဆုံးခဲ့တဲ့ပါတီဝင်တွေအတွက်ကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူဂုဏ်ပြုတဲ့ ပြည်ခိုင်ဖြိုးပါတီ

BVJ_ ၂၀၂၂မတ်လ၂၆ရက်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကို အားပေးထောက်ခံတာကြောင့် သတ်ဖြတ်ခံရတယ်လို့ သူတို့ဘာသာတံဆိပ်တပ်ထားသူတွေအတွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး)ပါတီက အထိမ်းအမှတ် ကမ္ဗည်းမှတ်တိုင်တခုကို နေပြည်တော်မှာရှိတဲ့ ပါတီရုံးချုပ်မှာ ယနေ့မနက်က စိုက်ထူဂုဏ်ပြုပွဲကိုပြုလုပ်ခဲ့ပါတယ်။


အဲ့သည့်ဂုဏ်ပြုပွဲကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးကိုယ်တိုင်တက်ခဲ့ပါတယ်၊ ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀နိုဝင်ဘာလ ၈ရက်နေ့ရွေးကောက်ပွဲမှာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်

စစ်တပ်အာဏာသိမ်းတာကိုလည်း သူတို့ပါတီ အာဏာပြန်ရသလို အကြီးအကျယ်ထောက်ခံခဲ့တဲ့ပါတီအဖြစ် ဝေဖန်ခံနေရတဲ့ပါတီလည်းဖြစ်ပါတယ်။


Photo – ပြည်ခိုင်ဖြိုးပါတီ

Zawgyi


BVJ_ ၂၀၂၂မတ်လ၂၆ရက်။




