ၾကားသိသမွ်

စီမံခန့်ခွဲမှုညံ့ဖျင်းသည့် စစ်အုပ်စု လျှပ်စစ်ဌာနကို အကျပ်အတည်းဖြစ်စေမည့် မိနစ် ၃၀

တော်လှန်ရေးနေ့တွင် မီးပိတ်သပိတ်ပြုလုပ်ရန် NUG တိုက်တွန်း

လာမည့် မတ် ၂၇ ရက်တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် တော်လှန်ရေးနေ့ကို ဂုဏ်ပြုခြင်းနှင့် စစ်ကောင်စီ၏ တပ်မတော်နေ့ကို ဆန့်ကျင်သည့် အနေဖြင့် ယင်းနေ့ညပိုင်းတွင် မီးပိတ်သပိတ်ပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်းလိုက်သည်။

တော်လှန်ရေးနေ့ကို ပုံပြောင်းထားသည့် စစ်ကောင်စီ၏ တပ်မတော်နေ့ကို ဆန့်ကျင်သည့်အနေဖြင့် ညဘက် စစ်ကောင်စီမီဒီယာ ရုပ်မြင်သံကြားမှ သတင်းများလာချိန် ည ၈ နာရီမှ ၈ နာရီခွဲအထိ နိုင်ငံတဝှမ်းရှိ အိမ်တိုင်း၌ လျှပ်စစ်မီးမသုံးဘဲ မီးပိတ်သပိတ်ပြုလုပ်ပြီး ဆန္ဒပြကြရန် ဖိတ်ခေါ်ကြောင်း NUG ၏ ကြေညာချက်တွင် ရေးသားထားသည်။

အဆိုပါ လှုပ်ရှားမှုသည် လွန်ခဲ့သည့် ၄ နှစ်ကျော်ကာလအလွန်တွင် နေ့စဉ်ပြတ်တောက်နေသည့် လျှပ်စစ်မီးကို အချိန်ပိုင်း မသုံးဘဲ ဆန္ဒပြခြင်း ဖြစ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းသည့် စစ်အုပ်စု လျှပ်စစ်ဌာနကို အကျပ်အတည်းဖြစ်စေမည့် မိနစ် ၃၀ လည်း ဖြစ်ကြောင်း NUG က ဆိုသည်။

Zawgyi

ေတာ္လွန္ေရးေန႔တြင္ မီးပိတ္သပိတ္ျပဳလုပ္ရန္ NUG တိုက္တြန္း

လာမည့္ မတ္ ၂၇ ရက္တြင္ က်ေရာက္မည့္ ဖက္ဆစ္ေတာ္လွန္ေရးေန႔တြင္ ေတာ္လွန္ေရးေန႔ကို ဂုဏ္ျပဳျခင္းႏွင့္ စစ္ေကာင္စီ၏ တပ္မေတာ္ေန႔ကို ဆန႔္က်င္သည့္ အေနျဖင့္ ယင္းေန႔ညပိုင္းတြင္ မီးပိတ္သပိတ္ျပဳလုပ္ရန္ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က ယေန႔ ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ တိုက္တြန္းလိုက္သည္။

ေတာ္လွန္ေရးေန႔ကို ပုံေျပာင္းထားသည့္ စစ္ေကာင္စီ၏ တပ္မေတာ္ေန႔ကို ဆန႔္က်င္သည့္အေနျဖင့္ ညဘက္ စစ္ေကာင္စီမီဒီယာ ႐ုပ္ျမင္သံၾကားမွ သတင္းမ်ားလာခ်ိန္ ည ၈ နာရီမွ ၈ နာရီခြဲအထိ နိုင္ငံတဝွမ္းရွိ အိမ္တိုင္း၌ လၽွပ္စစ္မီးမသုံးဘဲ မီးပိတ္သပိတ္ျပဳလုပ္ၿပီး ဆႏၵျပၾကရန္ ဖိတ္ေခၚေၾကာင္း NUG ၏ ေၾကညာခ်က္တြင္ ေရးသားထားသည္။

အဆိုပါ လႈပ္ရွားမႈသည္ လြန္ခဲ့သည့္ ၄ ႏွစ္ေက်ာ္ကာလအလြန္တြင္ ေန႔စဥ္ျပတ္ေတာက္ေနသည့္ လၽွပ္စစ္မီးကို အခ်ိန္ပိုင္း မသုံးဘဲ ဆႏၵျပျခင္း ျဖစ္သလို စီမံခန႔္ခြဲမႈညံ့ဖ်င္းသည့္ စစ္အုပ္စု လၽွပ္စစ္ဌာနကို အက်ပ္အတည္းျဖစ္ေစမည့္ မိနစ္ ၃၀ လည္း ျဖစ္ေၾကာင္း NUG က ဆိုသည္။