ၾကားသိသမွ်

ဇေကမ္ဘာထက် အရေးကြီးတဲ့ ယင်းမာပင် ဗိုလ်သံမဏိ

စစ်ကိုင်း‌မြေ Alert 🔥🔥

ဇေကမ္ဘာထက် အရေးကြီးတာ ယင်းမာပင် ဗိုလ်သံမဏိပဲ အကြောင်းက ဗိုလ်သံမဏိဟာ သူ့အပြစ်တွေ ၀န်ခံပြီး ခုတော့ စစ်အာဏာရှင်ကို ညီညွတ်စွာနဲ့ တော်လှန်ရေးလုပ်ပါရစေ အားလုံးနဲ့အတူ ပူးပေါင်းပြီးတိုက်ပါရစေ

တော်လှန်ရေးပြီးမှ သူ့ကို အရေးယူပါ အဖမ်းခံပါမယ် အပြစ်နာယူ ကျခံပါမယ်လို့ NUG ကို အသိ‌ပေး ကတိပေးထားသည့်အပြင် ပြည်သူကို အသံဖိုင်ပါ ထုတ်လွင့် သက်သေပြထားပါတယ်

ဒီအတွက် မြေပြင်မှာ အခြေနေတည်ငြိမ်နေပေမယ့် နေပြီး ဗိုလ်သံမဏိကိုယ်၌ ဒါတွေဟာ အရင်က ဖြစ်ခဲ့တာတွေပါ ခုနောက်ပိုင်း မဖြစ်အောင် သေချာလုပ်ဆောင် ထိန်းသိမ်းလုပ်ဆောင်နေကြောင်း တနိုင်ငံလူံးကို ကြေငြာ အသိပေးပြောနေတာတောင်

ခု ဗိုလ်သံမဏိကို ဟိုက်လိုက်လုပ်ပြီး NUG ရဲ့ လက်နက်တပ်ဆင်ထားမှု ပြည်သူရဲ့ ထောက်ပံ့မှုတွေရပ်တန့်ပြီး အထူးသဖြင့် ကျရှုံးနေတဲ့ စကိုင်းကို သွေးခွဲပြီး ပစ်မှတ်ထား ဖြိုဖျက်ဖို့အတွက်

မြေပြင်ဝေဟင် ဘက်စုံမှနေ ဗိုလ်သံမဏိအကြောင်းရေး ပွဲဆူအောင် ပြည်သူအထင်မှား သွေးကွဲအောင် လုပ်ကြံလာနေကြပြီကို အမြန်ထိန်းသိမ်း ထိန်းချုပ်ဖို့လိုကြောင်း အသိပေးလိုသည်

ထိုအတွက် ပြည်သူတစ်ဦးယောက်ချင်းစီမှနေ မိမိနဲ့မဆိုင် အကြောင်းအရာ သေချာ မသိလျင် ရေးတင် မပြောပြစေလိုကြောင်း အသိပေးလိုသည် မဟုတ် တယောက်တပေါက်နဲ့ဆို စခတွေထောင်ချောက် အကြိုက်ထဲဖြစ်သွားလိမ့်မည်

သို့အတွက် ‌ဗိုလ်သံမဏိမှ သက်သေအသိပေး ၀န်ခံချက်အား အသံဖိုင်ဖြင့် ထုတ်ပြန်ထားတာတောင်မှ အချို့မှ ချက်ခြင်း အရေးမယူလို့ NUG ကို ပစ်တင်ဝေဖန်နေပြီး အချို့မှ ယခုလိုတွေ ထပ်လုပ်လာနိုင်ကြောင်း ပြောဆိုနေပြီး အချို့မီဒီယာများမှ ‌ဗိုလ်သံမဏိအကြောင်းပဲ ထပ်ခါ ပြုလုပ်နေခြင်းဟာ

တော်လှန်ရေးကို အထူးသဖြင့် စစ်တပ်မနိုင်တဲ့ စစ်ကိုင်းမြေကို စတင်ထိုးခွဲဖို့ ရည်ရွက်ချက်ရှိစွာ လုပ်ဆောင်နေတယ်ဆိုတာ အတိလင်းပြောပါရစေ ထိုအတွက် ဘာနဲ့သက်သေပြမလဲဆို

(၁) ဗိုလ်သံမဏိ ၀န်ခံပြီး အပြစ်ခံယူပါမယ်ဆိုတာတောင် ခုထိ မီဒီယာမှနေ ဆက်လျက်ဖွပြီး တိုက်ခိုက်နေခြင်း (အမှန်တင်ပြခြင်းကို မဆိုလိုပါ)

(၂) ဗိုလ်သံမဏိမှ ထိုကေ့တွေဟာ အရင်က ဖြစ်ခဲ့ လက်လွန်မိတာတွေပါ ထို့နောက် မဖြစ်တော့ပါဘူး သေချာ လုပ်ဆောင်နေပါတယ်ဆိုတာတောင် ထိုလို အမှုတွေ ထပ်ဖြစ်မှာ စိုးရိမ်ကြောင်းနဲ့ နယ်ခံတွေ ကြောက်လန့်နေကြောင်း ဆိုက်ဝါးလွှင့်ထုတ်နေခြင်း


(၃) အကြောင်းအရာစုံလင်ရဲ့ ဦးတည်ချက်က စစ်ကိုင်းမှာ အဖွဲ့ကွဲပြီး ဗိုလ်သံမဏိတပ်ကိုဖြိုခွဲနေခြင်းနဲ့အတူ ပြည်သူယုံကြည်မှု ပျက်ပြားပြီး အချင်းချင်း ပြန်ချစေဖို့သာ ဦးတည်လှုံ့ဆော်နေတဲ့အတွက်

စစ်တပ်ရဲ့ အရှုံးပြနေတဲ့ ထိုနေရာကို ရိက္ခာ လက်နက် မ‌ရောက်စေပဲ အချင်းချင်း ပြန်လည် တိုက်ခိုက်နေစေတဲ့ ‌ဗျုဟာကို မြင်နေရတဲ့အတွက်

ထိုအမှုသည် NUG မှ ဦးဆောင်ပြီး လုပ်ပါလိမ့်မည် ထိုအတွက် မပူပါနဲ့ ဒါဟာ ပြည်သူ့တော်လှန်ရေး ဖြစ်သည့်အတွက် အကယ်၍ ဗိုလ်သံမဏိမှ တစင်ထောင်ပြီး ယခုလိုတွေ ဆက်လုပ်နေမည်ဆို ပြည်သူရဲ့ အထောက်ပံ့ကူညီမှုတွေသာ ဖြတ်တောက်လိုက်ပါ အလိုလိုကို သူတို့ကျရှုံး လက်နက်ချပါလိမ့်မည်ဟု အသိပေးရင်း

ပြည်သူသာ အဓိကပါဟု ‌ဆိုချင်လေသည် ဒါကို အမြဲနှလူံးသွင်း မှတ်သား နာယူ သိထားကြပါဟု ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးပါ လူဦးတစ်ယောက်ပိုင်နဲ့ ဘာမှ လုပ်မရပါဘူးဆိုတာ သိရင်


FB မှာ စာရေးသူအချင်းချင်းလည်း ယခုကေ့နဲ့ပတ်သက်ပြီး အပြန်လှန်တိုက်ခိုက်ရေးသားမှုတွေ မလုပ်ကြပဲ ရင်းမြစ်ကို သေချာရေး ပြည်သူကို အသိပေးစေလိုသည်ဟု တော်လှန်ရေးအတွက် စိတ်ရင်းမှန် စေတနာမှန်များဖြင့်

မှတ်ချက်။ စာရေးသူကိုယ်၌ ဗိုလ်သံမဏိကို တင်းပြီး ရေးခဲ့ဘူးသည် ခုက လိုတာထက် ပိုများလာ၍ ကြားမှနေ အသိပေးရခြင်း ဖြစ်ပေသည် သိုဖြင့် စစ်တပ်ကျရှုံး ပြိုလဲခါနီးမှ ပြည်သူ့အောင်ပွဲရခါနီးမှ မြေပြင်ငြိမ်သက်နေမှုကို လေလှိုင်းကနေ ဖွဆွ သွေး‌ထိုးနေမှုတွေ ရပ်တန့်ကြဖို့ပြောချင်တာ ပြည်သူအထင်မြင်လွဲမှားအောင် မလုပ်ကြနဲ့။

#မင်းကြည်ညိုနေ 🕊️