ၾကားသိသမွ်

ရဲတိုက်အား အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ (၂၃) ဖြင့် ထပ်တိုးတရားစွဲ

သရုပ်ဆောင် ရဲတိုက်အား အမြင့်ဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မ (၂၃) ဖြင့် ထပ်တိုးတရားစွဲ

သရုပ်ဆောင်ရဲတိုက်အား စွဲဆိုထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)အပြင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့်ပါ ထပ်တိုး၍ တရားစွဲဆိုထားကြောင်း ၎င်း၏ရှေ့နေဖြစ်သူထံမှသိရသည်။

“မူလ ၁၆(ဂ)နဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ တရားစွဲထားတာပါ။ ရဲဘက်က ယခင်ပြစ်ချက်ဟောင်း ၁၆(ဂ)ရှိခဲ့ဖူးတဲ့အတွက် ပုဒ်မ ၂၃ နဲ့ထပ်ပြီး တရားစွဲတာဖြစ်ပါတယ်။

ပုဒ်မ ၂၃ ကျတော့ အခုလက်ရှိ ပြစ်မှုထင်ရှားခဲ့ရင် ယခင်ပြစ်မှုကိုပါထည့်သွင်းစဉ်းစားပြီးတော့မှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့‌ ထောင်ဒဏ် ၁၀ နှစ်ချရမယ်ဆိုတော့ စီရင်ပိုင်ခွင့်အာဏာက မြို့နယ်တရားသူကြီးရဲ့ အာဏာမဟုတ်တဲ့အတွက် အနောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယတရားသူကြီး- ၆ ရုံးကိုပြောင်းစစ်ဆေးနေတာဖြစ်ပါတယ်။

၁၆(ဂ)ကလည်းပဲ အမှုမှန်သီးခြားပေါ်ပေါက်မှုမရှိတဲ့အတွက် ပုဒ်မ ၂၃ နဲ့စွဲပြီးမတင်ပဲ လက်ရှိအဆင့်မှာပဲလွှတ်ပေးဖို့ မနေ့ကစွဲချက်လျှောက်လဲချက်တင်ပြပါတယ်”ဟု အဆိုပါ ရှေ့နေကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။


ရုံးချိန်းကို လာမည့် (မတ် ၃၀ ရက်)သို့ချိန်းဆိုထားကြောင်းသိရသည်။ အဆိုပါနေ့တွင် စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့မည်ဆိုပါက လက်ရှိရင်ဆိုင်နေရသည့် အမှု နှစ်မှုလုံးမှလွတ်မြောက်မည်ဖြစ်ကြောင်း ၊စွဲချက်ချမှတ်ခဲ့မည်ဆိုလျှင် ယင်းနေ့တွင်ပင် သရုပ်ဆောင်ရဲတိုက်ဘက်မှတင်ပြသည့် သက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေထံမှသိရသည်။


သရုပ်ဆောင်ရဲတိုက်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခံထားရခြင်းဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့်လည်းအလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရသေးသည်။

Zawgyi

သ႐ုပ္ေဆာင္ ရဲတိုက္အား အျမင့္ဆုံးေထာင္ဒဏ္ ၁၀ႏွစ္အထိ ခ်မွတ္နိုင္သည့္ပုဒ္မ (၂၃) ျဖင့္ ထပ္တိုးတရားစြဲ

သ႐ုပ္ေဆာင္ရဲတိုက္အား စြဲဆိုထားသည့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆ (ဂ)အျပင္ အျမင့္ဆုံးေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္နိုင္သည့္ ပုဒ္မျဖင့္ပါ ထပ္တိုး၍ တရားစြဲဆိုထားေၾကာင္း ၎၏ေရွ႕ေနျဖစ္သူထံမွသိရသည္။

“မူလ ၁၆(ဂ)နဲ႔ မရမ္းကုန္းၿမိဳ႕နယ္ရဲစခန္းမွာ တရားစြဲထားတာပါ။ ရဲဘက္က ယခင္ျပစ္ခ်က္ေဟာင္း ၁၆(ဂ)ရွိခဲ့ဖူးတဲ့အတြက္ ပုဒ္မ ၂၃ နဲ႔ထပ္ၿပီး တရားစြဲတာျဖစ္ပါတယ္။

ပုဒ္မ ၂၃ က်ေတာ့ အခုလက္ရွိ ျပစ္မႈထင္ရွားခဲ့ရင္ ယခင္ျပစ္မႈကိုပါထည့္သြင္းစဥ္းစားၿပီးေတာ့မွ အျမင့္ဆုံးျပစ္ဒဏ္ျဖစ္တဲ့‌ ေထာင္ဒဏ္ ၁၀ ႏွစ္ခ်ရမယ္ဆိုေတာ့ စီရင္ပိုင္ခြင့္အာဏာက ၿမိဳ႕နယ္တရားသူႀကီးရဲ့ အာဏာမဟုတ္တဲ့အတြက္ အေနာက္ပိုင္းခရိုင္တရား႐ုံး၊ ဒုတိယတရားသူႀကီး- ၆ ႐ုံးကိုေျပာင္းစစ္ေဆးေနတာျဖစ္ပါတယ္။ ၁၆(ဂ)ကလည္းပဲ အမႈမွန္သီးျခားေပၚေပါက္မႈမရွိတဲ့အတြက္ ပုဒ္မ ၂၃ နဲ႔စြဲၿပီးမတင္ပဲ လက္ရွိအဆင့္မွာပဲလႊတ္ေပးဖို႔ မေန႔ကစြဲခ်က္ေလၽွာက္လဲခ်က္တင္ျပပါတယ္”ဟု အဆိုပါ ေရွ႕ေနကစံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္သို႔ေျပာသည္။

႐ုံးခ်ိန္းကို လာမည့္ (မတ္ ၃၀ ရက္)သို႔ခ်ိန္းဆိုထားေၾကာင္းသိရသည္။ အဆိုပါေန႔တြင္ စြဲခ်က္မတင္ဘဲ လႊတ္ေပးခဲ့မည္ဆိုပါက လက္ရွိရင္ဆိုင္ေနရသည့္ အမႈ ႏွစ္မႈလုံးမွလြတ္ေျမာက္မည္ျဖစ္ေၾကာင္း ၊စြဲခ်က္ခ်မွတ္ခဲ့မည္ဆိုလၽွင္ ယင္းေန႔တြင္ပင္ သ႐ုပ္ေဆာင္ရဲတိုက္ဘက္မွတင္ျပသည့္ သက္ေသမ်ားကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ၎၏ေရွ႕ေနထံမွသိရသည္။

သ႐ုပ္ေဆာင္ရဲတိုက္သည္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၆ (ဂ) ျဖင့္ ဘုရင့္ေနာင္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ခံထားရျခင္းျဖစ္ၿပီး နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ကျဖင့္လည္းအလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ သုံးႏွစ္ခ်မွတ္ခံထားရေသးသည္။