ၾကားသိသမွ်

အိုင်တင် အပဲ့တွေနဲ့ဒေသခံတွေက ပြောပါတယ်ဆိုပြီးPDF တွေကို မကောင်းကြံတဲ့ကိစ္စ ပန်ဆယ်လိုပြော

ဒေသခံတွေက ပြောပါတယ်ဆိုပြီး ဘယ်ကအလေနတောမိန်းမတွေ ခေါ်ရိုက်ထားလဲမသိ။ စာကျက်ပြောနေသလို အိုင်တင်အပဲ့တွေနဲ့ ဒေသခံအယောင်ဆောင်ပြီး PDFတွေက ရွာတွေကို မီးရှို့ပါတယ်ဆိုတဲ့ Narration မျိုးကို စကစက ခပ်စိပ်စိပ်လုပ်လာတယ်။

မနေ့က ဇော်မဲလုံးသတင်းစာရှင်းလင်းပွဲမှာ ဒါမျိုးဟာတွေကို Projector နဲ့ ထိုးပြသွားသေးတယ်။ ဘောမအကောင့်တွေက တပ်ညီလက်ညီ ဖွကြတယ်။

စောက်တပ်က ရွာတွေကို မီးရှို့တဲ့အကြောင်းပြချက်က ရှင်းတယ်။ နံပါတ်(၁) ခိုးချင်ဝှက်ချင်လုချင်လို့။ နံပါတ်(၂) PDFတွေက ယူနီဖောင်းဝတ်တွေမဟုတ်တဲ့ဒေသခံတွေဖြစ်တဲ့အတွက် ပြည်သူအားလုံးကို PDF လို့သတ်မှတ်ပြီး သတ်ဖြတ်တယ်၊ မီးရှို့တယ်။ နံပါတ်(၃) ရွာတွေကို မီးရှို့လိုက်ခြင်းအားဖြင့် ဥစ္စာပစ္စည်းတွေ ဆုံးရှုံးသွားတဲ့ပြည်သူတွေစိတ်ထဲမှာ PDFတွေရှိလို့ ငါတို့ရွာတွေ မီးရှို့ခံရတာလို့ မြင်လာအောင် ဆိုက်ဝါးထည့်တဲ့အနေနဲ့ မီးရှို့တယ်။

မေးပါရစေဦး… PDF က ရွာတွေကို မီးရှို့ပါတယ်ဆိုတော့ ဘာလို့ရှို့တာလဲ။ ဘာအကြောင်းကြောင့် ရှို့စရာရှိလဲ။

ပစ္စည်း၊ ဥစ္စာ ခိုးချင်ရအောင် နင်တို့လို ခေတ်အဆက်ဆက် စောက်သူခိုးတွေ မှတ်နေလား။ ရိက္ခာဘာညာလိုချင်လို့ဆိုရအောင် PDF ဆို ဘယ်အိမ်ဝင်စားစား စေတနာရှိနေကြတာ နင်တို့လို ခိုးမှစားရတဲ့အတန်းစားတွေ မှတ်နေလား။ ယူနီဖောင်းဝတ်ထားတဲ့ နင်တို့ကို ဒေသခံတွေက ဒေသခံရွာသားတွေနဲ့မှားပြီး ရွာကို မီးရှို့စရာ ရှိလား။ စစ်တပ်ကို ပိုမုန်းအောင် လီဆယ်လုပ်တယ်ပြောရအောင် နင်တို့ကို ဒီ့ထက်ပိုမုန်းအောင်ဆိုတာ ဘာမှမရှိအောင် ဂိတ်ကုန်နေပြီးသား။

ယုတ္တိရှိအောင်လည်း ပြော။ ကိုယ့်ဒေသကို အသက်ပေးကာကွယ်နေတဲ့ ဒေသခံPDF တွေအနေနဲ့ ကိုယ့်ဒေသကိုယ် မီးရှို့ရအောင် ဘာအကြောင်းပြချက်မှ မရှိဘူး။ လက်သရမ်းရှို့ရအောင် နင်တို့စောက်တပ်ကကောင်တွေလို မိမဆုံးမ၊ ဖမဆုံးမ MaALoe တစ်ကောင်မှ မပါဘူး။

ရွာတွေကို မီးရှို့လာတဲ့ကိစ္စ အခုမှလည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက် ပြည်တွင်းစစ်တိုင်း နင်တို့လုပ်နေကျစောက်ကျင့်။ မီးရှို့ပြီဆို လက်ဗွေရာထားခဲ့သလို အတိအကျ နင်တို့မှ နင်တို့။

အခုမှလာ မုန်လာဥလုပ်မနေနဲ့။ အဲ့မုန်လာဥ နင်တို့ဖာသာ ဖျင်ကသွပ်ထား အောက်တန်းစားများ။

ပြည်သူတွေကို ညဖမ်း မနက်အလောင်းပို့တုန်းက အကောင်း၊ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်နေတုန်းက အီဆိမ့်လို့။ တူရကီရော၊ ပြင်သစ်ရော အရှေ့အာရှတခွင် ပြဲပြဲစင်အောင် တရားစွဲခံရတော့မယ်ဆိုမှ ဇွတ်ပန်းနုသွေးနေလိုက်။

နားရွက်အရှည်ကြီးထောင်နေတဲ့ကောင် ပြပြီး နင်တို့က ယုန်ပါဆိုရင်တောင် မယုံဘူး။
ရှင်းတယ်နော်။