ၾကားသိသမွ်

စစ်အင်ဂျင်နီယာကျောင်းဆင်းဗိုလ်ကြီးအံ့ကျော် ပြည်သူ့ဘက်ကို ကူးပြောင်း

စစ်အင်ဂျင်နီယာကျောင်းဆင်းဗိုလ်ကြီးအံ့ကျော် ပြည်သူ့ဘက်ကို ကူးပြောင်း

မတ် ၂၅၊ ၂၀၂၂

လက်ရုံးတပ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးအံ့ကျော် (တော်လှန်ရေး အမည်လွှဲ)က ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ချိတ်ဆက်ပြီး ၂၀၂၂ မတ်လ ၃ ရက်က CDM ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်အဖွဲ့က ကြေညာပါတယ်။

“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေ အပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီ တပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူ အားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။

ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင် အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင် သွားပါ့မယ်” လို့ ဗိုလ်ကြီးအံ့ကျော်က ပြည်သူ့ပန်းတိုင် ကနေတဆင့် ပြည်သူလူထုကို ပြောကြား ပါတယ်။

ဇန်နဝါရီလကုန်အထိ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ စစ်သားနဲ့ ရဲအရေအတွက် ၈၀၀၀ ကျော်ရှိတယ်လို့ လည်း သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်က ရာထူးကြီးတွေလည်း CDM ဝင်ရောက်တဲ့အထဲပါဝင်ပါတယ်။ ၁၉၈၈ ထက်စာရင် နွေဦးတော်လှန်ရေးမှာ စစ်တပ်နဲ့ ရဲက CDM ဝင်ရောက်တဲ့ အရေအတွက် ုများလာတယ်လို့လည်း သိရပါတယ်။

Zawgyi

စစ္အင္ဂ်င္နီယာေက်ာင္းဆင္းဗိုလ္ႀကီးအံ့ေက်ာ္ ျပည္သူ႔ဘက္ကို ကူးေျပာင္း
မတ္ ၂၅၊ ၂၀၂၂

လက္႐ုံးတပ္တစ္ခုမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ စစ္အင္ဂ်င္နီယာေက်ာင္းဆင္း ဗိုလ္ႀကီးအံ့ေက်ာ္ (ေတာ္လွန္ေရး အမည္လႊဲ)က ျပည္သူ႔ပန္းတိုင္အဖြဲ႕နဲ႔ ခ်ိတ္ဆက္ၿပီး ၂၀၂၂ မတ္လ ၃ ရက္က CDM ဝင္ေရာက္ခဲ့တယ္လို႔ ျပည္သူ႔ ပန္းတိုင္အဖြဲ႕က ေၾကညာပါတယ္။

“ျပည္သူလူထုကို အားနာမိလို႔ CDM ျပဳလုပ္ဖို႔ မႏွစ္ကတည္းက အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ ခဲ့ပါဘူး။ စစ္ေကာင္စီရဲ့ လုပ္ရပ္ေတြဟာ ျပည္သူေတြအေပၚနဲ႔ တပ္မေတာ္သားေတြ အေပၚေရာ တကယ္ကို တရားမၽွတမႈ မရွိပါဘူး။ ဒါေၾကာင့္ ေတာ္လွန္ေရးမွာ ပါဝင္ဖို႔ စစ္ေကာင္စီ တပ္ကို စြန႔္ခြာခဲ့ပါၿပီ။

ျပည္သူ အားလုံးပါဝင္ေနလို႔ ဒီေတာ္လွန္ေရးဟာ မုခ်ေအာင္ျမင္မယ္ဆိုတာ သိပါတယ္။ ေရွ႕ဆက္ၿပီး ျပည္သူ႔ပန္းတိုင္ အဖြဲ႕နဲ႔အတူ တတ္စြမ္းသမၽွ ေတာ္လွန္ေရးမွာ ပါဝင္ သြားပါ့မယ္” လို႔ ဗိုလ္ႀကီးအံ့ေက်ာ္က ျပည္သူ႔ပန္းတိုင္ ကေနတဆင့္ ျပည္သူလူထုကို ေျပာၾကား ပါတယ္။

ဇန္နဝါရီလကုန္အထိ ျပည္သူ႔ဘက္ကို ကူးေျပာင္းလာတဲ့ စစ္သားနဲ႔ ရဲအေရအတြက္ ၈၀၀၀ ေက်ာ္ရွိတယ္လို႔ လည္း သတင္းထုတ္ျပန္ထားပါတယ္။ စစ္တပ္က ရာထူးႀကီးေတြလည္း CDM ဝင္ေရာက္တဲ့အထဲပါဝင္ပါတယ္။ ၁၉၈၈ ထက္စာရင္ ေႏြဦးေတာ္လွန္ေရးမွာ စစ္တပ္နဲ႔ ရဲက CDM ဝင္ေရာက္တဲ့ အေရအတြက္ ုမ်ားလာတယ္လို႔လည္း သိရပါတယ္။