ၾကားသိသမွ်

စစ်အုပ်စုထဲမှာ မသာခေါင်းလောင်းသံ မြည်နေပြီလား

စစ်အုပ်စုထဲမှာ မသာခေါင်းလောင်းသံ မြည်နေပြီလား

၁။ မထိခလုတ် ရေးနေတဲ့ ဗိုလ်ရဲထွဋ် မျက်ခုံးလှုပ်နေတဲ့ အကြောင်း မိတ်ဆွေတစ်ယောက်ပို့ပေးလာလို့ ဒီမနက်မှာ ဖတ်ရတယ်။

၂။ ဇေကမ္ဘာခင်ရွှေတို့သားအဖ သတင်းကလည်း ဒီလိုပဲ ပထမတော့ ကောလဟလ လိုလိုနဲ့တကယ်ဖြစ်လာတယ်။ နောက် တော့ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး အောင်သန်းဦးကို ဖမ်းသွားတယ်။ နောက် ဗိုလ်ကျော်ဆွေစသဖြင့် ကြားရတယ်။ ဒီမနက် ဗိုလ်ရဲထွဋ် ကိုယ်တိုင်ရေးတဲ့ သူ့သတင်းသူကိုယ်တိုင်ဖတ်ရတယ်ဆိုတာပဲ။


၃။ ဒီ (၁-၂-၂၀၂၁) အာဏာသိမ်းပိုက်မှုက စစ်အုပ်စုဟောင်း/သစ်တွေထဲမှာ မတူတဲ့အတိုင်းအတာနဲ့ဂယက်ရိုက်တာတော့အမှန်ပဲ။ ဗိုလ်ရဲ ထွဋ်ဆီကထွက်နေတဲ့ မထိခလုတ်အသံက အဲဒီဂယက်ရိုက်ခတ်မှုရဲ့ဖော်ပြချက်ပဲ။

၄။ မင်းအောင်လှိုင်တို့ကို ပုဒ်မချပေးမယ့် သူဟာ စစ်အုပ်စုထဲက ဒါမှမဟုတ် စစ်တပ်ထဲကပဲဖြစ်လိမ့်မယ်ဆိုတဲ့ စဉ်းစားမှုဟာ တစ်စုံတစ်ရာ အကောင်အထည်ဖြစ်လာတယ်။ ပြည်တွင်းပြည်ပ ဖိအားတွေ ယခုထက်ပိုမိုပြီးသဲသန်လာတာနဲ့ အမျှ မင်းအောင်လှိုင်ရဲ့နောက်ဆုံးနေရက်တွေဟာ ပိုလို့ နီးလာမြန်လာလိမ့်မယ်။


၅။ ၁၉၈၈ အရေးတော်ပုံကြီးဟာ ဗိုလ်နေဝင်းတို့ (မဆလ) စစ်အုပ်စုကို ဘေးပို့ပစ်လိုက်ပြီးနောက် ဗိုလ်စောမောင် – ဗိုလ်ခင် ညွန့် – ဗိုလ်သန်းရွှေတို့ ဇာတ်ခုံပေါ်တက်လာကြတယ်။ အရေးတော်ပုံကြီးအဟုန်ကပြင်းထန်လွန်းတော့ ဗိုလ်စော မောင်ပါ လွှင့်သွားရတယ်။ ဒီမှာတင်ပဲ “ သန်း -အေး – ညွန့် စစ်အုပ်စု” ပေါ်လာတယ်။ အကောင်ဖြစ်လာတယ်။ အင်မတန် ဂျိုကြွတဲ့ ဗိုလ်ခင်ညွန့်ကို ဗိုလ်သန်းရွှေကပဲ ပုဒ်မချပေးလိုက်တယ် — စတဲ့ ဖြစ်ရပ်နဲ့ယှဉ်ထိုးပြီး “မင်းအောင်လှိုင်တို့ကို ပုဒ်မချပေးမယ့် သူဟာ စစ်အုပ်စုထဲက ဒါမှမဟုတ် စစ်တပ်ထဲကပဲဖြစ်လိမ့်မယ်” စဉ်းစားမိစေတာပါ။

၆။ စစ်တပ်ထဲက – စစ်အုပ်စုထဲက ဗိုလ်လုမှုကတော့ တိုင်းပြည်နဲ့လူထုအတွက်ဘယ်လောက်အကျိုးရှိသလဲဆိုတာကိုတော့ ဗိုလ်စောမောင်တို့ – ဗိုလ်ခင်ညွန့်တို့ကို ဖယ်ရှားလိုက်တာနဲ့ ဘယ်လိုအကျိုးဆက်တွေတိုင်းပြည်နဲ့လူထုက ရရှိခံစားရသလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုက်ရိုက်တိုင်းတာကြည့်ရမှာပဲမဟုတ်ပါလား။ စစ်အုပ်စုဟောင်းနေရာမှာ စစ်အုပ်စုသစ်နဲ့ အစားထိုးသွား တာမျိုးပဲမြင်ရ တွေ့ရပါတယ်။


၇။ ဒါကြောင့် လက်ရှိ မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့ အကြပ်အတည်းကနေ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရား” ကို အကုန်အစင်ဖျက်သိမ်းပစ်ပြီး စစ်တပ်ကို စစ်အုပ်စုတစ်စုစုက တစ်လက် ကိုင်တပ် – ခါးပိုက်ဆောင်တပ်အဖြစ်လုပ်ထားတဲ့ အနေအထားကိုလည်း အမြစ်ပါမကျန်အောင် ဖျက်သိမ်းပစ်နိုင် ဖို့လိုအပ်ပါ တယ်။

၈။ “ အဟောင်းကို မဖြိုဘဲ မပြိုပါ – ရန်သူအပေါ် မျှော်လင့် စိတ်ကူးယဉ်လို့မဖြစ်ပါ — ငါတို့ဘက်မှာ အမှန်တရားရှိနေတာ – ငါတို့ဘက်မှာ ပြည်သူအများ ရှိနေတာ – ငါတို့ဘက်မှာ အောင်ပွဲရှိနေတာ” စတဲ့ သီချင်းစာသားများကို သတိရမိပါကြောင်း။
ရိုသေစွာဖြင့်

မောင်ကျော်မော်
၂၄ မတ် ၂၀၂၂

Zawgyi

စစ္အုပ္စုထဲမွာ မသာေခါင္းေလာင္းသံ ျမည္ေနၿပီလား

၁။ မထိခလုတ္ ေရးေနတဲ့ ဗိုလ္ရဲထြဋ္ မ်က္ခုံးလႈပ္ေနတဲ့ အေၾကာင္း မိတ္ေဆြတစ္ေယာက္ပို႔ေပးလာလို႔ ဒီမနက္မွာ ဖတ္ရတယ္။

၂။ ေဇကမၻာခင္ေရႊတို႔သားအဖ သတင္းကလည္း ဒီလိုပဲ ပထမေတာ့ ေကာလဟလ လိုလိုနဲ႔တကယ္ျဖစ္လာတယ္။ ေနာက္ ေတာ့ ရန္ကုန္တိုင္းစီးပြားေရးဝန္ႀကီး ေအာင္သန္းဦးကို ဖမ္းသြားတယ္။ ေနာက္ ဗိုလ္ေက်ာ္ေဆြစသျဖင့္ ၾကားရတယ္။ ဒီမနက္ ဗိုလ္ရဲထြဋ္ ကိုယ္တိုင္ေရးတဲ့ သူ႔သတင္းသူကိုယ္တိုင္ဖတ္ရတယ္ဆိုတာပဲ။

၃။ ဒီ (၁-၂-၂၀၂၁) အာဏာသိမ္းပိုက္မႈက စစ္အုပ္စုေဟာင္း/သစ္ေတြထဲမွာ မတူတဲ့အတိုင္းအတာနဲ႔ဂယက္ရိုက္တာေတာ့အမွန္ပဲ။ ဗိုလ္ရဲ ထြဋ္ဆီကထြက္ေနတဲ့ မထိခလုတ္အသံက အဲဒီဂယက္ရိုက္ခတ္မႈရဲ့ေဖာ္ျပခ်က္ပဲ။

၄။ မင္းေအာင္လွိုင္တို႔ကို ပုဒ္မခ်ေပးမယ့္ သူဟာ စစ္အုပ္စုထဲက ဒါမွမဟုတ္ စစ္တပ္ထဲကပဲျဖစ္လိမ့္မယ္ဆိုတဲ့ စဥ္းစားမႈဟာ တစ္စုံတစ္ရာ အေကာင္အထည္ျဖစ္လာတယ္။ ျပည္တြင္းျပည္ပ ဖိအားေတြ ယခုထက္ပိုမိုၿပီးသဲသန္လာတာနဲ႔ အမၽွ မင္းေအာင္လွိုင္ရဲ့ေနာက္ဆုံးေနရက္ေတြဟာ ပိုလို႔ နီးလာျမန္လာလိမ့္မယ္။

၅။ ၁၉၈၈ အေရးေတာ္ပုံႀကီးဟာ ဗိုလ္ေနဝင္းတို႔ (မဆလ) စစ္အုပ္စုကို ေဘးပို႔ပစ္လိုက္ၿပီးေနာက္ ဗိုလ္ေစာေမာင္ – ဗိုလ္ခင္ ညြန႔္ – ဗိုလ္သန္းေရႊတို႔ ဇာတ္ခုံေပၚတက္လာၾကတယ္။ အေရးေတာ္ပုံႀကီးအဟုန္ကျပင္းထန္လြန္းေတာ့ ဗိုလ္ေစာ ေမာင္ပါ လႊင့္သြားရတယ္။ ဒီမွာတင္ပဲ “ သန္း -ေအး – ညြန႔္ စစ္အုပ္စု” ေပၚလာတယ္။ အေကာင္ျဖစ္လာတယ္။ အင္မတန္ ဂ်ိဳႂကြတဲ့ ဗိုလ္ခင္ညြန႔္ကို ဗိုလ္သန္းေရႊကပဲ ပုဒ္မခ်ေပးလိုက္တယ္ — စတဲ့ ျဖစ္ရပ္နဲ႔ယွဥ္ထိုးၿပီး “မင္းေအာင္လွိုင္တို႔ကို ပုဒ္မခ်ေပးမယ့္ သူဟာ စစ္အုပ္စုထဲက ဒါမွမဟုတ္ စစ္တပ္ထဲကပဲျဖစ္လိမ့္မယ္” စဥ္းစားမိေစတာပါ။

၆။ စစ္တပ္ထဲက – စစ္အုပ္စုထဲက ဗိုလ္လုမႈကေတာ့ တိုင္းျပည္နဲ႔လူထုအတြက္ဘယ္ေလာက္အက်ိဳးရွိသလဲဆိုတာကိုေတာ့ ဗိုလ္ေစာေမာင္တို႔ – ဗိုလ္ခင္ညြန႔္တို႔ကို ဖယ္ရွားလိုက္တာနဲ႔ ဘယ္လိုအက်ိဳးဆက္ေတြတိုင္းျပည္နဲ႔လူထုက ရရွိခံစားရသလဲ ဆိုတဲ့ အခ်က္နဲ႔ပဲ တိုက္ရိုက္တိုင္းတာၾကည့္ရမွာပဲမဟုတ္ပါလား။ စစ္အုပ္စုေဟာင္းေနရာမွာ စစ္အုပ္စုသစ္နဲ႔ အစားထိုးသြား တာမ်ိဳးပဲျမင္ရ ေတြ႕ရပါတယ္။

၇။ ဒါေၾကာင့္ လက္ရွိ မင္းေအာင္လွိုင္ – စိုးဝင္း အၾကမ္းဖက္ (စကစ) စစ္အုပ္စုရဲ့ အၾကပ္အတည္းကေန “စစ္အုပ္စု – စစ္အာဏာရွင္စနစ္ – စစ္ျဗဴရိုကေရစီယႏၲရား” ကို အကုန္အစင္ဖ်က္သိမ္းပစ္ၿပီး စစ္တပ္ကို စစ္အုပ္စုတစ္စုစုက တစ္လက္ ကိုင္တပ္ – ခါးပိုက္ေဆာင္တပ္အျဖစ္လုပ္ထားတဲ့ အေနအထားကိုလည္း အျမစ္ပါမက်န္ေအာင္ ဖ်က္သိမ္းပစ္နိုင္ ဖို႔လိုအပ္ပါ တယ္။

၈။ “ အေဟာင္းကို မၿဖိဳဘဲ မၿပိဳပါ – ရန္သူအေပၚ ေမၽွာ္လင့္ စိတ္ကူးယဥ္လို႔မျဖစ္ပါ — ငါတို႔ဘက္မွာ အမွန္တရားရွိေနတာ – ငါတို႔ဘက္မွာ ျပည္သူအမ်ား ရွိေနတာ – ငါတို႔ဘက္မွာ ေအာင္ပြဲရွိေနတာ” စတဲ့ သီခ်င္းစာသားမ်ားကို သတိရမိပါေၾကာင္း။
ရိုေသစြာျဖင့္

ေမာင္ေက်ာ္ေမာ္
၂၄ မတ္ ၂၀၂၂