ၾကားသိသမွ်

မင်းအောင်လှိုင်အားရိုဟင်ဂျာအမှု ကျူးလွန်သူ အဖြစ်ပြတိုက်မှာ ဓါတ်ပုံနဲ့ တကွဖေါ်ပြထား၊ဒေါ်အောင်ဆန်းစုကြည်က အကာအကွယ်ပေးခဲ့သူအဖြစ် မှတ်တမ်းဝင်

လူမျိုးတုံးသတ်ဖြတ်မှုကို ‌ဒေါ်အောင်ဆန်းစုကြည် အကာအကွယ်ပေးခဲ့သူအဖြစ် မှတ်တမ်းဝင်

မတ်လ ၂၁

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမှာ ရှိတဲ့ ဂျူးတွေ အစုလိုက်သတ်ဖြတ်ခံရမှု အထိမ်းအမှတ် ပြတိုက်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အကာ အကွယ်ပေးခဲ့သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနဲ့ တကွ ဖေါ်ပြထားတာ ဖြစ်ပါတယ်။


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူ အဖြစ် ဓါတ်ပုံနဲ့ တကွဖေါ်ပြထားပါတယ်။


အဲဒီပြတိုက်မှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့တဲ့ Burma’s Path To Genocide ဆိုတဲ့ ပြခန်း အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် တို့ရဲ့ ပုံတွေကို မှတ်တမ်းတင် ထားရှိထားတာ ဖြစ်ပါတယ်။

ပြန်ခန်းမှာ ရိုဟင်ဂျာ Genocide ဖြစ်ပေါ် လာပုံ အဆင့်ဆင့်ကို ဓါတ်ပုံ စာရင်းဇယား မြေပုံ ကိန်းဂဏန်း အထောက် အထားတွေနဲ့လည်း ပြသ ထားတာ ဖြစ်ပါတယ်။


မြန်မာစစ်တပ်က ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု နဲ့ လူသားမျိုးနွယ်တွေ အပေါ် လူမဆန်တဲ့ ရာဇဝတ်မှု တွေကို ကျူးလွန်ခဲ့တယ်လို့ အမေရိကန် အစိုးရက မတ်လ ၂၁ ရက်နေ့က ဆုံးဖြတ် အတည်ပြုခဲ့တာ လည်း ဖြစ်ပါတယ်။

THN freelance journalist

လူမ်ိဳးတုံးသတ္ျဖတ္မႈကို ‌ေဒၚေအာင္ဆန္းစုၾကည္ အကာအကြယ္ေပးခဲ့သူအျဖစ္ မွတ္တမ္းဝင္
မတ္လ ၂၁

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ ဒီစီမွာ ရွိတဲ့ ဂ်ဴးေတြ အစုလိုက္သတ္ျဖတ္ခံရမႈ အထိမ္းအမွတ္ ျပတိုက္မွာ ရိုဟင္ဂ်ာ လူမ်ိဳးတုံးသတ္ျဖတ္မႈကို အကာ အကြယ္ေပးခဲ့သူ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ဓါတ္ပုံနဲ႔ တကြ ေဖၚျပထားတာ ျဖစ္ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကိုေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္သူ အျဖစ္ ဓါတ္ပုံနဲ႔ တကြေဖၚျပထားပါတယ္။

အဲဒီျပတိုက္မွာ ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာလက ဖြင့္လွစ္ခဲ့တဲ့ Burma’s Path To Genocide ဆိုတဲ့ ျပခန္း အခုလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗိုလ္ခ်ဳပ္မင္းေအာင္လွိုင္ တို႔ရဲ့ ပုံေတြကို မွတ္တမ္းတင္ ထားရွိထားတာ ျဖစ္ပါတယ္။

ျပန္ခန္းမွာ ရိုဟင္ဂ်ာ Genocide ျဖစ္ေပၚ လာပုံ အဆင့္ဆင့္ကို ဓါတ္ပုံ စာရင္းဇယား ေျမပုံ ကိန္းဂဏန္း အေထာက္ အထားေတြနဲ႔လည္း ျပသ ထားတာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္က ရိုဟင္ဂ်ာေတြ အေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ နဲ႔ လူသားမ်ိဳးႏြယ္ေတြ အေပၚ လူမဆန္တဲ့ ရာဇဝတ္မႈ ေတြကို က်ဴးလြန္ခဲ့တယ္လို႔ အေမရိကန္ အစိုးရက မတ္လ ၂၁ ရက္ေန႔က ဆုံးျဖတ္ အတည္ျပဳခဲ့တာ လည္း ျဖစ္ပါတယ္။

THN freelance journalist