ၾကားသိသမွ်

KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ

KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကနေပြီး KNDF/ B-21 တပ်ရင်းတစ်ခုကို ယခုမတ်လ အတွင်းမှာပဲ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့တယ်လို့ KNDF ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ကပြောပါတယ်။

“အရင်တုန်းက တပ်ရင်း ၁၉အထိ ရှိတယ်ပေါ့နော။ အခုက ဒီထက်ပိုပြီးတော့ များလာတဲ့ဟာတွေ ဖြစ်နေတော့ ဒါက နောက်ပိုင်းမှာ ညှိရနှိုင်းရတဲ့ဟာတွေ ဆွေးနွေးမှုတွေ အဆင်ပြေတဲ့အတွက်ကြောင့်မလို့ ထပ်ပြီးတော့ ကိုယ့်ရဲ့ အင်အားတိုးချဲ့တဲ့ ပုံစံမျိုး ဖြစ်တယ်ပေါ့နော။

အဲ့တော့ တစ်ပြည်နယ်လုံးမှာ ကျနော်တို့ KNDFက ဟိုမှာလည်း ရှိတယ်။ ဒီမှာလည်း ရှိတယ် ဆိုတဲ့ဟာမျိုး ဖြစ်လာမယ်ပေါ့လေ။ အဲ့တော့ အဲ့ဒီပုံစံအတိုင်းသွားနေတာပါပဲ။ “ လို့ KNDFဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။


KNDFမှာဆိုရင် အရေအတွက် အားဖြင့် တပ်ရင်း(၁၈)ခုရှိပြီးခဲ့ပြီး ခုတိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ KNDF/ B-21 အပါအဝင်ဆိုရင် ၁၉ ရင်းထိ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့က ထုတ်ပြန်လိုက်တဲ့ KNDFရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ တပ်ဖွဲ့အင်အားပေါင်း ၆ထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

KNDFဟာဆိုရင် ၂၀၂၁၊ ဇွန်လ(၇)ရက်နေ့မှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ မူဝါဒ ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။


KNDFဟာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ကရင်နီတပ်မတော်(KA) ရဲ့ စစ်ဦးစီးမှုအောက်မှာ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တစ်ခုဖြစ်သလို PDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

စစ်သင်တန်းတက်နေကြတဲ့ KNDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ – KNDF B-21)

KantarawaddyTime

KNDFတပ္ရင္း တစ္ခု ထပ္မံ တိုးခ်ဲ႕ဖြဲ႕စည္း၊ တပ္ရင္း ၁၉ ရင္းရွိလာ

ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္(KNDF)ကေနၿပီး KNDF/ B-21 တပ္ရင္းတစ္ခုကို ယခုမတ္လ အတြင္းမွာပဲ ထပ္မံတိုးခ်ဲ႕ ဖြဲ႕စည္းခဲ့တယ္လို႔ KNDF ရဲ့ ဦးေဆာင္ေကာ္မတီဝင္ ကိုသိုက္ကေျပာပါတယ္။

“အရင္တုန္းက တပ္ရင္း ၁၉အထိ ရွိတယ္ေပါ့ေနာ။ အခုက ဒီထက္ပိုၿပီးေတာ့ မ်ားလာတဲ့ဟာေတြ ျဖစ္ေနေတာ့ ဒါက ေနာက္ပိုင္းမွာ ညႇိရႏွိုင္းရတဲ့ဟာေတြ ေဆြးေႏြးမႈေတြ အဆင္ေျပတဲ့အတြက္ေၾကာင့္မလို႔ ထပ္ၿပီးေတာ့ ကိုယ့္ရဲ့ အင္အားတိုးခ်ဲ႕တဲ့ ပုံစံမ်ိဳး ျဖစ္တယ္ေပါ့ေနာ။

အဲ့ေတာ့ တစ္ျပည္နယ္လုံးမွာ က်ေနာ္တို႔ KNDFက ဟိုမွာလည္း ရွိတယ္။ ဒီမွာလည္း ရွိတယ္ ဆိုတဲ့ဟာမ်ိဳး ျဖစ္လာမယ္ေပါ့ေလ။ အဲ့ေတာ့ အဲ့ဒီပုံစံအတိုင္းသြားေနတာပါပဲ။ “ လို႔ KNDFဦးေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္တဲ့ ကိုသိုက္က ေျပာပါတယ္။

KNDFမွာဆိုရင္ အေရအတြက္ အားျဖင့္ တပ္ရင္း(၁၈)ခုရွိၿပီးခဲ့ၿပီး ခုတိုးခ်ဲ႕ ဖြဲ႕စည္းလိုက္တဲ့ KNDF/ B-21 အပါအဝင္ဆိုရင္ ၁၉ ရင္းထိ ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ(၁)ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ KNDFရဲ့ ထုတ္ျပန္ခ်က္တစ္ခုမွာ တပ္ဖြဲ႕အင္အားေပါင္း ၆ေထာင္ေက်ာ္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

KNDFဟာဆိုရင္ ၂၀၂၁၊ ဇြန္လ(၇)ရက္ေန႔မွာ ဖြဲ႕စည္းတည္ေဆာက္မႈဆိုင္ရာ မူဝါဒ ေရးဆြဲအတည္ျပဳနိုင္ခဲ့ၿပီး ဦးေဆာင္ေကာ္မတီကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။

KNDFဟာဆိုရင္ အာဏာသိမ္းၿပီးေနာက္ပိုင္းမွ ေပၚေပါက္လာတဲ့ လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုျဖစ္ၿပီး ကရင္နီတပ္မေတာ္(KA) ရဲ့ စစ္ဦးစီးမႈေအာက္မွာ တိုက္ပြဲဝင္ေနတဲ့ အဖြဲ႕တစ္ခုျဖစ္သလို PDFျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔လည္း ခ်ိတ္ဆက္ၿပီး စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္ေနပါတယ္။

စစ္သင္တန္းတက္ေနၾကတဲ့ KNDF တပ္ဖြဲ႕ဝင္မ်ား (ဓါတ္ပုံ – KNDF B-21)
KantarawaddyTime