ၾကားသိသမွ်

အပစ်အခတ် မဖြစ်ရေး ညှိနှိင်းရေးအဖွဲမှာ ပါဝင်ဖို စစ်ကောင်စီ ကမ်းလှမ်းမှုအပေါ် အရေးတယူ လုပ်ဖို မရှိဘူးလို KNU တုံပြန်

အပစ်အခတ် မဖြစ်ရေး ညှိနှိင်းရေးအဖွဲမှာ ပါဝင်ဖို စစ်ကောင်စီ ကမ်းလှမ်းမှုအပေါ် အရေးတယူ လုပ်ဖို မရှိဘူးလို KNU တုံပြန်

ကရင်ပြည်နယ်အတွင်း အပစ်အခတ် မဖြစ်စေရေးအတွက် ဒေသတွင်း ညှိနှိင်းရေးအဖွဲ ဖွဲစည်းထားတဲ့အတွက်ကြောင့် အဲဒီအဖွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ပါဝင်ပေးဖို စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့ပါတယ်။

အပစ်အခတ် မဖြစ်ရေး ဒေသအတွင်း ညှိနှိင်းရေးအဖွဲမှာ KNU ပါဝင်ပေးဖို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က မတ်လ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး KNU ဗဟိုနဲ့ ဘားအံမြို တပ်မဟာများ ဆက်ဆံရေးရုံးကို စာပို ကမ်းလှမ်းလာတာပါ။

စစ်ကောင်စီက အပစ်ရပ်ရေးအတွက် အက်ကြောင်းထပ်အောင် ပြောဆိုနေပေမယ့် မြေပြင်မှာ တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်နေတဲ့အတွက်ကြောင့် အခုကမ်းလှမ်းမှုအပေါ် အရေးတယူ လုပ်ဖို မရှိဘူးလို KNU ပြောခွင့်ရ ပဒိုစောတေားနီက တုံပြန်ပြောဆိုလိုက်ပါတယ်။

“ သူတို့ပြောတာတွေလည်း အက်ကြောင်းထပ်နေပြီး ။ လူတွေကို သတ်တယ် မီးရှို့တယ် ရွာတွေကို ဖျက်စီးတယ်။ အဲ့တာတွေကို ရပ်ပါလို့ပြောတော့ မရပ်ဘူး။ အဲ့တာတွေကို မရပ်ဘဲ ငြိမ်းချမ်းရေးအကြောင်းပြောမယ်ဆိုရင် ဘာမှအရေးတယူလုပ်လို့ မရဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် လေးကေကော်နဲ့ ကော့ကရိတ်တောင်ပိုင်းက စစ်ကောင်စီတပ်တွေ ထွက်ခွာပေးဖို့ မတ်လ ၇ ရက်နေ့မှာ စာပို့ခဲ့ပေမယ့် စစ်ကောင်စီဘက်က တပ်ဆုတ်ပေးတာ မရှိဘဲ တပ်အင်အား ထပ်တိုးလာတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတယ်လို့ ပဒိုစောတေားနီက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ ပါးစပ်က ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေပေမယ့် မြေပြင်မှာ အရပ်သားပြည်သူတွေ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တာနဲ့ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတဲ့အတွက်ကြောင့် KNU အနေနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက်သာ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အပစ္အခတ္ မျဖစ္ေရး ညႇိႏွိင္းေရးအဖြဲမွာ ပါဝင္ဖို စစ္ေကာင္စီ ကမ္းလွမ္းမႈအေပၚ အေရးတယူ လုပ္ဖို မရွိဘူးလို KNU တုံျပန္

ကရင္ျပည္နယ္အတြင္း အပစ္အခတ္ မျဖစ္ေစေရးအတြက္ ေဒသတြင္း ညႇိႏွိင္းေရးအဖြဲ ဖြဲစည္းထားတဲ့အတြက္ေၾကာင့္ အဲဒီအဖြဲမွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU အေနနဲ႔ ပါဝင္ေပးဖို စစ္ေကာင္စီဘက္က ကမ္းလွမ္းခဲ့ပါတယ္။

အပစ္အခတ္ မျဖစ္ေရး ေဒသအတြင္း ညႇိႏွိင္းေရးအဖြဲမွာ KNU ပါဝင္ေပးဖို စစ္ေကာင္စီရဲ့ ကရင္ျပည္နယ္ လုံျခဳံေရးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီး မ်ိဳးမင္းေနာင္က မတ္လ ၂၃ ရက္ေန႔မွာ လက္မွတ္ေရးထိုးၿပီး KNU ဗဟိုနဲ႔ ဘားအံၿမိဳ တပ္မဟာမ်ား ဆက္ဆံေရး႐ုံးကို စာပို ကမ္းလွမ္းလာတာပါ။

စစ္ေကာင္စီက အပစ္ရပ္ေရးအတြက္ အက္ေၾကာင္းထပ္ေအာင္ ေျပာဆိုေနေပမယ့္ ေျမျပင္မွာ တိုက္ပြဲေတြ ဆက္လက္ ေဖာ္ေဆာင္ေနတဲ့အတြက္ေၾကာင့္ အခုကမ္းလွမ္းမႈအေပၚ အေရးတယူ လုပ္ဖို မရွိဘူးလို KNU ေျပာခြင့္ရ ပဒိုေစာေတားနီက တုံျပန္ေျပာဆိုလိုက္ပါတယ္။

“ သူတို႔ေျပာတာေတြလည္း အက္ေၾကာင္းထပ္ေနၿပီး ။ လူေတြကို သတ္တယ္ မီးရွို႔တယ္ ရြာေတြကို ဖ်က္စီးတယ္။ အဲ့တာေတြကို ရပ္ပါလို႔ေျပာေတာ့ မရပ္ဘူး။ အဲ့တာေတြကို မရပ္ဘဲ ၿငိမ္းခ်မ္းေရးအေၾကာင္းေျပာမယ္ဆိုရင္ ဘာမွအေရးတယူလုပ္လို႔ မရဘူး” လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေလးေကေကာ္နဲ႔ ေကာ့ကရိတ္ေတာင္ပိုင္းက စစ္ေကာင္စီတပ္ေတြ ထြက္ခြာေပးဖို႔ မတ္လ ၇ ရက္ေန႔မွာ စာပို႔ခဲ့ေပမယ့္ စစ္ေကာင္စီဘက္က တပ္ဆုတ္ေပးတာ မရွိဘဲ တပ္အင္အား ထပ္တိုးလာတဲ့အတြက္ေၾကာင့္ တိုက္ပြဲေတြ ပိုမို ျပင္းထန္လာတယ္လို႔ ပဒိုေစာေတားနီက ေျပာပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီဟာ ပါးစပ္က ၿငိမ္းခ်မ္းေရးအေၾကာင္း ေျပာဆိုေနေပမယ့္ ေျမျပင္မွာ အရပ္သားျပည္သူေတြ အၾကမ္းဖက္ ႏွိပ္စက္သတ္ျဖတ္တာနဲ႔ တိုက္ပြဲေတြ ဆက္လက္ေဖာ္ေဆာင္ေနတဲ့အတြက္ေၾကာင့္ KNU အေနနဲ႔ စစ္အာဏာရွင္ အျမစ္ျပဳတ္ေရးအတြက္သာ ဆက္လက္ ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္တို႔ၾကား တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို အဲဒီတိုက္ပြဲေတြေၾကာင့္ အရပ္သားျပည္သူ သိန္းနဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။