ၾကားသိသမွ်

” အာဏာသိမ်းခေါင်းဆောင်နှင့် ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ တောင်းဆိုလိုက်ခြင်း “

” အာဏာသိမ်းခေါင်းဆောင်နှင့် ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ တောင်းဆိုလိုက်ခြင်း ”

” မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို ခိုင်လုံသေချာတဲ့ အကြောင်းပြချက်တွေ တွေ့ရှိထားပါတယ် ” လို့ Yale Law School နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြေငြာလိုက်ပါတယ် ။

ဒီကြေငြာချက်ကို Nowhere is Safe ( ဘယ်မှာမှ မလုံခြုံတော့ဘူး ) လို့ ခေါင်းစဉ်ပေးထားပါတယ် ။ လူသတ်မှု့ ၊ ညှဉ်းပန်းနှိပ်စက်မှု့ ၊ အကျဉ်းချမှု့ ၊ အတင်းအဓမ္မ ခိုင်းစေမှု့ ၊ လူမဆန်မှု့တွေကို ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ် ။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ၊ ဒုတိယခေါင်းဆောင် စိုးဝင်းတို့အပါအဝင် ရာဇဝတ်မှု့ ကျူးလွန်နေတဲ့ အကြီးတန်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ နာမည်စာရင်း တင်ပြလိုက်ပါတယ် ။

” မြန်မာနိုင်ငံမှာ တရားမျှတမှု့ဟာ အလွန်လိုအပ်နေပါတယ် ။ ဒီအစီရင်ခံစာဟာ စုံစမ်းရေးအတွက် အခြေခံတွေ ရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ” လို့ Shell Center အဖွဲ့က Roger Polack က ပြောကြားထားပါတယ် ။

” အာဏာသိမ်းမှု့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို သေစေလောက်တဲ့ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့ပါတယ် ။ ဆန္ဒထုတ်ဖော်သူ အရပ်သားတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တယ် ။ မီဒီယာတွေကို ဖြိုခွင်းခဲ့တယ် ။

မျက်မြင်သက်သေနဲ့ ဗီဒီယိုသက်သေတွေအရ အရပ်သားတွေကို ကျည်ဆန်အစစ်နဲ့ စနိုက်ပါသုံးပြီး ပစ်သတ်ခဲ့တာ ၊ ပစ်သတ်နေတာတွေကို မှတ်တမ်းတင်ထားပါတယ် ။ ဒါဟာ အာဏာသိမ်းမှု့ကို ဆန့်ကျင်သူတွေကို အကြောက်တရားဖြစ်လာအောင် လုပ်ဆောင်နေတာပါ ” လို့ တင်ပြထားပါတယ် ။


သုံးသပ်ရရင်တော့ …၊ မြန်မာ့အရေးဟာ နိုင်ငံတကာက ဘယ်လိုပုံစံနဲ့ အဆုံးသတ်စေမလဲဆိုတာ ရုပ်လုံးပေါ်လာပါတယ် ။ ၂၁ ရာစု စစ်နည်းဗျူဟာသစ်အရ နိုင်ငံတကာရဲ့ အဆုံးသတ်ချင်တဲ့ပုံစံဟာ ရိုဟင်ဂျာဂျီနိုဆိုက် ၊ စီးပွားရေးဆန်ရှင် ၊ လက်နက်ပိတ်ပင်ရေး ၊ ဥပဒေနည်းလမ်းအတိုင်း ဆွဲခေါ်နေတယ်လို့ ယူဆရပါတယ် ။

အမေရိကန်ကတော့ မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်အမှု့ ကျူးလွန်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ် ။ ဒီပြောကြားချက်အတိုင်း မြန်မာစစ်တပ်ကို အရေးယူပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကုလကို တောင်းဆိုလာကြပါတယ် ။ မြန်မာစစ်တပ်က ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို အမည်စာရင်းနဲ့တကွ အရေးယူပေးဖို့ တောင်းဆိုလိုက်တာပါ ။

ဘကြီးအောင် LA
24 March, 2022