ၾကားသိသမွ်

ကျည်ထွက်အား ပေ ၅၀၀ ရှိတဲ့ သေနတ်ကို Young Fighters PDF Myaung အဖွဲ ထုတ်လုပ်နိုင်

ကျည်ထွက်အား ပေ ၅၀၀ ရှိတဲ့ သေနတ်ကို Young Fighters PDF Myaung အဖွဲ့ ထုတ်လုပ်နိုင်

စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ စစ်ကိုင်းတိုင်၊ မြောင်မြို့နယ်အခြေစိုက် Young Fighters People’s Defence Force of Myaung အဖွဲ့က ကျည်ထွက်အား ပေ ၅၀၀ အထိ ပြေးတဲ့သေနတ်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှာ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီသေနတ်တလက် ပြုလုပ်ပြီးစီးဖို့အတွက် ၃ လကျော် ကြာခဲ့တယ်လို့ Young Fighters People’s Defence Force Myaung အဖွဲ့တာဝန်ခံ ကိုဒေးက ပြောပါတယ်။


“ ခုလိုသေနတ်တလက်ဖြစ်လာဖို့ ၃ လကျော်ကျော်ကြာခဲ့ပါတယ်၊ မတ်လ ၁၉ ရက်နေ့က စမ်းသပ်အောင်မြင်ခဲ့ပါတယ်၊ ကျည်ထွက်အားက ပေ ၅၀၀ ကျော်ကျော်ထိ damage ပြင်းတယ်ဗျ၊ သေနတ်ထုတ်တဲ့နေရာမှာ အဓိကကတော့ ပြောင်းနဲ့ နည်းပညာပိုင်းပါ၊” လို့ သူကပြောပါတယ်။

ပြည်ပက လစဥ်ထောက်ပံ့ငွေရရှိပေမယ့် လက်တလောမှာကိုယ်တိုင်အိတ်စိုက် ထုတ်လုပ်ရတာတွေလည်းရှိနေပြီး၊ တော်လှန်ရေးတပ်သားတွေ အထိခိုက်ကျဆုံးနည်းအောင်တော့ ရှေ့ဆက်ပြီး လက်နက်တွေကိုထုတ်လုပ်သွားမှာလို့ တာဝန်ခံကိုဒေးက ဆက်ပြောပါတယ်။


“ကျနော်တို့ဘက်ကတော်လှန်ရေးတပ်သားတွေ အထိခိုက်အကျဆုံးနည်းအောင် ကိုယ်တွယ်အသုံးပြုနိုင်အောင်ထုတ်လုပ်ဖြန့်ဝေပေးသွားမှာပါ၊ သေနတ်တလက်ကို သိန်း ၈၀ နဲ့ သိန်း ၉၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေရှိသင့်တယ်၊ သေနတ်ထုတ်လုပ်ဖို့အတွက် ပုံမှန်ပြည်ပက လစဉ်လှူတာတော့ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ကိုယ်ပိုင် အိတ်စိုက်တွေနဲ့ သွားရတာပါ၊” လို့ သူက ဆက်ပြောပါတယ်။



#မြေလတ်အသံ







Young Fighters People’s Defence Force Myaung အဖှဲ့ဟာ ေမြာင်မြိဳ႕နယ်အတွင်း စစ်ေကာင်စီကို ေတာ်လွန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ေရးတပ်ဖွဲ႕တခုဖြစ်ပြီး၊ ပြီဲးခဲ့တဲ့ဇန်နဝါရီ ၂၀ ရက်ေန႔ကလည်း စစ်သားနဲ႔ ပြူစောထီးတှေ စီးလာတဲ့ ကားတစီးကို ဆီမီးခုံမွို့တောငျဘကျ ကတောရှာကွားမှာ မဟာမိတျအဖှဲ့တှနေဲ့ ပူးေပါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါေသးတယ်။

#ေျမလတ္အသံ