ၾကားသိသမွ်

လေးကေကော် -ဝေါလေ ဒေသဘက် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ

လေးကေကော် -ဝေါလေ ဒေသဘက် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ
မတ်လ ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆နယ်မြေ၊ မြဝတီတောင်ဘက် ဒေါန တောင်အရှေ့ခြမ်း လေးကေကော် – သေ့ဘောဘိုး -ဝေါလေ ဒေသဘက်သို့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ အင်အားတိုးချဲ့လာသဖြင့် မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲ ၄ နေရာ ဖြစ်ပွားနေ ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

“မနေ့က လေးကေကော်၊ မယ့်ထော်သလေး ဘက်ကနေ BGF ရော စစ်ကောင်စီတပ်တွေရော ပေါင်းထားတဲ့ အင်အား ၁၀၀ လောက်ပါတဲ့စစ်ကြောင်းက ကား၁၀ စီးကျော်နဲ့ နေ့ခင်းပိုင်းလောက်က ကဆောဝါးလေး တောင်ကြောလမ်းကနေ ဝေါလေဘက် ကနဲလေးဘက်ကို တက်ဖို့ လုပ်လာတာမှာ လမ်းက ဖြတ်ပိတ်ထားတော့ ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်နေတာပေါ့နော်၊ လေးကေကော် ရသေ့ဂူ ၊ ဗျူးပွိုင့် ပြတိုက်ကုန်း နဲ့ ဝေါလေ ကဆောဝါးလေးတောင် သုံးထပ်ကွေ့ ၊ ပဒူအုံ နေရာတွေ မှာ ဒီမနက် အထိပစ်နေတုန်းဘဲ၊ အထက် ဝေါလေ -သေ့ဘောဘိုး စစ်ကောင်စီစခန်းဘက် မှာလည်း တိုက်ပွဲ ဖြစ်နေတယ်၊ လက်နက်ကြီးက ပစ်ကူပေး နေတယ် ဆက်တိုက်ပဲ”ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

အဆိုပါ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် သေ့ဘောဘိုး၊ ဝေါ်လေ၊ ဥကရစ်ထာ့ ကျေးရွာ အုပ်စုများမှ ထောင်နှင့်ချီသော စစ်ဘေးရှောင်ဒေသခံပြည်သူများသည် အသက်ဘေးလွတ်မြောက်ရာသို့ ပြေးရှောင်နေကြဟု သိရသည်။

တပ်မဟာ ၆ ဒေသအတွင်း လေးကေကော် ၊ ဝေါလေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် နှင့် မြဝတီမြို့ အနီးဝန်းကျင်အထိ တိုက်ပွဲများ နေရာစုံ ဆက်လက် ဖြစ်ပွားလာနေသည့်အတွက် ဒေသအတွင်း ဆက်သွယ် သွားလာရေး လမ်းကြောင်းများ ပြတ်တောက်သွားပြီဟု ဒေသခံ ရွာသားများက ပြောသည်။

လက်ရှိတွင် အဆိုပါ ဒေသတွင်းမှ စစ်ဘေးရှောင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ တိုက်ပွဲလွတ်ရာ အိုးအိမ်စွန်ခွာ ထွက်ပြေး ရှောင်တိမ်း နေရသူ လူဦးရေးနှစ်သောင်းနီးပါး အထိမြင့်တက်လာနေပြီး စားသောက်စရာ နေရာထိုင်ခင်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆေးဝါး အကူအညီများလိုအပ်နေကြောင်း ထိုင်း-မြန်မာ နယ်စပ် စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရှိရသည်။

#KIC…..Photo_ကေဆာဝါး(ေကအိုင္စီ)📌

ေလးေကေကာ္ -ေဝါေလ ေဒသဘက္ တိုက္ပြဲ ၄ ေနရာ ျဖစ္ပြားေန
မတ္လ ၂၄ရက္၊ ၂၀၂၂ ခုႏွစ္။ ေကအိုင္စီ

KNU -ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၆နယ္ေျမ၊ ျမဝတီေတာင္ဘက္ ေဒါန ေတာင္အေရွ႕ျခမ္း ေလးေကေကာ္ – ေသ့ေဘာဘိုး -ေဝါေလ ေဒသဘက္သို႔ စစ္ေကာင္စီ စစ္ကူစစ္ေၾကာင္းမ်ား အင္အားတိုးခ်ဲ႕လာသျဖင့္ မတ္လ ၂၄ ရက္ ယေန႔နံနက္ပိုင္းအထိ တိုက္ပြဲ ၄ ေနရာ ျဖစ္ပြားေန ေၾကာင္း စစ္ေရးသတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။

“မေန႔က ေလးေကေကာ္၊ မယ့္ေထာ္သေလး ဘက္ကေန BGF ေရာ စစ္ေကာင္စီတပ္ေတြေရာ ေပါင္းထားတဲ့ အင္အား ၁၀၀ ေလာက္ပါတဲ့စစ္ေၾကာင္းက ကား၁၀ စီးေက်ာ္နဲ႔ ေန႔ခင္းပိုင္းေလာက္က ကေဆာဝါးေလး ေတာင္ေၾကာလမ္းကေန ေဝါေလဘက္ ကနဲေလးဘက္ကို တက္ဖို႔ လုပ္လာတာမွာ လမ္းက ျဖတ္ပိတ္ထားေတာ့ ညေနပိုင္းမွာ တိုက္ပြဲ ျဖစ္ေနတာေပါ့ေနာ္၊ ေလးေကေကာ္ ရေသ့ဂူ ၊ ဗ်ဴးပြိဳင့္ ျပတိုက္ကုန္း နဲ႔ ေဝါေလ ကေဆာဝါးေလးေတာင္ သုံးထပ္ေကြ႕ ၊ ပဒူအုံ ေနရာေတြ မွာ ဒီမနက္ အထိပစ္ေနတုန္းဘဲ၊ အထက္ ေဝါေလ -ေသ့ေဘာဘိုး စစ္ေကာင္စီစခန္းဘက္ မွာလည္း တိုက္ပြဲ ျဖစ္ေနတယ္၊ လက္နက္ႀကီးက ပစ္ကူေပး ေနတယ္ ဆက္တိုက္ပဲ”ဟု စစ္ေရးသတင္းအရင္းအျမစ္တစ္ခုက ေျပာသည္။

အဆိုပါ ျဖစ္ပြားသည့္ တိုက္ပြဲေၾကာင့္ ေသ့ေဘာဘိုး၊ ေဝၚေလ၊ ဥကရစ္ထာ့ ေက်းရြာ အုပ္စုမ်ားမွ ေထာင္ႏွင့္ခ်ီေသာ စစ္ေဘးေရွာင္ေဒသခံျပည္သူမ်ားသည္ အသက္ေဘးလြတ္ေျမာက္ရာသို႔ ေျပးေရွာင္ေနၾကဟု သိရသည္။

တပ္မဟာ ၆ ေဒသအတြင္း ေလးေကေကာ္ ၊ ေဝါေလ၊ ၾကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္ ႏွင့္ ျမဝတီၿမိဳ႕ အနီးဝန္းက်င္အထိ တိုက္ပြဲမ်ား ေနရာစုံ ဆက္လက္ ျဖစ္ပြားလာေနသည့္အတြက္ ေဒသအတြင္း ဆက္သြယ္ သြားလာေရး လမ္းေၾကာင္းမ်ား ျပတ္ေတာက္သြားၿပီဟု ေဒသခံ ရြာသားမ်ားက ေျပာသည္။

လက္ရွိတြင္ အဆိုပါ ေဒသတြင္းမွ စစ္ေဘးေရွာင္ ေက်းရြာ ၂၀ ခန႔္မွ ေဒသခံမ်ား တိုက္ပြဲလြတ္ရာ အိုးအိမ္စြန္ခြာ ထြက္ေျပး ေရွာင္တိမ္း ေနရသူ လူဦးေရးႏွစ္ေသာင္းနီးပါး အထိျမင့္တက္လာေနၿပီး စားေသာက္စရာ ေနရာထိုင္ခင္း ႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ ေဆးဝါး အကူအညီမ်ားလိုအပ္ေနေၾကာင္း ထိုင္း-ျမန္မာ နယ္စပ္ စစ္ေဘးေရွာင္အေရး ကူညီေနသူမ်ားထံမွ သိရွိရသည္။

#KIC…..Photo_ေကဆာဝါး(ေကအိုငၥီ)📌