ၾကားသိသမွ်

တရုတ်လေယာဉ်ပျက်ကျရာတွင် သေဆုံးသွားသည့် ကချင်လူမျိုး ၇ ဦးအတွက် ဝမ်းနည်းကြောင်း KIO ထုတ်ပြန်

တရုတ်လေယာဉ်ပျက်ကျရာတွင် သေဆုံးသွားသည့် ကချင်လူမျိုး ၇ ဦးအတွက် ဝမ်းနည်းကြောင်း KIO ထုတ်ပြန်

24|March.2022

ပြီးခဲ့သည့် လေးရက်က တရုတ်နိုင်ငံအတွင်း ပျက်ကျခဲ့သည့် လေယာဉ်ပေါ်လိုက်ပါသွားသည့် ကချင်လူမျိုုး ခုနှစ်ဦးနှင့်ပတ်သက်ပြီး မိသားစု၊ ဆွေမျိုးသားချင်းများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ကချင်လွတ်မြောက်ရေးတပ်(KIO/KIA) က ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၏ စာပေနှင့်ရိုးရာယဉ်ကျေးမှုဌာနချုပ်မှ ဂျိန်းဖော့ဘာသာစကားဖြင့် မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားခဲ့သော ကချင်လူမျိုး ခုနစ်ဦးအတွက် မိသားစု၊ ဆွေမျိုးသားချင်း၊ တရုတ်နိုင်ငံသား ကချင်လူမျိုးများအားလုံးအပြင် တရုတ်နိုင်ငံအစိုးရနည်းတူ များစွာစိတ်မကောင်းဖြစ်မိပါကြောင်း နှင့် နောက်​နှောင် ယခုလို အဖြစ်ဆိုးနှင့် မကြုံစေရန် ဆုတောင်းပေးနေကြောင်း ထုတ်ပြန်စာတွင် ရေးသားထားသည်။

လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားသောသူများမှာ ဦးလဂွေယိန်းဒိန် ဒေါ်ဒွမ်ဒေါ့ထုရောင်နှင့် အသက် ၁၅ နှစ်အရွယ်‌ မောင်ယိန်းကျန်းနှင့် အခြားလေးဦးတို့ဖြစ်ကြောင်း သိ ရ

ပျက်ကျသွားသော လေယာဉ်၏ ပျံသန်းမှုခရီးစဉ်ကို မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ (Blackbox) ကို ယမန်နေ့က တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။


လေယာဉ်ပျက်ကျရခြင်း၏အကြောင်းအရင်းကို လက်ရှိချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

ခရီးသည်ပေါင်း ၁၃၂ ဦး လိုက်ပါလာသော China Eastern လေယာဉ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှ ကွမ်ရှီးမြို့သို့ မတ်လ ၂၁ ရက်နေ့က ပျံသန်းလာစဉ် ကွမ်ရှီးမြို့၏ တောင်ပိုင်းရှိ တောထဲတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


China Eastern လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လေကြောင်းလိုင်း သုံးခုမှ တစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံ၏ ၂၀၁၀ သန်းခေါင်စာရင်းအရ ယူနန်ပြည်နယ်တွင် ကချင်လူမျိုး တစ်သိန်းခွဲနေထိုင်ပြီး ရိုးရာမနောင်ပွဲကိုလည်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသည်။

ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၁၃ ခုနစ်က တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ထောင်နှင့်ချီသော ကချင်လူမျိုးများသည် ရိုးရာဓါးများလွယ်ကာ စစ်ကူတိုက်မည်ဟုဆိုကာ လိုင်ဇာမြို့အနီးထိရောက်ရှိလာခဲ့ဖူးသည်။

တ႐ုတ္ေလယာဥ္ပ်က္က်ရာတြင္ ေသဆုံးသြားသည့္ ကခ်င္လူမ်ိဳး ၇ ဦးအတြက္ ဝမ္းနည္းေၾကာင္း KIO ထုတ္ျပန္
24|March.2022

ၿပီးခဲ့သည့္ ေလးရက္က တ႐ုတ္နိုင္ငံအတြင္း ပ်က္က်ခဲ့သည့္ ေလယာဥ္ေပၚလိုက္ပါသြားသည့္ ကခ်င္လူမ်ိဳုး ခုႏွစ္ဦးႏွင့္ပတ္သက္ၿပီး မိသားစု၊ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ထပ္တူ ဝမ္းနည္းေၾကာင္း ကခ်င္လြတ္ေျမာက္ေရးတပ္(KIO/KIA) က ထုတ္ျပန္ခဲ့သည္။

အဆိုပါထုတ္ျပန္ခ်က္ကို ကခ်င္လြတ္ေျမာက္ေရးတပ္ (KIO/KIA) ၏ စာေပႏွင့္ရိုးရာယဥ္ေက်းမႈဌာနခ်ဳပ္မွ ဂ်ိန္းေဖာ့ဘာသာစကားျဖင့္ မတ္လ ၂၂ ရက္ေန႔က ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

ေလယာဥ္ပ်က္က်ရာတြင္ ပါဝင္သြားခဲ့ေသာ ကခ်င္လူမ်ိဳး ခုနစ္ဦးအတြက္ မိသားစု၊ ေဆြမ်ိဳးသားခ်င္း၊ တ႐ုတ္နိုင္ငံသား ကခ်င္လူမ်ိဳးမ်ားအားလုံးအျပင္ တ႐ုတ္နိုင္ငံအစိုးရနည္းတူ မ်ားစြာစိတ္မေကာင္းျဖစ္မိပါေၾကာင္း ႏွင့္ ေနာက္​ေႏွာင္ ယခုလို အျဖစ္ဆိုးႏွင့္ မၾကဳံေစရန္ ဆုေတာင္းေပးေနေၾကာင္း ထုတ္ျပန္စာတြင္ ေရးသားထားသည္။

ေလယာဥ္ပ်က္က်ရာတြင္ ပါဝင္သြားေသာသူမ်ားမွာ ဦးလေဂြယိန္းဒိန္ ေဒၚဒြမ္ေဒါ့ထုေရာင္ႏွင့္ အသက္ ၁၅ ႏွစ္အရြယ္‌ ေမာင္ယိန္းက်န္းႏွင့္ အျခားေလးဦးတို႔ျဖစ္ေၾကာင္း သိ ရ

ပ်က္က်သြားေသာ ေလယာဥ္၏ ပ်ံသန္းမႈခရီးစဥ္ကို မွတ္တမ္းတင္ေပးသည့္ စက္ကိရိယာ (Blackbox) ကို ယမန္ေန႔က ေတြ႕ရွိခဲ့ေၾကာင္း ဆင္ဟြာသတင္းဌာနတြင္ ေဖာ္ျပထားသည္။

ေလယာဥ္ပ်က္က်ရျခင္း၏အေၾကာင္းအရင္းကို လက္ရွိခ်ိန္ထိ သတင္းထုတ္ျပန္ျခင္းမရွိေသးပါ။

ခရီးသည္ေပါင္း ၁၃၂ ဦး လိုက္ပါလာေသာ China Eastern ေလယာဥ္သည္ တ႐ုတ္နိုင္ငံ၊ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕မွ ကြမ္ရွီးၿမိဳ႕သို႔ မတ္လ ၂၁ ရက္ေန႔က ပ်ံသန္းလာစဥ္ ကြမ္ရွီးၿမိဳ႕၏ ေတာင္ပိုင္းရွိ ေတာထဲတြင္ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

China Eastern ေလေၾကာင္းလိုင္းသည္ တ႐ုတ္နိုင္ငံ၏ နိုင္ငံပိုင္ေလေၾကာင္းလိုင္း သုံးခုမွ တစ္ခု ျဖစ္သည္။
တ႐ုတ္နိုင္ငံ၏ ၂၀၁၀ သန္းေခါင္စာရင္းအရ ယူနန္ျပည္နယ္တြင္ ကခ်င္လူမ်ိဳး တစ္သိန္းခြဲေနထိုင္ၿပီး ရိုးရာမေနာင္ပြဲကိုလည္း ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပလၽွက္ရွိသည္။

ကခ်င္ေဒသတြင္ တိုက္ပြဲျပင္းထန္ခဲ့သည့္ ၂၀၁၃ ခုနစ္က တ႐ုတ္နိုင္ငံယူနန္ျပည္နယ္မွ ေထာင္ႏွင့္ခ်ီေသာ ကခ်င္လူမ်ိဳးမ်ားသည္ ရိုးရာဓါးမ်ားလြယ္ကာ စစ္ကူတိုက္မည္ဟုဆိုကာ လိုင္ဇာၿမိဳ႕အနီးထိေရာက္ရွိလာခဲ့ဖူးသည္။