ၾကားသိသမွ်

အားကိုးသူများ၏ အသက်အိုးအိမ်အာမခံချက် အပြည့်အဝမပေးနိုင်ဟု စစ်ကောင်စီပြော

အားကိုးသူများ၏ အသက်အိုးအိမ်အာမခံချက် အပြည့်အဝမပေးနိုင်ဟု စစ်ကောင်စီပြော

အာဏာသိမ်းထားပြီး စစ်တပ်မှဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရအပေါ် ထောက်ခံအားကိုးသည့် ပြည်သူများအတွက် အသက်အိုးအိမ်အာမခံချက် အပြည့်အဝမပေးနိုင်ကြောင်း စစ်ကောင်စီအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်း က ပြောသည်။

အိမ်စောင့်အစိုးရမှ နိုင်ငံသူနိုင်ငံသားတွေအပေါ် အသက်အိုးအိမ်စည်းစိမ်အတွက် အာမခံချက်ဘယ်လောက်ပေးနိုင်မည်လဲဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ထောက်ခံသူတစ်ဦး၏ မေးမြန်းချက်အပေါ် စစ်ကောင်စီမှ ဇော်မင်းထွန်း က အထက်ပါအတိုင်းပြန်ပြောခြင်းဖြစ်သည်။


“ ဒါတွေနဲ့ပတ်သက်ပြီး အာမခံချက်ဘယ်ချိန် ပေးနိုင်မလဲဆိုတာ ပြောဖို့ခက်တယ်၊ ဘယ်နိုင်ငံမှာမှ ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးအာမခံချက်ဆိုတာတော့ မရှိဘူး၊ ကျနော်တို့ ပြောနိုင်တာက တတ်နိုင်သမ ျှ တည်ငြိမ်အေးချမ်းအောင် တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်လျက်ရှိတယ်” ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း က ပြောသည်။

စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်သည့် စစ်ကိုင်းတိုင်းမှ ကျေးရွာအချို့ထိခိုက်ပျက်ဆီးမှုများရှိကြောင်း ဇော်မင်းထွန်းက ပြောသည်။ စစ်ကောင်စီပြောခွင့်ရသူ ပြောကြားချက်များသည် စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာများတွင် စစ်တပ်မှ စစ်သင်တန်းပေးနေသည့် ပျူစောထီးအဖွဲ့များအား ရည်ရွယ်ပြောကြားခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတွင်မူ ပျူစောထီးအဖွဲ့များဟု ထည့်သွင်းပြောခြင်း မရှိခဲ့ပါ။


အသက်အိုးအိမ်အာမခံချက် မပေးနိုင်သော်လည်း စစ်ကောင်စီထောက်ခံပြီး သေဆုံးသွားသည်သူများကိုမူ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်နှင့် ဆုတံဆိပ်များ၊ ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။

အားကိုးသူမ်ား၏ အသက္အိုးအိမ္အာမခံခ်က္ အျပည့္အဝမေပးနိုင္ဟု စစ္ေကာင္စီေျပာ

အာဏာသိမ္းထားၿပီး စစ္တပ္မွဖြဲ႕စည္းထားသည့္ အိမ္ေစာင့္အစိုးရအေပၚ ေထာက္ခံအားကိုးသည့္ ျပည္သူမ်ားအတြက္ အသက္အိုးအိမ္အာမခံခ်က္ အျပည့္အဝမေပးနိုင္ေၾကာင္း စစ္ေကာင္စီအဖြဲ႕ ျပန္ၾကားေရးတာဝန္ခံ ေဇာ္မင္းထြန္း က ေျပာသည္။

အိမ္ေစာင့္အစိုးရမွ နိုင္ငံသူနိုင္ငံသားေတြအေပၚ အသက္အိုးအိမ္စည္းစိမ္အတြက္ အာမခံခ်က္ဘယ္ေလာက္ေပးနိုင္မည္လဲဟု ယေန႔ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ စစ္တပ္ေထာက္ခံသူတစ္ဦး၏ ေမးျမန္းခ်က္အေပၚ စစ္ေကာင္စီမွ ေဇာ္မင္းထြန္း က အထက္ပါအတိုင္းျပန္ေျပာျခင္းျဖစ္သည္။

“ ဒါေတြနဲ႔ပတ္သက္ၿပီး အာမခံခ်က္ဘယ္ခ်ိန္ ေပးနိုင္မလဲဆိုတာ ေျပာဖို႔ခက္တယ္၊ ဘယ္နိုင္ငံမွာမွ ၁၀၀ ရာခိုင္ႏႈန္း လုံျခဳံေရးအာမခံခ်က္ဆိုတာေတာ့ မရွိဘူး၊ က်ေနာ္တို႔ ေျပာနိုင္တာက တတ္နိုင္သမ ၽွ တည္ၿငိမ္ေအးခ်မ္းေအာင္ တရားဥပေဒစိုးမိုးေအာင္ ေဆာင္ရြက္လ်က္ရွိတယ္” ဟု စစ္ေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဇာ္မင္းထြန္း က ေျပာသည္။

စစ္တပ္ႏွင့္ပူးေပါင္းေဆာင္ရြက္သည့္ စစ္ကိုင္းတိုင္းမွ ေက်းရြာအခ်ိဳ႕ထိခိုက္ပ်က္ဆီးမႈမ်ားရွိေၾကာင္း ေဇာ္မင္းထြန္းက ေျပာသည္။ စစ္ေကာင္စီေျပာခြင့္ရသူ ေျပာၾကားခ်က္မ်ားသည္ စစ္ကိုင္းတိုင္းအတြင္းမွ ေက်းရြာမ်ားတြင္ စစ္တပ္မွ စစ္သင္တန္းေပးေနသည့္ ပ်ဴေစာထီးအဖြဲ႕မ်ားအား ရည္ရြယ္ေျပာၾကားျခင္းျဖစ္ၿပီး သတင္းစာရွင္းလင္းပြဲတြင္မူ ပ်ဴေစာထီးအဖြဲ႕မ်ားဟု ထည့္သြင္းေျပာျခင္း မရွိခဲ့ပါ။

အသက္အိုးအိမ္အာမခံခ်က္ မေပးနိုင္ေသာ္လည္း စစ္ေကာင္စီေထာက္ခံၿပီး ေသဆုံးသြားသည္သူမ်ားကိုမူ အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္က ဂုဏ္ထူးေဆာင္ႏွင့္ ဆုတံဆိပ္မ်ား၊ ေထာက္ပံ့ေငြမ်ား ခ်ီးျမႇင့္ခဲ့သည္။