ၾကားသိသမွ်

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ပြည်သူ့သားကောင်းများကို NUG ဂုဏ်ပြုတွေ့ဆုံ

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ပြည်သူ့သားကောင်းများကို NUG ဂုဏ်ပြုတွေ့ဆုံ

–People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူများသည် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။


အဆိုပါ ‘ပြည်သူ့သားကောင်းများနှင့်တွေ့ဆုံပွဲ’ ကို မတ်လ ၁၉ ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင် အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။


ထို့အပြင် NUG ယာယီသမ္မတကြီးဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့သော အားပေးစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်ရှိ NUG၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဖော်ပြသည်။


ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့်ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန် သည်။

ဓာတ်ပုံ – NUG ကာကွယ်​ရေးဝန်ကြီးဌာန

ျပည္သူ႔ရင္ခြင္ခိုလႈံလာသူ ျပည္သူ႔သားေကာင္းမ်ားကို NUG ဂုဏ္ျပဳေတြ႕ဆုံ

–People’s Spring

အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)တာဝန္ရွိသူမ်ားသည္ ျပည္သူ႔ရင္ခြင္ခိုလႈံလာေသာ ျပည္သူ႔သားေကာင္း တပ္သား၊ရဲမ်ားႏွင့္ ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

အဆိုပါ ‘ျပည္သူ႔သားေကာင္းမ်ားႏွင့္ေတြ႕ဆုံပြဲ’ ကို မတ္လ ၁၉ ရက္တြင္ လြတ္ေျမာက္နယ္ေျမတစ္ေနရာ၌ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ေတြ႕ဆုံပြဲသို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရတာဝန္ရွိသူမ်ား၊ ျပည္သူ႔ရင္ခြင္ခိုလႈံေရးအစီအစဥ္ အေကာင္ အထည္ေဖာ္ေဆာင္မႈေကာ္မတီဝင္မ်ား၊ မဟာမိတ္ေတာ္လွန္ေရးအဖြဲ႕အစည္းမွ စစ္ဘက္၊အရပ္ဘက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ ျပည္သူ႔ရင္ခြင္ခိုလႈံလာေသာ တပ္သား၊ရဲသားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ထို႔အျပင္ NUG ယာယီသမၼတႀကီးဒူဝါလရွီးလႏွင့္ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္တို႔က ေပးပို႔ေသာ အားေပးစကားႏွင့္ ဂုဏ္ျပဳသဝဏ္လႊာမ်ားကို ဖတ္ၾကားခဲ့ၿပီး က်န္းမာေရးဝန္ႀကီးဌာနႏွင့္ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ားက လက္ရွိ NUG၏ လုပ္ငန္းမ်ားကို ရွင္းလင္းေျပာၾကားခဲ့သည္ဟု ေဖာ္ျပသည္။

ျပည္သူ႔ရင္ခြင္ခိုလႈံေရး အစီအစဥ္ အေကာင္အထည္ေဖာ္ေဆာင္မႈေကာ္မတီမွ တာဝန္ရွိသူမ်ားကလည္း ေကာ္မတီ၏ လက္ရွိလုပ္ေဆာင္ေနေသာ လုပ္ငန္းတာဝန္မ်ားႏွင့္ေရွ႕ဆက္လုပ္ေဆာင္မည့္ လုပ္ငန္းမ်ားကို ျပည္သူ႔သားေကာင္း တပ္သား၊ရဲမ်ားႏွင့္ အျပန္အလွန္ ပြင့္ပြင့္လင္းလင္း ရွင္းလင္းေဆြးေႏြးခဲ့သည္ဟု ထုတ္ျပန္ သည္။

ဓာတ္ပုံ – NUG ကာကြယ္​ေရးဝန္ႀကီးဌာန