ၾကားသိသမွ်

ပြည်ပ အကူမညီမရလဲ ပြည်တွင်းစီးပွါးရေးကို တိုးတက်အောင်ပြုလုပ်ပေးမယ်ဟုဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြော

ပြည်ပနိုင်ငံများနှင့်ဆက်ဆံရေး ရန်သူမရှိ၊မိတ်ဆွေသာရှိ မူဝါဒ ကျင့်သုံး

ပြည်ပနိုင်ငံများနှင့် ဆက်ဆံမှုတွင် အကယ်၍ ရန်သူဖြစ်နေရင်တောင် မိတ်ဆွေဖြစ်အောင် ဆောင်ရွက်မည်ဟု နိုင်ငံခြားဆက်ဆံရေးနှင့်

ပတ်သတ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၂)ကြိမ်မြောက် ယနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

မြန်မာက ကျင့်သုံးနေသည့် နိုင်ငံတကာဆက်ဆံရေးက ရန်သူမရှိ၊မိတ်ဆွေသာရှိသည်ဟုလည်း ၎င်းကထည့်သွင်းပြောဆိုခဲ့သည်။


ပြည်ပအကူအညီလိုအပ်သည်က မှန်သော်လည်း တိုင်းပြည်၏အင်အား သည် ပြည်တွင်းမှာသာရှိသည်ကို ယုံကြည်ထားသည့်အတွက်

ပြည်တွင်းအားကောင်းမွန်စေရန် နစကအနေဖြင့် ပြည်တွင်းစီးပွားရေးကို မြှင့်တင်သွားမည်ဟုပါ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်

ပြောဆိုခဲ့သည်။

ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်တင်သွင်းမှုအား အားပေးခဲ့၍ လူမှုစီးပွားအားနည်းချက်များ ရှိခဲ့

သည့်အတွက် ပြည်တွင်းထုတ်လုပ်မှုကိုအားပေးမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။


ဆက်၍ တိုင်းရင်းသားပြည်သူများပါဝင်သည့် နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို တည်ဆောက်သွားရန်လည်း ရှိကြောင်းပါ ထည့်သွင်းပြောဆိုသွားသည်။

ျပည္ပနိုင္ငံမ်ားႏွင့္ဆက္ဆံေရး ရန္သူမရွိ၊မိတ္ေဆြသာရွိ မူဝါဒ က်င့္သုံး

ျပည္ပနိုင္ငံမ်ားႏွင့္ ဆက္ဆံမႈတြင္ အကယ္၍ ရန္သူျဖစ္ေနရင္ေတာင္ မိတ္ေဆြျဖစ္ေအာင္ ေဆာင္ရြက္မည္ဟု နိုင္ငံျခားဆက္ဆံေ

ရးႏွင့္ ပတ္သတ္ၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏(၁၂)ႀကိမ္ေျမာက္ ယေန႔ သတင္းစာရွင္းလင္းပြဲတြင္ေျပာသည္။

ျမန္မာက က်င့္သုံးေနသည့္ နိုင္ငံတကာဆက္ဆံေရးက ရန္သူမရွိ၊မိတ္ေဆြသာရွိသည္ဟုလည္း ၎ကထည့္သြင္းေျပာဆိုခဲ့သည္။

ျပည္ပအကူအညီလိုအပ္သည္က မွန္ေသာ္လည္း တိုင္းျပည္၏အင္အား သည္ ျပည္တြင္းမွာသာရွိသည္ကို ယုံၾကည္ထားသည့္အတြက္ ျပည္တြင္း

အားေကာင္းမြန္ေစရန္ နစကအေနျဖင့္ ျပည္တြင္းစီးပြားေရးကို ျမႇင့္တင္သြားမည္ဟုပါ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာဆိုခဲ့သည္။

ထို႔အျပင္ ျပည္တြင္းထုတ္လုပ္မႈကို အားမေပးဘဲ ျပည္ပသြင္းကုန္တင္သြင္းမႈအား အားေပးခဲ့၍ လူမႈစီးပြားအားနည္းခ်က္မ်ား ရွိခဲ့သည့္အတြ

က္ ျပည္တြင္းထုတ္လုပ္မႈကိုအားေပးမည္ဟုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့ေသးသည္။

ဆက္၍ တိုင္းရင္းသားျပည္သူမ်ားပါဝင္သည့္ နိုင္ငံေတာ္ကာကြယ္ေရးစြမ္းအားကို တည္ေဆာက္သြားရန္လည္း ရွိေၾကာင္းပါ ထည့္သြင္းေျပာဆိုသြားသည္။