ၾကားသိသမွ်

အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီးဖြင့်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်တပ်ဖွဲ့

မြိုင်မြို့နယ် သရက်ကန်ကျေးရွာရှိ စစ်အုပ်စုစခန်း အတိုက်ခံရပြီး(၁၇)ဦးသေ

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး

စစ်အုပ်စု ၁၇ ဦး သေဆုံးခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။


သရက်ကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့ မြိုင်နယ်တောင်ပိုင်း တောင်လှန်ရေးအင်အားစုတွေကို မတ်လ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်အုပ်စုက ၁၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ကာ ယာယီစခန်းတစ်ခုလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။


စစ်အုပ်စုက သေဆုံးသူတွေကို သရက်ကန်ကျေးရွာ သုဿန်မှာ မြေမြုပ်ထားခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဓာတ်ပုံ- ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့

ၿမိဳင္ၿမိဳ႕နယ္ သရက္ကန္ေက်းရြာရွိ စစ္အုပ္စုစခန္း အတိုက္ခံရၿပီး(၁၇)ဦးေသ

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ သရက္ကန္ေက်းရြာမွာ တပ္စြဲထားတဲ့ အၾကမ္းဖက္စစ္အုပ္စုနဲ႔ ပ်ဴေစာထီးေတြရဲ့ စခန္းကို ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး စစ္အုပ္စု ၁၇ ဦး ေသဆုံးခဲ့တယ္လို႔ က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕က ဒီကေန႔ မတ္လ ၂၄ ရက္ေန႔မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

သရက္ကန္ေက်းရြာမွာ အင္အား ၁၀၀ ခန႔္နဲ႔ တပ္စြဲထားတဲ့ စစ္အုပ္စုနဲ႔ ပ်ဴေစာထီးေတြကို က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕နဲ႔ ၿမိဳင္နယ္ေတာင္ပိုင္း ေတာင္လွန္ေရးအင္အားစုေတြကို မတ္လ ၂၂ ရက္ေန႔ ည ၉ နာရီခန႔္မွာ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ဝိုင္းဝန္းပိတ္ဆို႔ၿပီး တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တိုက္ပြဲအတြင္းမွ အၾကမ္းဖက္စစ္အုပ္စုက ၁၇ ဦးေသဆုံးၿပီး ဒဏ္ရာရရွိခဲ့သူ အမ်ားအျပားရွိခဲ့ကာ ယာယီစခန္းတစ္ခုလည္း ပ်က္စီးသြားတယ္လို႔ ဆိုပါတယ္။

စစ္အုပ္စုက ေသဆုံးသူေတြကို သရက္ကန္ေက်းရြာ သုႆန္မွာ ေျမျမဳပ္ထားခဲ့တယ္လို႔ က်ားသစ္နက္ ေျပာက္က်ားတပ္ဖြဲ႕က ဆိုပါတယ္။
ဓာတ္ပုံ- က်ားသစ္နက္ ေျပာက္က်ားတပ္ဖြဲ႕